ယခု မီးဇာတွဲသွားသော စစ်အောင်သည် ဆယ်တန်းကိုပင် မအောင်သေးဘဲ သူ့ကိုယ်သူ ရှေ့နေလိုလို နောက်နေလိုလို ဖိန့်လုံးများနှင့် လင်ရှိမယားလည်း ဖြုတ်.. တစ်ခုလပ် တစ်လင်ကွာ ကလေးမအေပင် ချမ်းသာမပေးသော ဝံပုလွေနှင့် ကိုးတောင်ကျားစစ်စစ် ဖြစ်သည်။

ဒေါက်တာဟန်ဝင်းကိုတော့ ညိုမီ မြင်ဖူးသည်။ အဘိုးကြီးက အသက် (၅၀) ကျော် ဖြစ်သော်လည်း သန်မာဖြတ်လတ်လျှက် နှစ်လိုဖွယ် အပြုံးဖြင့် လူနာများကို ဆက်ဆံတတ်သည်။ ဒေါက်တာဟန်ဝင်းမျက်နှာကို မြင်လိုက်ရသည်နှင့် လူနာ၏ ရောဂါတဝက် လျော့သွားစမြဲ။ ဒေါက်တာကတော် အန်တီချစ်ကလည်း ဒေါက်တာကဲ့သို့ပင် သဘောကောင်း၊ သိက္ခာပြည့်ဝပြီး ဖြူဖြူခဲခဲကြီးနှင့် အမြဲသန့်စင်စွာ ပြုံးရယ်နေတတ်သူ ဖြစ်သည်။

ခက်သည်က မီးဇာ ဘယ်ရောက်နေမှန်း မသိခြင်းပင်။ တပူပေါ်နှစ်ပူဆင့်လျှက် ညိုမီ အိမ်မှ ကသုတ်ကရက် ထွက်လာသောအခါ ညနေ (၃း၁၅) နာရီ။ မိုးက ဝုန်းကနဲ သွန်သလို ရွာချလိုက်သည်။ ရပ်ကွက်အတွင်း အလုပ်ပြန် ညဆိုင်းသမားများမှ အပ ရှင်းလင်းနေသည်။

နေ့ခင်းကြောင်တောင် ဖြောင်းကနဲ လျှပ်စီးလက်လိုက်သော အလင်းရောင်သည် ညိုမီ့အသည်းကို ငယ်သွားစေသည်။ ဖိုးတွမ်တီးစစ်အောင် စတည်းချတတ်သော တိုက်သစ်တစ်လုံးကိုတော့ ညိုမီ သိထားသည်။ ထိုတိုက်သို့ ရောက်သွားသော မိန်းမပျိုလေးတိုင်း အမဲဖျက်သလို စစ်အောင် ဒဏ်ကို ခံရပြီးမှ မျက်ရည်စက်လက်နှင့် ပြန်ရသည်ချည်း ဖြစ်၏။

မိုးက သည်းသည်းထန်ထန် ရွာသည်။ ဆောင်းထားသော ခေါက်ထီးလေးမှပင် ယိုစီးကျလောက်အောင် တမုန်းရွာသည်။ ရေမြောင်းများ အဟုန်ပြင်းစွာ စီးမျောနေ၏။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာမျိုးများလားကွယ်။

” ဟယ်.. မမညိုမီ.. ”

အိမ်ရှေ့ဧည့်ခန်းတွင် မီးဇာနှင့် စစ်အောင် အပါအဝင် အခြား ထောင်ထောင်မောင်းမောင်းနှင့် ယောကျ်ားတစ်ယောက်ကိုပါ တွေ့ရ၏။

” ငါ.. နင့်ကို လာခေါ်တာ.. ဇာနည်နွယ်.. ”

” ဝင်ပါဦးလား.. မိုးတွေသိပ်ရွာနေတယ်လေ ”

စစ်အောင်ဘေးက အကောင်ရဲ့ မျက်လုံးတွေကို ညိုမီ သဘောမကျချေ။ နီရဲဝေဝါးစွာ အငမ်းမရ အကြည့်။ သူတို့ပုံစံများက ဘောလုံးပွဲမှ ပြန်လာသူများနှယ် ဆံပင်များ ချွေးစိုနေသည်။ မျက်နှာတွေ နွမ်းဖတ်နေသည်။ ညိုမီ့ရင်များ တဒိန်းဒိန်း ခုန်သွားသည်။

” ဝင်ပါဦး မမညိုမီ.. ဒါ.. ဒေါက်တာဟန်ဝင်းလေ.. ”

