မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ကြောင်း ထုတ်ဖော်ပြသခဲ့သည့် ဘရန့်(တ်)ဖို့တ် (Brentfort) အသင်း အင်္ဂလန် ‘ပရီးမီးယားလိဂ်’ သို့ တန်းတက်ရောက်ရှိ

မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ကြောင်း ထုတ်ဖော်ပြသခဲ့သည့် ဘရန့်(တ်)ဖို့တ် (Brentfort) အသင်း အင်္ဂလန်နိုင်ငံ၏ အဆင့်မြင့်ဆုံး ‘ပရီးမီးယားလိဂ်‘ သို့ တန်းတက်ရောက်ရှိ။

အင်္ဂလန် နိုင်ငံ၏ ဒုတိယတန်း ဘောလုံးပြိုင်ပွဲ ချန်ပီယံရှစ်တွင် အဆင့်သုံး ရရှိသော ဘရန့်(တ်)ဖို့တ် အသင်း သည်တန်းတက်ရှုံးထွက် Play-off ဗိုလ်လုပွဲ၌ ဆွမ်ဆီး အသင်းကို နှစ်ဂိုး – ဂိုး မရှိ ဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ် သို့တန်းတက်ရောက်ရှိသွားသည်။ ယခုနှစ် ချန်ပီယံရှစ်လိဂ် မှ ပရီးမီးယားလိဂ် သို့ တန်းတက်ရောက်ရှိသွားသောအသင်းတို့မှာ ဘရန့်(တ်)ဖို့တ် အပါအဝင် နော့ဝစ်ချ် (Norwich) ၊ ဝက်ဖို့တ် (Watford) အသင်းတို့ ဖြစ်ကြသည်။

ဘရန့်(တ်)ဖို့တ် အသင်းသည် မေလ ၅ ရက်နေ့ တွင် အသင်း၏ တရားဝင် အွန်လိုင်း မီဒီယာ စာမျက်နှာများမှ“

ခက်ခဲသော ယခုအချိန်ကာလ၌ မြန်မာပြည်သူများ နှင့် အတူ ရင်ဘက်ချင်းနီးစပ် ရပ်တည်ကြောင်း” ကို ဖော်ပြခဲ့သည်။

————

ျမန္မာျပည္သူေတြနဲ႔ အတူ ရပ္တည္ေၾကာင္း ထုတ္ေဖာ္ျပသခဲ့သည့္ ဘရန္႔(တ္)ဖို႔တ္ (Brentfort) အသင္း အဂၤလန္ႏိုင္ငံ၏ အဆင့္ျမင့္ဆုံး ‘ပရီးမီးယားလိဂ္‘ သို႔ တန္းတက္ေရာက္ရွိ။

အဂၤလန္ ႏိုင္ငံ၏ ဒုတိယတန္း ေဘာလုံးၿပိဳင္ပြဲ ခ်န္ပီယံရွစ္တြင္ အဆင့္သုံး ရရွိေသာ ဘရန္႔(တ္)ဖို႔တ္ အသင္း သည္တန္းတက္ရႈံးထြက္ Play-off ဗိုလ္လုပြဲ၌ ဆြမ္ဆီး အသင္းကို ႏွစ္ဂိုး – ဂိုး မရွိ ျဖင့္ အႏိုင္ယူကာ ပရီးမီးယားလိဂ္ သို႔တန္းတက္ေရာက္ရွိသြားသည္။ ယခုႏွစ္ ခ်န္ပီယံရွစ္လိဂ္ မွ ပရီးမီးယားလိဂ္ သို႔ တန္းတက္ေရာက္ရွိသြားေသာအသင္းတို႔မွာ ဘရန္႔(တ္)ဖို႔တ္ အပါအဝင္ ေနာ့ဝစ္ခ်္ (Norwich) ၊ ဝက္ဖို႔တ္ (Watford) အသင္းတို႔ ျဖစ္ၾကသည္။

ဘရန္႔(တ္)ဖို႔တ္ အသင္းသည္ ေမလ ၅ ရက္ေန႔ တြင္ အသင္း၏ တရားဝင္ အြန္လိုင္း မီဒီယာ စာမ်က္ႏွာမ်ားမွ“

ခက္ခဲေသာ ယခုအခ်ိန္ကာလ၌ ျမန္မာျပည္သူမ်ား ႏွင့္ အတူ ရင္ဘက္ခ်င္းနီးစပ္ ရပ္တည္ေၾကာင္း” ကို ေဖာ္ျပခဲ့သည္။

  • Leave a Comment