CDM လုပ်သွားတဲ့ စစ်ကိုင်းမြို့အချစ်တော် ရွှေလက်တစ်စုံ တပ်ကြပ်ကြီး မျိုးဝင်း

စစ်ကိုင်းမြို့ ရဲ့ဂုဏ်ကိုဆောင်တဲ့ ဂုဏ်ပြုသင့်တဲ့ရွေလက်တစ်စုံအားဂုဏ်ပြုပါ၏စစ်ကိုင်းမြို့ ရဲ့တစ်နေရာမှာ မမောနိုင်မပန်းနိုင် လမ်းရှင်းပေးနေသူကတော့ တပ်ကြပ်ကြီးမျိုးဝင်းဆိုသူပါ။

နေပူပူ မိုးရွာရွာ ပြည်သူအတွက် ပြည်သူတွေယာဉ်တိုက်မှုအန္တရာယ်ကင်းအောင် လူရှုပ်ထွေးရာ ယာဉ်ရှုပ်ထွေးရာ နေရာတွေမှာ သူရှိနေတတ်တယ်ကျောင်းဖွင့်ရာသီရောက်ပြီဆိုရင် ကျောင်းသားကျောင်းသူလေးတွေ အန္တရာယ်ကင်းအောင်အထက်တန်းကျောင်းနဲ့ မူလတန်းကျောင်းတွေနားမှာ အမြဲတိုင်းလမ်းရှင်းပေးနေသူက တပ်ကြပ်ကြီးမျိုးဝင်းဆိုသူပါဘဲ။

တပ်ကြပ်ကြီးမျိုးဝင်းဟာရဲတပ်သားလေးဘဝကနေ ယနေ့ တပ်ကြပ်ကြီးဘဝထိပြည်သူ့ မေတ္တာခံယူနေသူဖြစ်ပြီး လူ ချစ်လူခင်ပေါများတဲ့သူ တစ်ဦးအဖြစ်စစ်ကိုင်းမြို့လူထုရဲ့ချစ်ခင်ကြင်နာခြင်းတွေရရှိနေတဲ့သူဖြစ်ပါတယ်။

တပ်ကြပ်ကြီးမျိုးဝင်းဟာ ၁၉၉၉ ခုနှစ်ကစပြီး ရဲတပ်ဖွဲ့ထဲကိုဝင်ခဲ့တာလိုသိရပါတယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ၂၀၁၀ ခုနှစ်ထိမြို့နယ်မှူးနဲ့အတူ အနီးကပ်နေခဲ့တာဖြစ်ပြီး အဲ့ဒီကထဲက ပြည်သူအကျိုးပြုလုပ်ငန်းတွေကို ခရိုင်ယာဉ်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့အတူမြို့ပေါ်ဆင်းပြီး လုပ်ဆောင်ခဲ့ခြင်းကြောင့် မြို့လူထုရဲ့ချစ်ခင်လေးစားခြင်းကိုရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲ့သတ်မှတ်အရည်အ ချင်းကိုက်ညီလို ယာဉ်ထိန်းတပ်ဖွဲ့ဝင်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး စစ်ကိုင်းမြို့တွင်ယနေ့အချိန်ထိတာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်တပ်ကြပ်ကြီးမျိုးဝင်းရဲ့ဖော်ရွှေတဲ့အပြုံးရယ် သူရဲ့ခရာသံ လက်ပြနေတဲ့ သူပုံရိပ်တွေဟာပြည်သူတွေရဲ့ ရင်ထဲအသဲထဲမှာ စွဲစွဲမြဲမြဲ သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ ကျန်ရစ်နေမှာပါ။

စစ်ကိုင်းမြို့ရဲ့ဂုဏ်ဆောင်တဲ့ဂုဏ်ပြုသင့်တဲ့ရွှေလက်တစ်စုံအဖြစ် မြို့လူထုရဲ့အချစ်တော်လေးအား စစ်ကိုင်းသတင်းအဖွဲ့မှထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

———

စစ္ကိုင္းၿမိဳ႕ ရဲ႕ဂုဏ္ကိုေဆာင္တဲ့ ဂုဏ္ျပဳသင့္တဲ့ေ႐ြလက္တစ္စုံအားဂုဏ္ျပဳပါ၏စစ္ကိုင္းၿမိဳ႕ ရဲ႕တစ္ေနရာမွာ မေမာႏိုင္မပန္းႏိုင္ လမ္းရွင္းေပးေနသူကေတာ့ တပ္ၾကပ္ႀကီးမ်ိဳးဝင္းဆိုသူပါ။