” ဘာ.. ဘယ်ကအကောင်လဲ.. ဒေါက်တာဟန်ဝင်း.. ”

စစ်အောင်မျက်နှာ ကွက်ကနဲ ပျက်သွားသည်။ မီးဇာတစ်ယောက် ကျားခံတွင်းထဲ ရောက်နေကြောင်း ညိုမီ သိလိုက်ရလေပြီ။ စိုင်ကော်၍ ခြုံပေါ်ရောက်သည် ဆိုသောစကား၊ ဆွမ်းခံရင်း ငှက်သင့်သည် ဆိုတာမျိုး၊ မုတ်ဆိတ်ပျားစွဲသည်ဟုလည်း သုံးကြပြန်သည်။

ညိုမီရောက်လာခြင်းက ယနေ့အဖို့ စစ်အောင်နှင့် မူတူးတို့အတွက် ဖုတ်သွင်းရထားဆိုက်ခြင်း ဖြစ်သည်။ မီးဇာဆိုသော လုံးလုံးကျစ်ကျစ် ဆော်လေးကို အသားကုန်ဗျင်းပြီး အနားယူနေကြခိုက် ညိုမီ ရောက်လာခြင်း ဖြစ်သည်။ မူတူးနှင့် စစ်အောင် ဒီလိုဂွင်မျိုး ခဏခဏ ရိုက်ကြသည်။ စစ်အောင် ကြောင်းပေးသော လမ်းပေါ်၌ မူတူးက အကယ်ဒမီရှုံးလောက်အောင် ကပြနိုင်စွမ်းရှိသည်။

မူတူးက ရုပ်ရှိသည်။ စစ်အောင်က စစခြင်း “ဟလို ဗိုလ်ကြီးဘာညာ” ဆိုလျှင် ဒီဇာတ်မှာ သူက ဗိုလ်ကြီးအဖြစ် သရုပ်ဆောင်ရမည်ကို သိပြီးသား။ “အော်.. ဒါ ကထိက.. ဦးဘယ်သူ ” ဆိုလဲဆို သူက တက္ကသိုလ်ကျောင်းဆရာပုံစံကို ဖမ်းပြီးသား။ ဖိုးတွမ်တီးမူတူးနှင့် ဖိုးတွမ်တီးစစ်အောင်တို့ အမှုတွဲများ မှိုတက်နေပြီလားဟု မေးရလောက်အောင် ပိရိကြ၏။

သို့သော် ခေတ်က ပြောင်းလဲနေပြီ။ ဆေးဝါးနှင့် မှောင်ခို ခေတ်စားခဲ့သော ကာလက ငှားရမ်းကြီးပွားစွာ နေခဲ့သော တိုက်ကြီးကလည်း ပြန်အပ်ရတော့မည် ဖြစ်သည်။ ထိုသို့သော နောက်ဆုံးကာလလေးမှာ ညိုမီဆိုသော အလှဧကရီတစ်ပါး ရောက်လာခြင်းသည် မုတ်ဆိတ်ပဲပျားစွဲစွဲ လဒစွဲစွဲ ကံကောင်းလေခြင်းဟုတော့ သူတို့နှစ်ဦး ပြုံးမိသွားကြလေသည်။

ညိုမီ တစ်ကွက် မှားသွားခဲ့ပြီ။ သက်ဆိုင်ရာနှင့် ရပ်မိရပ်ဖများကို အသိမပေးမိခဲ့ခြင်းက ကိုယ့်သေတွင်း ကိုယ်တူးမိသလို ဖြစ်ခဲ့ရသည်။

” ဂျလောင်း.. ဂျောင်း.. ဟဲ.. ဟဲ.. ဟဲ.. ”

အိမ်ရှေ့ဘာဂျာ သံတံခါးကို ပိတ်သံသည် မိုးသံလေသံကို ထွင်းဖောက်၍ ကျယ်လောင်စွာ မြည်ဟီး သွားသည်။ ဝံပုလွေတစ်ကောင်၏ အံကြိတ် ရယ်မောသံကဲ့သို့သော ရယ်သံကြီးက အသွားမတော် တစ်လှမ်း ဆိုသော လူကြီးသူမစကားကို အချိန်နှောင်းစွာဖြင့် ညိုမီ သတိရသွားလေသည်။

” ဟင်.. ရှင်.. ရှင်တို့.. ဒါဘာလုပ်တာလဲ.. ”

” တံခါးပိတ်တာလေ ”

1 2 3 4 5 6 7 8 9 10 11