A secure and bright future USDP Chairman Wishes Happy New Year

လုံခြုံစိတ်ချရ၍ တောက်ပသောအနာဂတ်ကိုပိုင်ဆိုင်ကြပါစေဟု USDPဥက္ကဌနှစ်သစ်ဆုမွန်တောင်း

၂၀၂၂ခုနှစ်ကစပြီး ရဟန်း ရှင် လူ သတ္တဝါဟူသမျှ ဘဝသက်တမ်းစေ့ လုံခြုံစွာရှင်သန်နိုင်ကြပါစေကြောင်း USDPဥက္ကဌက နှစ်သစ်ဆုတောင်းစကားဆိုသည်။

“ဥပဒေ စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်များဖြင့် လောကစောင့်ရှောက်မှုကိုတည်ဆောက်နိုင်ကြပါစေ ။

ကျန်းမာ ပျော်ရွှင် စိတ်ကြည်လင်၍ ချမ်းမြေ့ကြပါစေ ။

သူတော်ကောင်းတရား လက်ကိုင်ထားလျက် ပွားများကျင့်ကြံနိုင်ကြပါစေ ( မင်း စစ်သူကြီးနှင့် သူကြွယ် ကုန်သည် လယ်လုပ်အစရှိသော ) အမျိုးလေးပါးတို့သည် မိမိတို့၏ တာဝန် ဝတ္တရားနှင့် လုပ်ငန်းများကို ကောင်းစွာ ထမ်းဆောင် ပေါက်မြောက် အောင်မြင်နိုင်ကြပါစေ ။

လုံခြုံစိတ်ချရ၍ တောက်ပသောအနာဂတ်ကိုပိုင်ဆိုင်ကြပါစေ ။

လူ့ဘောင်လောကကောင်းကျိုးရရန် ဤဆန္ဒမွန်အတွက် စေတနာသန်ကျင့်ဝတ်မှန်သူအားလုံးနှင့် လက်တွဲဖေါ်ဆောင်ရန် ရည်သန်လျက်ပါခင်ဗျာ” ဟု ပါတီဥက္ကဌက နှစ်သစ်ဆုတောင်းစကားပြောဆိုပါသည်။

Zawgyi








  • Leave a Comment