Today, December 4, the eclipse will occur

တန်ဆောင်မုန်းလကွယ်နေ့အမှန်ဖြစ်တဲ့ ဒီနေ့ ဒီဇင်ဘာလ (၄) ရက်နေ့မှာတော့ နေ နှင့် ကမ္ဘာအကြားသို့ လဝင်ရောက်ပြီးနေကြတ်ခြင်းဖြစ်စဉ်ပေါ်ပေါက်မှာပဲဖြစ်ပါတယ်။ နေကြတ်ခြင်းဟာ လကွယ်နေ့မှာသာဖြစ်လေ့ရှိသလို

လကြတ်ခြင်းဟာလည်းလပြည့်နေ့မှာသာဖြစ်လေ့ရှိပါတယ်။သို့သော်လပြည့်၊လကွယ် နေ့တိုင်းတော့ လကြတ်၊နေကြတ်မဖြစ်ပါ။အဘယ့်ကြောင့်ဆိုသော်လရဲ့ကမ္ဘာပတ်လမ်းကြောင်းဟာ ၅ ဒီဂရီခန့်တိမ်းစောင်းနေခြင်းကြောင့်ပင်ဖြစ်ပါတယ်။

လ ဟာကမ္ဘာကိုတပတ်ပြည့်အောင်ပတ်ရန် ကမ္ဘာရက် ၂၇ ရက်ခန့် ကြာမြင့်ပါတယ်။ထိုအချိန်မှာ နေကိုဗဟိုပြုပြီးလှည့်ပတ်နေတဲ့ကမ္ဘာကလည်း ၂၇ ရက်စာ ရွေ့လျားသွားခဲ့ပြီဖြစ်ပါတယ်။ထို့အတွက် လပြည့်အမှတ်တခုမှ နောက်ထပ်လပြည့်အမှတ်သို့ရောက်ရန် နောက်ထပ် ၂ ရက်ခွဲ (၂.၅ ရက်) ထပ်ပေါင်းလိုက်ရပါတယ်။

ထို့အတွက်လပြည့်တခုမှနောက်လပြည့်တခုသို့ စုစုပေါင်း ၂၉.၅ ရက်ကြာပါတယ်။လကိုအခြေပြုတွင်ချက်တဲ့ကျနော်တို့ရဲ့ပြက္ခဒိန်မှာ လ တစ်လကို ၂၉ (သို့) ၃၀ ရက်ဖြင့်ထားရှိတွက်ချက်ရတဲ့အတွက်လပြည့်၊လကွယ်ရက်အချို့မှာ ၁ ရက်ခန့် ကွာဟတတ်ပါတယ်။

ဒီဇင်ဘာလ (၄) ရက်နေ့မှာဖြစ်ပေါ်မည့်နေကြတ်ခြင်းကိုတော့ကမ္ဘာ့တောင်ခြမ်းကအန္တာတိကတိုက်မှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ( မြန်မာနိုင်ငံမှ (လုံးဝ)မမြင်ရနိုင်ပါ) (မြေပုံ)။နေကြတ်မည့်အချိန်ကတော့မြန်မာစံတော်ချိန် နေ့ခင်း ၁၁ နာရီ ၅၉ မိနစ်မှ ညနေ ၄ နာရီ ၆ မိနစ်အထိဖြစ်ပါတယ်။

နေ နှင့် လတို့အတူရှိနေမည့် တာရာကတော့ဗြိစ္ဆာရာသီအနီးက Ophiuchus လို့ခေါ်တဲ့ မြွေအလမ္မာယ်ဆရာ ကြယ်တာရာပဲဖြစ်ပါတယ်။လနဲ့ ကမ္ဘာဟာ မိုင်ပေါင်း ၂၂၁၂၀၀ သာကွာဝေးမှာဖြစ်လို့ ပျမ်းမျှ အကွာအဝေး (၂၃၆၀၀၀ မိုင်) ထက်ပိုမိုနီးကပ်နေပါမယ်။

လဆွဲအားကြောင့် ဒီရေတက်နိုင်သလိုဘင်္ဂလားပင်လယ်အော်မှာလည်းအပူပိုင်းမုန်တိုင်းတခု ကျရောက်တိုက်ခတ်နေတာကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသများမှာလှိုင်းကြီးခြင်းနဲ့ ဒီရေတက်ခြင်းတို့ဖြစ်နိုင်ပါတယ်။

သန့်ဦး (အာကာသနှင့် စကြဝဠာသင်ထောက်ကူ)

