မီးဇာ စိတ်က အပြောင်းအလဲ မြန်လွန်းလှသည်။ ကိုစစ်အောင်နှင့် အိမ်နီးပါးချင်း ဖြစ်သော်လည်း မီးဇာ ခေါ်ချင်မှခေါ်သည်။ ပြောချင်မှလည်း ပြောသည်။ သို့သော် နောင်လတ် နှင့် ပတ်သက်လာသောအခါ ကိုစစ်အောင်ရဲ့ မိတ္တူကူးစက်ဆိုင်သို့ မကူးချင်ပဲလဲ ကူးလျက်၊ မသွားချင်ပဲလဲ သွားလျက် မီးဇာ အောက်ကျို့ခံလျက် အောက်စီးမှ ဆက်ဆံလာရသည်။ ထိုသို့ အောက်စီးမှ ဝင်ရသည်က အသဲအသက်မက ချစ်ရလွန်းသူ နောင်လတ်ကြောင့်ပဲ ဖြစ်သည်။
မီးဇာဟု ချစ်စနိုးခေါ်တတ်သော နောင်လတ်သည် ဇာနည်နွယ်ဟူသော မီးဇာရဲ့ နာမည်ရင်းကိုပင် ပျောက်အောင် မီးဇာကို လွှမ်းမိုးသူဖြစ်၏။ နောင်လတ်နှင့် (၁၀) တန်းမှာ ကတည်းက ချစ်ခဲ့ကြသည်။ နောင်လတ် မျက်နှာကို မြင်တိုင်း မီးဇာ ရင်ခံတတ်သည်။ နောင်လတ်၏ အကြည့်ပြာပြာဝေဝေလေးမှာ မီးခိုးမှိုင်းမိသော လိပ်ပြာလေးနှယ် ယစ်မှုးသွားချင်သည်။ ဤမျှအထိ နောင်လတ်ကို မီးဇာ ချစ်ခဲ့ရပါသည်။
နောင်လတ်ကလည်း ယောကျ်ားပီသသည်။ သိပ်ချစ်ရလွန်းသူတွေပေမဲ့ နောင်လတ် အခွင့်အရေးကို ပိုမယူ။ နှင်းဆီဖူး နှုတ်ခမ်းချိုချိုလေးကို စုပ်ယူနမ်းရှိုက်ရာ၌ပင် နောင်လတ်က တမြတ်တနိုး တယုတယလေး ပြုစုတတ်၏ ။ မေတ္တာ၏ အတိမ်အနက်ကို ချိန်ဆတိုင်းတာနိုင်သော အချစ်ပြဒါးတိုင်မျိုးရှိလျှင် ရေဆူအမှတ်ကို ကျော်လိမ့်မည်ထင်သည်။ နက်နဲမှုသံယောဇဉ်ကို တိုင်းပြနိုင်သော သာမိုမီတာသည်လည်း မီးဇာနှင့် နောင်လတ်တို့ အတွက်ပဲ ဖြစ်မည်။
ယခုတော့ နောင်လတ် ဆေးမှုနှင့် ကွိုင်ပူနေလေပြီ။ နောင်လတ် အာမခံမရဘဲ အချုပ်ထဲ ရောက်နေသည်။ နောင်လတ် ဆေးစွဲနေမှန်း မီးဇာ လုံးဝမရိပ်မိခဲ့ချေ။ ယခုတော့ နောင်လတ်မိဘများလည်း မျက်ကလဲ ဆံပြာ ဖြစ်နေကြသည်။ မီးဇာကိုလည်း အကျိုးအကြောင်း ပြောပြကြပြီး တတ်နိုင်သမျှ ကူညီပါရန် မျက်ရည်စမ်းစမ်းနှင့် ပြောကြ၏။
မီးဇာ၏ အချစ်ကို သက်သေပြရန် အချိန်ရောက်ပြီ။ မီးဇာ နောင်လတ်ကို ဘယ်လောက်ချစ်သည်ဆိုသည့် အနေအထားကို ပြခွင့်ရသည့် အချိန်အခါလည်းဖြစ်သည်။ ထို့ကြောင့်လည်း ကိုစစ်အောင်ဆိုသော ရှေ့နေ၊ ခြံချင်းကပ်လျှက်က ပုဂ္ဂိုလ်မာကျောကျောကို ချဉ်းကပ်ရသည်။
” နောင်လတ်နဲ့ သမီးက ဘယ်လိုတော်စပ်လို့လဲ ”
” သမီးချစ်သူပါ.. ဦး.. ”
