လေပြင်းတိုက်ခတ်နိုင်သောဒေသနှင့် မိုးကြီးလာနိုင်သော ဒေသများကို အသိပေးခြင်း

16.6.2021

လေပြင်းတိုက်ခတ်နိုင်သောဒေသနှင့်မိုးကြီးလာနိုင်သော ဒေသများကို အသိပေးခြင်း

လက်ရှိ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရခိုင်ပြည်နယ်‌ဒေသအချို့မှာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိ‌တယ်။

ယနေ့ လေထုအနေအထားအရမွန်ပြည်နယ်ကျိုက်ထို အနီးတဝိုက်မှာလေထု ဖိအား ကျဆင်းနေတာကိုတွေမြင်ရပါတယ်။

ကပ္ပလီပင်လယ်နှင့်ဘင်္ဂလားပင်လယ် မြောက်ဘက်မှာမုတ်သုန်အားကောင်းနေတာကိုတွေမြင်ရပါတယ်။

တခါတစ်ရံ မှာလေပြင်းတွေလည်း တိုက်ခတ်လာနိုင်တဲ့ပုံစံမျိုးတွေ လည်းတွေ့နေရပါတယ်။

ဖြစ်လာနိုင်တာကဖိအားနည်း နေရာကိုအားကောင်းနေတဲ့ မုတ်သုန် တိုးဝင်လာနိင်ပြီးမိုးတိမ် ဧရိယာ ကျယ်ပြန့်လာနိုင်တဲ့ပုံမျိုးပါ။

ဒါကြောင့်

မွန်ပြည်နယ်ဒေသများကရင်ပြည်နယ်ဒေသတနင်္သာရီတိုင်း‌ဒေသတွေမိုးကြီးလာနိုင်သေးတယ်။

မွန်ပြည်နယ် ကျိုက်ထိုနှင့် မုတ္တမကြားဒေသတွေမှာမိုးတအားကြီးနိုင်တယ်။

စိုးရိမ်စရာက ဒီဒေသတွေမှာတောင်ပြိုခြင်း‌ဖြစ်စဉ်‌တွေဖြစ်ခဲ့ဘူးတော့ဒီလိုမိုးကြီးလာရင်စိုးရိမ်မှု့တော့ ဖြစ်လာနိုင်ပါတယ်။

ရန်ကုန်တိုင်း ပဲခူးတိုင်းလည်းမိုးကြီးလာနိုင်သေးတယ်။

ရန်ကုန်တိုင်း ကတော့ ရေဝပ်တဲ့နေရာတွေရေစီးဆင်းမှု့နည်းတဲ့ဒေသတွေတော့ ရေလျံခြင်းဖြစ်စဉ်တွေ ထပ်မံကြုံတွေ့လာနိုင်ပါတယ်။

ကျန်ပြည်နယ်တိုင်းတွေကတော့ဒေသလိုက်ပြီး မိုးရွာသွန်းမှာပါ။

နေရာကွက်မိုးကြီးမှုတွေလေပြင်းတိုက်ခတ်မှု့တွေ ရှိလာနိုင်ပါတယ်။

အထူးသဖြစ် မန္တလေးတိုင်း အနီးတဝိုက်မြစ်ဝကျွန်းပေါ်ဒေသရခိုင်ပြည်နယ်ချင်းပြည်နယ်ကချင်ပြည်နယ်မကွေးတိုင်းရှမ်းပြည်နယ်ဘက်တွေမှာလေပြင်းတိုက်ခတ်မှု့တွေကြုံတွေလာနိုင်ပါတယ်။

မန္တလေးတိုင်းဘက်မှာ ပြင်းထန်နိုင်ပါတယ်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားမြောက်ပိုင်းနှင့်ဆက်စပ်နေသောမြန်မာ့ပင်လယ်ပြင်ကမ်းနီးကမ်းဝေးနှင့်ဒေသများမိုးသက်လေပြင်းများကျရောက်နိုင်ပါတယ်။

မိုးသက်လေပြင်းကျစဉ် လေပြင်မြေပြင်လေတိုက်နှုန်း တစ်နာရီမိုင် 40 ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းအမြင့် ရခိုင်ကမ်းလွန် အမြင့်ဆုံး 11 ပေမွန်တနင်္သာရီကမ်းလွန်မှာ 8 ပေထိ ရှိနိုင်ပါတယ်။

နောက်နေ့တွေမှာလည်းရန်ကုန်တိုင်းမြစ်ဝကျွန်းပေါ်ဒေသရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ဒေသအချို့မှာ မိုးဆက်လက်ရွာသွန်းနိုင်ပါတယ်လို့ခန့်မှန်းမိပါတယ်။

HtayAung

———

16.6.2021







ဒါကြောင့်












HtayAung

Be the first to comment on "လေပြင်းတိုက်ခတ်နိုင်သောဒေသနှင့် မိုးကြီးလာနိုင်သော ဒေသများကို အသိပေးခြင်း"

Leave a comment

Your email address will not be published.


*