မြန်မာနှစ် (၁၃၈၂) မှာ သတိထားရမယ့် အမည်နာမပိုင်ရှင်များ

၁၃၈၂ ကို နှစ်ကူးချိန် မရောက်သေးသည့်တိုင်အောင် ထုံးစံအတိုင်း ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ကနေကစပြီး

နှစ်သစ်ရဲ့ အာနိသင်တွေ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် တပေါင်းလပြည့်နေ့က စပြီး

ရှေ့လာမယ့် ၁၃၈၂ ခုနှစ် တစ်နှစ်လုံးမှာ အောက်ပါ နာမည်ရှင်တွေဟာ အထူး ဂရုစိုက်ရမယ့် နာမည်တွေ ဖြစ်လာပါတယ်။

ထို့အတူ ဒီကာလတွေမှာ ဆိုးအားအများနိုင်ဆုံးကတော့ သောကြာ + အင်္ဂါ + စနေ နာမည်တွဲပဲ ဖြစ်ပါတယ်။

 

ဥပမာ သူဇာထွန်း၊ ထွန်းဇော်သိန်း၊ သန်းထွန်းဇော် စသည်ဖြင့် သောကြာ + အင်္ဂါ + စနေ တွေ တွဲစပ် မှည့်ခေါ်ထားတဲ့

အမည်ရှင်တွေအဖို့ ဒီကာလတွေသည် အချက်ပေးခေါင်းလောင်းသံ မြည်နေသည့် အထူးဂရုပြု နေထိုင်ရမည့် ကာလပဲ ဖြစ်ပါတယ် …။

ကျွန်တော် လူတွေကို မနှစ်သက်ဖွယ်၊ အကြောက်တရားဖြစ်စေဖွယ်တွေ မရေးလိုပါ။ သို့သော် မရေးရင်လည်း မသိနိုင်ပါ။

ဒီအမည်ရှင်တွေ ဂရုစိုက်နေထိုင် ဖြတ်သန်းရမယ့် ကာလဖြစ်လို့ပါပဲ။ ထို့အတူ အရမ်းကာရော

အစိုးရိမ်ကြီးပြီးတော့လည်း မနေထိုင်သင့်ပါ။(၇) နှစ်တစ်ခါ အလှည့်ကျ ဆိုးတစ်ခါ

ကောင်းတစ်လှည့် ဖြတ်သန်းနေကြရမယ့် အချိန်ကာလလေးတွေပါ …။

 

ပြီးခဲ့တဲ့ တပေါင်းလပြည့်ကျော်ပြီးနောက်ပိုင်း တလောက ပြင်ဦးလွင်ဘက်မှာ ယာဉ်မတော်တဆမှုနဲ့

အသက်ဆုံးရှုံးသွားတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ နာမည်ကို ဖတ်လိုက်ရလို့လည်း ဒီပို့စ်ကို မရေးပေးဘဲ

မနေရဲတော့တာပါ။ ကလေးလေး အမည်လေးက သွန်း….ထွန်း နဲ့ တူပါတယ်။ သောကြာနံ..သွန်းပညတ်ဖြင့် အစပြုပြီး

စနေနံဖြင့် အဆုံးသတ်ထားသော အမည်ရှင်လေးဆိုတာ တွေ့လိုက်ရပါတယ်။

ဒီတစ်နှစ်ကတော့ ဒီအမည်ရှင်လေးတွေ အထူးသတိပြုနေထိုင်ကြဖို့ လိုအပ်ပါတယ်နော် …။

 

ငယ်သေးတဲ့ကလေးတွေဆိုရင်လည်း မိဘတွေက ခါတိုင်းထက်ပိုပြီးတော့ ဂရုစိုက်ပေးကြသင့်ပါတယ်။

လုပ်ပေးသင့်တာလေးတွေလည်း ကျွန်တော်ဆက်လက် တင်ပြပေးသွားဦးမှာပါ။ နောက်တစ်ခုဆက်ပြောချင်တာက

မကြာခဏ ကျွန်တော် ပြန်ဖြေပေးနေရ တားမြစ်နေရသည့် သွန်းပညတ်ပါ …။

 

ဒီပညတ်မျိုး မမှည့်သင့်ကြောင်း ကျွန်တော် ဘယ်လိုပဲ ရှင်းပြနေသည့် ဖြစ်စေ အချို့မိဘတွေသည် ခေါင်းအလွန်မာပြီး

လှတာလေးပဲ မက်မောနေတတ်ကြပါတယ်။ဖြစ်နိုင်သမျှ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာနှစ်ခုမှာ

ဖြစ်သင့်တာကိုသာ ရွေးချယ်စေလိုပါခင်ဗျား။ အားလုံးပဲ အစစအရာရာ အဆင်ပြေပြီး မကောင်းကျိုးများလည်း ပြေလျော့ ကြပါစေ …။ ။

လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

Be the first to comment on "မြန်မာနှစ် (၁၃၈၂) မှာ သတိထားရမယ့် အမည်နာမပိုင်ရှင်များ"

Leave a comment

Your email address will not be published.


*