ဟုတ်တယ်လေ.. သူက သမီးခေါ်မှတော့ ကိုယ်ကလည်း ဦး လုပ်ထည့်လိုက်ရသည်ပေါ့။ မှတ်ပုံတင်ကို စစ်ဆေးကြည့်လျှင် မီးဇာအသက်က (၁၈) နှစ်၊ ကိုစစ်အောင်က (၃၅) နှစ်။ ဒီလောက်ပဲ ရှိကြသည်။ ခက်သည်က ခုအခြေအနေမှာ သမီးနဲ့ဦးတွေက ပေါမှပေါ။ ဒီအခေါ်အဝေါ်တွေက ရင်ခုန်မှုလမ်းဆီကို တွန်းပို့နေသလိုလို။ ဘဲကြီးက အသားယူတာလားဟု မီးဇာတွေးမိသည်။ ” မဇာနည်နွယ် ” ဘာညာ ရှည်ရှည်လျားလျား ခေါ်ရင်ကော ဘာဖြစ်မှာမို့လို့လဲ။ ” ချစ်သူတွေပါ ” ဟု မဆိုင်းမတွ ဖြေလိုက်နိုင်သော ကိုယ့်အသဲနှလုံးကိုပင် မီးဇာ ကျေးဇူးတင်လိုက်မိသေးသည်။
ကိုစစ်အောင်က ဟင့်ကနဲ လည်ချောင်းထဲမှ ဆောင့်ထွက်လာသော မရယ်ချင့်ရယ်ချင် အသံဖြင့် ရယ်သည်။
” ရှေ့နေ ငှားခိုင်းထားတယ်မို့လား ”
” ဟုတ်ပါတယ်..။ ဦးထွန်းလူက နောင်နောင့်မိဘတွေက ငှားထားတာပါ..။ သမီးဘက်ကလည်း ပိုခိုင်မာအောင် ဦးကို အကူအညီတောင်းတာ.. ”
အေးပေါ့လေ..။ ခြံချင်းကပ်လျက် ရှေ့နေရှိရဲ့သားနဲ့ တခြားတစ်ယောက်ကို အားကိုးရတယ်ဆိုတော့ ကိုစစ်အောင် အောက်သွားမှာပေါ့။
” အမှုက ရုံးတင်ဖို့ နီးပလား.. သမီး ”
” နက်ဖြန်ပဲ ဦး.. ဒါကြောင့်.. ”
” သူ့သွေးကိုရော စစ်ပြီးပလား ”
” ဆရာဝန်စစ်ချက် မနက်ထွက်မှာ.. ”
” တစ် အချက်.. ဆရာဝန် ဆေးစစ်တဲ့စာလည်း အရေးကြီးတယ် ”
” ဟုတ်တယ်.. သမီး.. အဲဒါ.. ”
” ဆရာဝန်က ဘယ်သူတဲ့လဲ ”
” ဒေါက်တာဟန်ဝင်း.. တဲ့.. ”
” ဟား.. ဟန်ဝင်းလား.. ဦး သူငယ်ချင်းပဲ ”
မီးဇာ ပီတိလှိုင်းက ဟုတ်ကနဲ ထတောက်သည်။
” အို.. ဟုတ်လား.. ဟယ်.. အဆင်ပြေလိုက်တာ.. ”
” ကြာတယ်.. ဟန်ဝင်းဆီသွားကြရအောင်.. သမီးပါလိုက်ရမယ် ”
” ဒါပေါ့.. ”
မီးဇာ အပြုံးလန်းလန်းလေး ဖတ်ကနဲပွင့်ကာ ကိုစစ်အောင်ကို အထင်တကြီးလေး မော့ကြည့်လိုက်မိသည်။ စစ်အောင်ကလည်း မီးဇာအား တစ်ချက်ပြန်ကြည့်သည်။ တံထွေး “ဂလု” ကနဲ မြိုချလိုက်သည်ကိုတော့ မီးဇာ သတိမထားမိလိုက်ချေ။
ကောင်မလေးက ဖြူဖြူလုံးလုံးနဲ့ တင်းတင်းရင်းရင်းလေး။ ဖူးပြီးကာစ ပွင့်အာရန် အားယူနေသော ဇလပ်ပန်းလေးနှယ် လှပစိုပြေလွန်းသည်။ ခပ်တိုတိုဝတ်ထားသော ထမီအောက်နားဆီမှ သလုံးသားနုနုလေးများထက်၌ ခြေသလုံးမွှေးမဲမဲလေးများ ခပ်ထူထူလေး ပေါက်နေသည်။
