ငွေကုန်ကြေးကျမများဘဲ ချိုင်းချွေးနံ့ဆိုးခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

ငွေကုန်ကြေးကျမများဘဲ ချိုင်းချွေးနံ့ဆိုးခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်းများ…
တစ်ခြားသူရှေ့မှာ မိမိကိုယ်ကို ယုံကြည်မှုကျရတဲ့ အချက်တွေထဲမှာ ချိုင်းက အနံ့ဆိုးထွက်တာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ စိတ်ရှုပ်ရတဲ့အချိန်တွေမှာ ပိုဆိုးသွားစေတဲ့ အချက်တွေထဲမှာလည်း ချိုင်းချွေးနံ့က နှာခေါင်းကို လာရိုက်တာက တစ်ခုအပါအဝင် ဖြစ်နေနိုင်ပါသေးတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး အနံ့အသက်ကြောင့် စိတ်မရှုပ်ရအောင် ငွေကုန်ကြေးကျ အများကြီး မရှိဘဲနဲ့ လွယ်လင့်တကူ ဖြေရှင်းလို့ရတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) သံပုရာသီးနဲ့ ပွတ်ပေးပါ”

သံပုရာသီးဆိုတာက အိမ်တွေရဲ့ မီးဖိုချောင်တိုင်းမှာ အမြဲလိုလို လွယ်လင့်တကူ မြင်ရတတ်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ဝယ်ရတာလည်း လွယ်ကူပြီး မီးဖိုချောင်တိုင်းမှာ ရှိနေတတ်တဲ့ သံပုရာသီးက တခြား အစွမ်းသတ္တိတွေအပြင် အနံ့ဆိုးတွေကို ပြေပျောက်စေနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါသေးတယ်။ သံပုရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်က ဘက်တီးရီးယား ပိုးမွှားတွေကို သေစေပြီး အနံ့ဆိုးတွေကို ပြေပျောက်စေတဲ့ အစွမ်းသတ္တိရှိပါတယ်။ သံပုရာသီးကို ထက်ခြမ်း ခြမ်းပြီး ချိုင်းမှာ ပွတ်ပေးခြင်းအားဖြင့် ချိုင်းနံ့တွေ တဖြည်းဖြည်းနဲ့ ပျောက်သွားမှာပဲ ဖြစ်ပါတယ် …။

(၂) ဆားရည်နဲ့ ဆေးပေးပါ”

ဆားက ဟင်းတစ်ခွက်ဖြစ်ဖို့ မပါမဖြစ် ပစ္စည်းဖြစ်သလို အိမ်တိုင်းမှာ ရှိတဲ့ပစ္စည်းလည်း ဖြစ်ပါတယ်။ ဈေးနည်းနည်းနဲ့ လွယ်လင့်တကူဝယ်လို့ရတဲ့ပစ္စည်းဖြစ်ပေမယ့် သူ့ရဲ့အစွမ်းကလည်း မသေးလှပါဘူး။ ဆားမှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ရေနည်းနည်းနဲ့ ဆားကို ဖျော်ပြီး ချိုင်းမှာ လိမ်းပေးခြင်း၊ ဆေးပေးခြင်းဖြင့် ဘက်တီးယား ပိုးမွှားတွေကို သေစေပြီး ပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ အနံ့ဆိုးတွေကို ပျောက်ကင်းစေပါတယ် …။

(၃) အသီးအရွက်များများ စားပေးပါ”

ချိုင်းနဲ့ ကိုယ်ခန္ဓာမှာ အနံ့ဆိုးထွက်တာမှာ အဓိက အကြောင်းအရင်းကတွေထဲက တစ်ချက်ကတော့ အသားစားတာလည်း ပါ,ပါတယ်။ အထူးသဖြင့် အမဲသားလို အနီရောင်အသားတွေ စားတဲ့အခါ ချွေးနံ့ ပိုပြင်းပါတယ်။ ချိုင်းနံ့ ပိုထွက်ပါတယ်။ အသားကို တော်သင့်ရုံလောက်ပဲ စားပြီး အသီးအရွက်များများ စားပေးရင်တော့ ချွေးနံ့လည်း မပြင်းတော့ဘဲ ချိုင်းကပါ အနံ့ဆိုးထွက်တော့မှာ မဟုတ်ပါဘူးနော် …။

(၄) ချွေးနံ့ထွက်တဲ့အင်္ကျီကို ကြာကြာမဝတ်ပါနဲ့”

ချွေးထွက်တာဟာ ကျန်းမာရေးအတွက် ကောင်းတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ချွေးကနေတဆင့် သန့်စင်ပေးပါတယ်။ ဒါပေမယ့် ချွေးထွက်တဲ့အခါ အင်္ကျီကို ခပ်မြန်မြန် မလဲနေရင်တော့ တစ်ခြား ကျန်းမာရေးပြဿနာတွေအပြင် ချိုင်းအနံ့ဆိုးတာပါ ဖြစ်လာမှာပါ။ ချွေးစိုနေတဲ့ အဝတ်တွေကို ကြာကြာဝတ်ထားတဲ့အခါ အင်္ကျီကနေ တစ်ဆင့် ခန္ဓာကိုယ်ကို အနံ့ကူးစေတတ်တာကြောင့်ပဲ ဖြစ်ပါတယ် …။

(၅) ကြက်သွန်ဖြူ အလွန်အမင်းစားတာကို ရှောင်ပါ”

ကြက်သွန်ဖြူစားတဲ့အခါ လက်ငင်းရလဒ်အနေနဲ့ ခံတွင်းအနံ့ဆိုးတယ်ဆိုတာတစ်ခုတင် မကပါဘူး။ ကြက်သွန်ဖြူကို တော်သင့်ရုံမဟုတ်ဘဲ အစားများတဲ့အခါ ရေရှည်မှာ ခံတွင်းအနံ့ဆိုးတာ၊ ကိုယ်နံ့ဆိုးတာနဲ့ ချိုင်းနံ့ဆိုးတာတွေပါ ကြုံရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်သလောက် တော်သင့်ရုံ စားပေးခြင်းက ချိုင်းနံ့ဆိုးတွေကို သက်သာပျောက်ကင်း စေမှာပဲ ဖြစ်ပါတယ်နော် …။ ။

Credit – Kham

Be the first to comment on "ငွေကုန်ကြေးကျမများဘဲ ချိုင်းချွေးနံ့ဆိုးခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်းများ"

Leave a comment

Your email address will not be published.


*