Interest will be paid in cash with AYA Bank New Fixed Deposit Plan

AYA ဘဏ်ရဲ့ ငွေသားဖြင့် အတိုးကြိုထုတ်ပေးမယ့် စာရင်းသေအပ်ငွေအစီအစဉ်သစ်

ဧရာဝတီဘဏ်က AYA New Year Fixed Deposit စာရင်းသေအပ်ငွေတွေကို အတိုးကြိုပေးတဲ့အနေနဲ့စာရင်းသေအပ်ငွေအတိုးကို ငွေသားဖြင့်လက်ငင်းထုတ်ယူနိုင်ကြောင်း ကြေညာထားပါတယ်။

အဆိုပါ စာရင်းသေအပ်ငွေအား ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလတွင် ဖွင့်လှစ်ကာအတိုးကိုလက်ငင်းရယူနိုင်မည်ဖြစ်ကာ ၂၀၂၂ ခုနှစ်၊ ဧပြီလ(မြန်မာနှစ်ကူးချိန်) ရက်ပေါင်း ၁၂၀ အကြာတွင် အပ်ငွေများကို ငွေသားအဖြစ် ပြန်လည် ထုတ်ယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစာရင်းသေအပ်ငွေတွေကို ဧရာဝတီဘဏ်ကနေ ကျပ်သိန်း ၅၀ နဲ့အထက်ရှိတဲ့အပ်ငွေတွေကို အတိုးနှုန်း ၉ ဒသမ ၅၀ ရာခိုင်နှုန်း (p.a)နဲ့ ကျပ်သိန်း ၅၀ အောက်ရှိတဲ့ အပ်ငွေတွေကို အတိုးနှုန်း ၉ ဒသမ ၂၅ ရာခိုင်နှုန်း (p.a) သတ်မှတ်ပြီး အမြင့်ဆုံးအတိုးနှုန်းတွေနဲ့ ဖွင့်လှစ်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

AYA New Year Fixed Deposit ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေစပြီး ဇန်နဝါရီ ၃၀ ရက်နေ့အထိ ဧရာဝတီဘဏ်ခွဲတိုင်းမှာငွေ ၁၀ သိန်းကနေ စတင်ကာဖွင့်လှစ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Source:AYA Bank

———-

AYA ဘဏ္ရဲ႕ ေငြသားျဖင့္ အတိုးႀကိဳထုတ္ေပးမယ့္ စာရင္းေသအပ္ေငြအစီအစဥ္သစ္

ဧရာဝတီဘဏ္က AYA New Year Fixed Deposit စာရင္းေသအပ္ေငြေတြကို အတိုးႀကိဳေပးတဲ့အေနနဲ႔စာရင္းေသအပ္ေငြအတိုးကို ေငြသားျဖင့္လက္ငင္းထုတ္ယူႏိုင္ေၾကာင္း ေၾကညာထားပါတယ္။

အဆိုပါ စာရင္းေသအပ္ေငြအား ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာလတြင္ ဖြင့္လွစ္ကာအတိုးကိုလက္ငင္းရယူႏိုင္မည္ျဖစ္ကာ ၂၀၂၂ ခုႏွစ္၊ ဧၿပီလ(ျမန္မာႏွစ္ကူးခ်ိန္) ရက္ေပါင္း ၁၂၀ အၾကာတြင္ အပ္ေငြမ်ားကို ေငြသားအျဖစ္ ျပန္လည္ ထုတ္ယူႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

အဲ့ဒီစာရင္းေသအပ္ေငြေတြကို ဧရာဝတီဘဏ္ကေန က်ပ္သိန္း ၅၀ နဲ႔အထက္ရွိတဲ့အပ္ေငြေတြကို အတိုးႏႈန္း ၉ ဒသမ ၅၀ ရာခိုင္ႏႈန္း (p.a)နဲ႔ က်ပ္သိန္း ၅၀ ေအာက္ရွိတဲ့ အပ္ေငြေတြကို အတိုးႏႈန္း ၉ ဒသမ ၂၅ ရာခိုင္ႏႈန္း (p.a) သတ္မွတ္ၿပီး အျမင့္ဆုံးအတိုးႏႈန္းေတြနဲ႔ ဖြင့္လွစ္ေပးမွာ ျဖစ္တယ္လို႔သိရပါတယ္။

AYA New Year Fixed Deposit ကို ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၇ ရက္ေန႔ကေနစၿပီး ဇန္နဝါရီ ၃၀ ရက္ေန႔အထိ ဧရာဝတီဘဏ္ခြဲတိုင္းမွာေငြ ၁၀ သိန္းကေန စတင္ကာဖြင့္လွစ္ႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။

Source:AYA Bank

  • Leave a Comment