———–

တန္ေဆာင္မုန္းလကြယ္ေန႔အမွန္ျဖစ္တဲ့ ဒီေန႔ ဒီဇင္ဘာလ (၄) ရက္ေန႔မွာေတာ့ ေန ႏွင့္ ကမာၻအၾကားသို႔ လဝင္ေရာက္ၿပီးေနၾကတ္ျခင္းျဖစ္စဥ္ေပၚေပါက္မွာပဲျဖစ္ပါတယ္။ ေနၾကတ္ျခင္းဟာ လကြယ္ေန႔မွာသာျဖစ္ေလ့ရွိသလို

လၾကတ္ျခင္းဟာလည္းလျပည့္ေန႔မွာသာျဖစ္ေလ့ရွိပါတယ္။သို႔ေသာ္လျပည့္၊လကြယ္ ေန႔တိုင္းေတာ့ လၾကတ္၊ေနၾကတ္မျဖစ္ပါ။အဘယ့္ေၾကာင့္ဆိုေသာ္လရဲ႕ကမာၻပတ္လမ္းေၾကာင္းဟာ ၅ ဒီဂရီခန႔္တိမ္းေစာင္းေနျခင္းေၾကာင့္ပင္ျဖစ္ပါတယ္။

လ ဟာကမာၻကိုတပတ္ျပည့္ေအာင္ပတ္ရန္ ကမာၻရက္ ၂၇ ရက္ခန႔္ ၾကာျမင့္ပါတယ္။ထိုအခ်ိန္မွာ ေနကိုဗဟိုျပဳၿပီးလွည့္ပတ္ေနတဲ့ကမာၻကလည္း ၂၇ ရက္စာ ေ႐ြ႕လ်ားသြားခဲ့ၿပီျဖစ္ပါတယ္။ထို႔အတြက္ လျပည့္အမွတ္တခုမွ ေနာက္ထပ္လျပည့္အမွတ္သို႔ေရာက္ရန္ ေနာက္ထပ္ ၂ ရက္ခြဲ (၂.၅ ရက္) ထပ္ေပါင္းလိုက္ရပါတယ္။

ထို႔အတြက္လျပည့္တခုမွေနာက္လျပည့္တခုသို႔ စုစုေပါင္း ၂၉.၅ ရက္ၾကာပါတယ္။လကိုအေျချပဳတြင္ခ်က္တဲ့က်ေနာ္တို႔ရဲ႕ျပကၡဒိန္မွာ လ တစ္လကို ၂၉ (သို႔) ၃၀ ရက္ျဖင့္ထားရွိတြက္ခ်က္ရတဲ့အတြက္လျပည့္၊လကြယ္ရက္အခ်ိဳ႕မွာ ၁ ရက္ခန႔္ ကြာဟတတ္ပါတယ္။

ဒီဇင္ဘာလ (၄) ရက္ေန႔မွာျဖစ္ေပၚမည့္ေနၾကတ္ျခင္းကိုေတာ့ကမာၻ႔ေတာင္ျခမ္းကအႏၲာတိကတိုက္မွာျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ( ျမန္မာႏိုင္ငံမွ (လုံးဝ)မျမင္ရႏိုင္ပါ) (ေျမပုံ)။ေနၾကတ္မည့္အခ်ိန္ကေတာ့ျမန္မာစံေတာ္ခ်ိန္ ေန႔ခင္း ၁၁ နာရီ ၅၉ မိနစ္မွ ညေန ၄ နာရီ ၆ မိနစ္အထိျဖစ္ပါတယ္။

ေန ႏွင့္ လတို႔အတူရွိေနမည့္ တာရာကေတာ့ၿဗိစာၦရာသီအနီးက Ophiuchus လို႔ေခၚတဲ့ ေႁမြအလမၼာယ္ဆရာ ၾကယ္တာရာပဲျဖစ္ပါတယ္။လနဲ႔ ကမာၻဟာ မိုင္ေပါင္း ၂၂၁၂၀၀ သာကြာေဝးမွာျဖစ္လို႔ ပ်မ္းမွ် အကြာအေဝး (၂၃၆၀၀၀ မိုင္) ထက္ပိုမိုနီးကပ္ေနပါမယ္။

လဆြဲအားေၾကာင့္ ဒီေရတက္ႏိုင္သလိုဘဂၤလားပင္လယ္ေအာ္မွာလည္းအပူပိုင္းမုန္တိုင္းတခု က်ေရာက္တိုက္ခတ္ေနတာေၾကာင့္ ပင္လယ္ကမ္း႐ိုးတန္းေဒသမ်ားမွာလႈိင္းႀကီးျခင္းနဲ႔ ဒီေရတက္ျခင္းတို႔ျဖစ္ႏိုင္ပါတယ္။

သန႔္ဦး (အာကာသႏွင့္ စၾကဝဠာသင္ေထာက္ကူ)

  • Leave a Comment