ခြေသလုံးမွှေးလေးတွေ.. ဒေါက်တာဟန်ဝင်း ခပ်မျှင်းမျှင်းသက်ပြင်းခိုးရှိုက်၏။ ဖိနပ်သဲကြိုး ဖြူဖြူသေးသေးလေးက ခြေခုံသား ဖောင်းဖောင်းလေးထဲ နစ်ဝင်နေသည်။ ခြေသည်းလေးများက ပန်းနုရောင်ပြေးလျက် ကနုကမာသွေး ပြေးနေသည်။ အဆင့်အတန်းရှိသော ဥစ္စာပေါ ပညာတတ် မိန်းကလေးတစ်ယောက်အသွင်မှန်း မြင်ရုံနှင့်သိသာ၏။
” ကဲ.. ဆို ရှေ့နေကြီး ဘာကိတ် ”
” ဒါ နောင်လတ် ချစ်သူပဲ.. ဒေါက်တာဟန်ဝင်း ”
” အယ်.. ဦး ကလဲ.. ”
မီးဇာက လက်ထဲမှ ခေါက်ထီးလေးကို လိပ်ပွတ်ရင်း ခေါင်းငုံ့ကာ ရှက်ပြုံးပြုံးလိုက်ရင်းဆို၏။
” လိုရင်း တိုရှင်းဘဲ ကောင်းတယ်လေ.. ဦးတို့မှာ အချိန်မှ သိပ်မရှိတာ.. အဲ.. နောင်လတ် ဆေးစာအတွက် လာတွေ့တာ ”
” အော.. ”
ဒေါက်တာဟန်ဝင်း၏ “အော” ဆိုသော အသံကြီးနှင့် မျက်လုံးများ လင်းလက်သွားပုံက မီးဇာစိတ်ကို တမျိုးကြီး ဖြစ်စေ၏။
” ရပါတယ် အဆင်ပြေသွားမှာပါ ”
မီးဇာရင်သည် ဒေါက်တာဟန်ဝင်း စကားကြောင့် တဒိန်းဒိန်းခုန်အောင် ဝမ်းသာသွားသည်။
” ဟိုလေ.. မီးဘက်က လိုတာရှိရင်.. ပြော.. ပြောပါနော်.. ”
တံထွေးလေးမြိုချရင်း ဝမ်းပန်းတသာလေး အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သော ချာတိတ်မလေးအား စစ်အောင်နှင့် ဟန်ဝင်းက ကျေနပ်စွာ ပြုံးကြည့်ကြ၏။
” ဒီလိုကွဲ့.. နောင်လတ် ဆီးထဲမှာရော.. သွေးထဲမှာပါ မူးယစ်ဆေး တွေ့ရှိနေတာတော့ အမှန်ဘဲ ”
” ရှင်… ”
မီးဇာ မျက်လုံးလေး ဝိုင်းသွားရပြန်သည်။
” ဆေးအလွဲသုံးစား သောက်စားမူးယစ်မှုဟာ ခုခေတ်မှာ အင်မတန်ကြီးလေးတဲ့ ပြစ်မှုတစ်ခုဖြစ်တယ်.. ဖိလစ်ပိုင်မှာဆို တချို့ကို သေဒဏ်ပေးပစ်တာ ”
မီးဇာ စိုးရိမ်စိတ်နှင့် မျက်ရည်ဝဲသွားရသည်။
” ဒါပေမဲ့ ဒီကိစ္စက ဦးတို့လက်ထဲမှာပါ.. ဟဲ.. ဟဲ ”
” ဒါဘဲလေ.. ဒါကြောင့် မင်းဆီ ပြေးလာခဲ့တာ..။ မင်းဆီက ဆေးစာရရင်.. ကိုယ် မနက်ဖြန် တရားခွင်မှာ အပီထုလိုက်ရင်… ဟဲဟဲ… ”
သူတို့ကဲ့သို့သော ဆရာဝန်နှင့် ရှေ့နေတစ်ယောက်ရှိနေမှ မီးဇာ ဘာစိုးရိမ်ရတော့မည်နည်း။
” သမီး အားကိုးပါရစေ.. ဦးတို့ရယ်.. ”
မျက်ရည်ကြည်လေး ဝေ့ဝေ့ဝဲဝဲနှင့် မီးဇာ အသံတုန်တုန်လေးကို နားထောင်ရင်း ပုဂ္ဂိုလ်နှစ်ယောက်က နှစ်သိမ့်ပြကြသည်။
” လူငယ်တွေဘဲကွယ်.. မှားတဲ့အခါ မှားမှာပေါ့.. နောက်ကို ဒါမျိုးမဖြစ်ဖို့ဘဲ ဦးတို့က လိုချင်တာပါ ”
” မီး.. သူ့ကို ပြောပါ့မယ်.. ”
” ကဲ.. လာ.. နောင်လတ် သွေးကိုပြမယ် ”