ေနပူပူ မိုး႐ြာ႐ြာ ျပည္သူအတြက္ ျပည္သူေတြယာဥ္တိုက္မႈအႏၲရာယ္ကင္းေအာင္ လူရႈပ္ေထြးရာ ယာဥ္ရႈပ္ေထြးရာ ေနရာေတြမွာ သူရွိေနတတ္တယ္ေက်ာင္းဖြင့္ရာသီေရာက္ၿပီဆိုရင္ ေက်ာင္းသားေက်ာင္းသူေလးေတြ အႏၲရာယ္ကင္းေအာင္အထက္တန္းေက်ာင္းနဲ႔ မူလတန္းေက်ာင္းေတြနားမွာ အၿမဲတိုင္းလမ္းရွင္းေပးေနသူက တပ္ၾကပ္ႀကီးမ်ိဳးဝင္းဆိုသူပါဘဲ။

တပ္ၾကပ္ႀကီးမ်ိဳးဝင္းဟာရဲတပ္သားေလးဘဝကေန ယေန႔ တပ္ၾကပ္ႀကီးဘဝထိျပည္သူ႔ ေမတၱာခံယူေနသူျဖစ္ၿပီး လူ ခ်စ္လူခင္ေပါမ်ားတဲ့သူ တစ္ဦးအျဖစ္စစ္ကိုင္းၿမိဳ႕လူထုရဲ႕ခ်စ္ခင္ၾကင္နာျခင္းေတြရရွိေနတဲ့သူျဖစ္ပါတယ္။

တပ္ၾကပ္ႀကီးမ်ိဳးဝင္းဟာ ၁၉၉၉ ခုႏွစ္ကစၿပီး ရဲတပ္ဖြဲ႕ထဲကိုဝင္ခဲ့တာလိုသိရပါတယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွာ ၂၀၁၀ ခုႏွစ္ထိၿမိဳ႕နယ္မႉးနဲ႔အတူ အနီးကပ္ေနခဲ့တာျဖစ္ၿပီး အဲ့ဒီကထဲက ျပည္သူအက်ိဳးျပဳလုပ္ငန္းေတြကို ခ႐ိုင္ယာဥ္စည္း ကမ္းထိန္းသိမ္းေရးအဖြဲ႕နဲ႔အတူၿမိဳ႕ေပၚဆင္းၿပီး လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ ၿမိဳ႕လူထုရဲ႕ခ်စ္ခင္ေလးစားျခင္းကိုရရွိခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္မွာ ယာဥ္ထိန္းရဲတပ္ဖြဲ႕ ရဲ႕သတ္မွတ္အရည္အ ခ်င္းကိုက္ညီလို ယာဥ္ထိန္းတပ္ဖြဲ႕ဝင္အျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီး စစ္ကိုင္းၿမိဳ႕တြင္ယေန႔အခ်ိန္ထိတာဝန္ေပးအပ္ျခင္း ခံခဲ့ရပါတယ္တပ္ၾကပ္ႀကီးမ်ိဳးဝင္းရဲ႕ေဖာ္ေ႐ႊတဲ့အၿပဳံးရယ္ သူရဲ႕ခရာသံ လက္ျပေနတဲ့ သူပုံရိပ္ေတြဟာျပည္သူေတြရဲ႕ ရင္ထဲအသဲထဲမွာ စြဲစြဲၿမဲၿမဲ သမိုင္းမွတ္တိုင္တစ္ခုအေနနဲ႔ က်န္ရစ္ေနမွာပါ။

စစ္ကိုင္းၿမိဳ႕ရဲ႕ဂုဏ္ေဆာင္တဲ့ဂုဏ္ျပဳသင့္တဲ့ေ႐ႊလက္တစ္စုံအျဖစ္ ၿမိဳ႕လူထုရဲ႕အခ်စ္ေတာ္ေလးအား စစ္ကိုင္းသတင္းအဖြဲ႕မွထပ္ဆင့္ဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။

Be the first to comment on "CDM လုပ်သွားတဲ့ စစ်ကိုင်းမြို့အချစ်တော် ရွှေလက်တစ်စုံ တပ်ကြပ်ကြီး မျိုးဝင်း"

Leave a comment

Your email address will not be published.


*