မြန်မာငွေ သိန်း(၄၀၀) ကျော်နဲ့ အရောင်းအဝယ်ဖြစ်သွားတဲ့ အိမ်စိုက်အလှပန်းပင်လေး

ရှားပါးအိမ်စိုက် အလှပန်းပင်လေးတစ်ပင်ကို လေလံတင်ရာမှာ အမေရိကန်ဒေါ်လာ (၂၇၁၀၀)နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီပမာဏဟာ လက်ရှိငွေပေါက်ဈေးအရ မြန်မာငွေ သိန်းပေါင်း (၄၄၀)ကျော်ပါတယ်။

ဒီပန်းပင်လေးဟာ သာမန်မျက်လုံးနဲ့ကြည့်ရင်တော့ သိပ်ပြီး ထူးခြားမှု မရှိပါဘူး။ ပန်းပင်လေးရဲ့အမည်မှာ Variegated Minima ဖြစ်ပါတယ်။ လက်တင်အမည်အနေနဲ့တော့ TRACHELOSPERMUM ASIATICUM ‘VARIEGATUM’ ဖြစ်ပါတယ်။

အခု လေလံဈေးဟာ အိမ်စိုက်အလှပန်းပင်တွေထဲမှာတော့ ကမ္ဘာ့စံချိန်ကို ချိုးခဲ့တာဖြစ်ပါတယ်။ အလွန်ရှားပါးတဲ့ အလှစိုက်အပင်မျိုးဖြစ်ပြီး၊ ပြီးခဲ့တဲ့အပတ်က ကြမ်းခင်းဈေး ဒေါ်လာ(၉၀၀၀)နဲ့ စခဲ့တာပါ။

အဲဒီအချိန်တုန်းကတည်းက လူတွေအတွက် ရယ်စရာဖြစ်ခဲ့ပေမယ့် Trade Me လေလံဆိုက်မှာတော့ လူစိတ်ဝင်စားမှု များပြားပါတယ်။ အဆိုပါ လေလံဝက်ဆိုက်မှာ ” အရွက်တွေအသီးသီးမှာတော့ မြင်သာတဲ့ အဖြူအစိမ်းပြောက်ကျားကို တွေ့ရမှာပါ ..

ရိုးတံကလည်း ဒီအတိုင်းပါပဲ … ဒီအပင်လေးဟာ (၁၄)စင်တီအမြင့်ရှိတဲ့ အိုးထဲမှာ အမြစ်စွဲနေပါပြီ “လို့ ဖော်ပြထားပါတယ်။ (၂)ရက်အကြာမှာ ဈေးပြိုင်ကမ်းလှမ်းသူ (၂၄၈)ဦးအထိ ရှိခဲ့ပြီး၊ နောက်ထပ် (၄)ရက်အကြာမှာ အရောင်းအဝယ် ဖြစ်သွားပါတယ်။

နောက်ဆုံးပေးတဲ့ဈေးနှုန်းဟာ မူလကြမ်းခင်းဈေးထက် နှစ်ဆအထိ မြင့်တက်သွားခဲ့တာပါ။ Variegated Minima အပင်ဟာ vining plant လို့ခေါ်တဲ့ နွယ်ပင်မျိုးနွယ်ဖြစ်ပါတယ်။ မျိုးနွယ်တွေ မြောက်များစွာထဲမှာ-

ဒီအပင်လေးကတော့ အရွက်(၈)ရွက်ပါဝင်တဲ့ ထူးခြားမျိုးနွယ်ဖြစ်ပြီး၊ (၉)ရွက်မြောက် ရွှက်လွှာလောင်းလျာလေးကတော့ ပင်စည်အတွင်းကနေ အဆင်သင့် အပြင်ကိုရောက်ဖို့ စောင့်ဆိုင်းနေပါတယ်။

9News ရဲ့ဖော်ပြချက်အရ အိမ်စိုက်အလှပန်းပင်လေးတွေရဲ့ ပျမ်းမျှဈေးနှုန်းဟာ (၂၀၁၉) မေလအထိ (၃၄)ဒေါ်လာဝန်းကျင်သာ ရှိခဲ့ပေမယ့်၊ အခုလို ကိုဗစ်ကာလအတွင်းမှာတော့ ပန်းပင်လေးတွေရဲ့ဈေးနှုန်းဟာ (၈၂)ဒေါ်လာအထိ ရှိနေတယ်လို့ သိရပါတယ်။

လင်းသုတ

All Photo Credit

———

ရွားပါးအိမ္စုိက္ အလွပန္းပင္ေလးတစ္ပင္ကို ေလလံတင္ရာမွာ အေမရိကန္ေဒၚလာ (၂၇၁၀၀)နဲ႔ အေရာင္းအဝယ္ ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။ ဒီပမာဏဟာ လက္ရွိေငြေပါက္ေစ်းအရ ျမန္မာေငြ သိန္းေပါင္း (၄၄၀)ေက်ာ္ပါတယ္။

ဒီပန္းပင္ေလးဟာ သာမန္မ်က္လုံးနဲ႔ၾကည့္ရင္ေတာ့ သိပ္ၿပီး ထူးျခားမႈ မရွိပါဘူး။ ပန္းပင္ေလးရဲ႕အမည္မွာ Variegated Minima ျဖစ္ပါတယ္။ လက္တင္အမည္အေနနဲ႔ေတာ့ TRACHELOSPERMUM ASIATICUM ‘VARIEGATUM’ ျဖစ္ပါတယ္။

အခု ေလလံေစ်းဟာ အိမ္စုိက္အလွပန္းပင္ေတြထဲမွာေတာ့ ကမာၻ႕စံခ်ိန္ကုိ ခ်ိဳးခဲ့တာျဖစ္ပါတယ္။ အလြန္ရွားပါးတဲ့ အလွစုိက္အပင္မ်ိဳးျဖစ္ၿပီး၊ ၿပီးခဲ့တဲ့အပတ္က ၾကမ္းခင္းေစ်း ေဒၚလာ(၉၀၀၀)နဲ႔ စခဲ့တာပါ။

အဲဒီအခိ်န္တုန္းကတည္းက လူေတြအတြက္ ရယ္စရာျဖစ္ခဲ့ေပမယ့္ Trade Me ေလလံဆုိက္မွာေတာ့ လူစိတ္ဝင္စားမႈ မ်ားျပားပါတယ္။ အဆုိပါ ေလလံဝက္ဆုိက္မွာ ” အရြက္ေတြအသီးသီးမွာေတာ့ ျမင္သာတဲ့ အျဖဴအစိမ္းေျပာက္က်ားကို ေတြ႕ရမွာပါ ..

႐ုိးတံကလည္း ဒီအတုိင္းပါပဲ … ဒီအပင္ေလးဟာ (၁၄)စင္တီအျမင့္ရွိတဲ့ အုိးထဲမွာ အျမစ္စြဲေနပါၿပီ “လုိ႔ ေဖာ္ျပထားပါတယ္။ (၂)ရက္အၾကာမွာ ေစ်းၿပိဳင္ကမ္းလွမ္းသူ (၂၄၈)ဦးအထိ ရွိခဲ့ၿပီး၊ ေနာက္ထပ္ (၄)ရက္အၾကာမွာ အေရာင္းအဝယ္ ျဖစ္သြားပါတယ္။

ေနာက္ဆုံးေပးတဲ့ေစ်းႏႈန္းဟာ မူလၾကမ္းခင္းေစ်းထက္ ႏွစ္ဆအထိ ျမင့္တက္သြားခဲ့တာပါ။ Variegated Minima အပင္ဟာ vining plant လုိ႔ေခၚတဲ့ ႏြယ္ပင္မ်ိဳးႏြယ္ျဖစ္ပါတယ္။ မ်ိဳးႏြယ္ေတြ ေျမာက္မ်ားစြာထဲမွာ-

ဒီအပင္ေလးကေတာ့ အရြက္(၈)ရြက္ပါဝင္တဲ့ ထူးျခားမ်ိဳးႏြယ္ျဖစ္ၿပီး၊ (၉)ရြက္ေျမာက္ ရႊက္လႊာေလာင္းလ်ာေလးကေတာ့ ပင္စည္အတြင္းကေန အဆင္သင့္ အျပင္ကိုေရာက္ဖုိ႔ ေစာင့္ဆုိင္းေနပါတယ္။

9News ရဲ႕ေဖာ္ျပခ်က္အရ အိမ္စုိက္အလွပန္းပင္ေလးေတြရဲ႕ ပ်မ္းမွ်ေစ်းႏႈန္းဟာ (၂၀၁၉) ေမလအထိ (၃၄)ေဒၚလာဝန္းက်င္သာ ရွိခဲ့ေပမယ့္၊ အခုလုိ ကုိဗစ္ကာလအတြင္းမွာေတာ့ ပန္းပင္ေလးေတြရဲ႕ေစ်းႏႈန္းဟာ (၈၂)ေဒၚလာအထိ ရွိေနတယ္လုိ႔ သိရပါတယ္။

လင္းသုတ

Be the first to comment on "မြန်မာငွေ သိန်း(၄၀၀) ကျော်နဲ့ အရောင်းအဝယ်ဖြစ်သွားတဲ့ အိမ်စိုက်အလှပန်းပင်လေး"

Leave a comment

Your email address will not be published.


*