ရေကိုသာ သောက်ဖို့ ပြောခဲ့တဲ့ ရော်နယ်ဒိုကြောင့် ကိုလာကုမ္ပဏီ ဒေါ်လာ(၄)ဘီလီယံအရှုံးပေါ်

နာမည်ကြီးပုဂ္ဂိုလ်တွေဟာ ဈေးကွက်တစ်ခုရဲ့ ရောင်းအားကို မြှင့်တင်ရာမှာ အကောင်းဆုံး ကြော်ငြာကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နာမည်ကြီးတဲ့ အတိုင်းအတာပေါ်မူတည်ပြီး အဲဒီပုဂ္ဂိုလ်တွေရဲ့ ပတ်ပတ်လည်မှာ စပွန်ဆာတွေ ဝိုင်းနေတတ်ပါတယ်။ မကြာသေးခင်က နာမည်ကျော် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ လုပ်ရပ်ကို အားလုံး သိလိုက်ကြမယ်ထင်ပါတယ်။

အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ဟန်ဂေရီအသင်းနဲ့မကန်ခင် အကြိုသတင်းစာရှင်းလင်းပွဲမှာ သူ့ရှေ့မှာရှိတဲ့ ကိုကာကိုလာပုလင်းနှစ်လုံးကို မြင်ကွင်းကနေ ဖယ်ရှားပြီး၊ ရေကိုသာ သောက်ကြဖို့ ပြောခဲ့တာပါ။ သူ့သဘောက ကိုလာကုမ္ပဏီကို နစ်နာစေလိုတာထက်၊ ပရိသတ်ကြီးကို ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရစေချင်လို့ဆိုတာ မြင်သာစေမှာပါ။

UEFA Euro 2020 ပွဲမှာ ကိုကာကိုလာကလည်း အဓိက စပွန်ဆာကုမ္ပဏီတွေထဲမှာ ပါဝင်ပါတယ်။ စီရော်နယ်ဒိုရဲ့လုပ်ရပ်ဟာ စပွန်ဆာကုမ္ပဏီတွေအပေါ် ကစားသမားတွေ တစ်ဦးချင်းလိုက်နာရမယ့် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကနေ သွေဖယ်နေသလားဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ကိုကာကိုလာ ကုမ္ပဏီအနေနဲ့ ရှယ်ယာတွေ ချက်ချင်းထိုးကျခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့ လုပ်ရပ်မတိုင်မီက ကိုလာကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းဟာ (၅၆.၁၀)ဒေါ်လာ ရှိခဲ့ပြီး၊ ဒီဖြစ်ရပ်နောက် (၅၅.၂၂)အထိ ထိုးကျသွားပါတယ်။ ရှယ်ယာဇယား မပိတ်ခင်မှာ ကုမ္ပဏီအဖို့ ရှယ်ယာဈေးနှုန်း (၅၅.၄၄)အထိ ပြန်တက်အောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း၊ အဲဒီနေ့က ကုမ္ပဏီရဲ့တန်ဖိုးဟာ (၁.၆)%အထိ သိသိသာသာ ထိုးကျသွားပါတယ်။

ဆိုရရင် ဈေးကွက်တန်ဖိုး ဒေါ်လာ(၂၄၂)ဘီလီယံကနေ (၂၃၈)ဘီလီယံအထိ ထိုးကျသွားပြီး၊ နစ်နာခဲ့ရမှုဟာ အချိန်ပိုင်းအတွင်း ဒေါ်လာ (၄)ဘီလီယံအထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဈေးကွက်တစ်ခုမှာ အလွန်ကြောက်စရာကောင်းတဲ့ သိသိသာသာ ထိုးနှက်ချက်တစ်ခုပါ။ စီရော်နယ်ဒိုက သတင်းထောက်တွေရှေ့မှာ ကိုလာဘူးတွေကို ဘေးဖယ်ပြီး ” ရေပဲ သောက်ကြ”ဆိုပြီး ရိုးရိုးလေး ပြောခဲ့တာပါ။

ကိုလာကုမ္ပဏီဘက်က တာဝန်ရှိသူတွေက စီရော်နယ်ဒိုရဲ့ လုပ်ရပ်ကို ချက်ချင်းတုန့်ပြန်ခဲ့ပါတယ်။ သူတို့ တုန့်ပြန်မှုမှာတော့ ” လူတိုင်းမှာ အရသာနဲ့ လိုအင်ဆန္ဒပေါ်မူတည်ပြီး မိမိတို့သဘောကျတဲ့အရာတွေကို သောက်သုံးဖို့ ရွေးချယ်ခွင့်ရှိတယ်”လို့ ပြောပါတယ်။ ကိုလာတာဝန်ရှိသူတစ်ဦးက ဆက်လက်ပြီး-

” သတင်းစာရှင်းလင်းပွဲမှာ ကစားသမားတွေက ရေရယ်၊ ကိုလာရယ်၊ နောက်ပြီး သကြားလုံးဝမပါတဲ့ ကိုလာရယ်ကို တောင်းဆိုခဲ့လို့ ဒီလို စီစဉ်ပေးဖြစ်ခဲ့တာ “လို့ ပြောပါတယ်။ ရော်နယ်ဒိုဟာ အခြားနာမည်ကြီး ကစားသမားတွေကဲ့သို့ပင် ယခင်က ကိုကာကိုလာ ကြော်ငြာများမှာ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ဖူးသူပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကလည်း သတင်းစာရှင်းလင်းပွဲစားပွဲပေါ်ရှိ သူ့ရှေ့မှာရှိတဲ့ ဘီယာပုလင်းတွေကို ဖယ်ရှားခဲ့ဖူးပါသေးတယ်။ စီရော်နယ်ဒိုဟာ နေ့စဉ်စားတဲ့အစားအစာထဲမှာ သကြား လုံးဝရှောင်သူပါ။

သူဟာ Fad diet ကို အစဉ်လိုက်နာသူဖြစ်ပြီး၊ ရေကိုတော့ မပြတ်သောက်လေ့ရှိပါသတဲ့။ သူဟာ လက်ရှိမှာ အသက်(၃၆)နှစ်ဖြစ်သော်လည်း ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်အရ သူဟာ အသက်(၄၀)လောက်အထိ အေးအေးဆေးဆေး ကစားနိုင်ဖို့ရှိတယ်လို့ ဆိုပါတယ်။

———–

နာမည္ႀကီးပုဂၢိဳလ္ေတြဟာ ေဈးကြက္တစ္ခုရဲ႕ ေရာင္းအားကို ျမႇင့္တင္ရာမွာ အေကာင္းဆုံး ေၾကာ္ျငာကိုယ္စားလွယ္ေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း နာမည္ႀကီးတဲ့ အတိုင္းအတာေပၚမူတည္ၿပီး အဲဒီပုဂၢိဳလ္ေတြရဲ႕ ပတ္ပတ္လည္မွာ စပြန္ဆာေတြ ဝိုင္းေနတတ္ပါတယ္။ မၾကာေသးခင္က နာမည္ေက်ာ္ ေပၚတူဂီတိုက္စစ္မႉး စီေရာ္နယ္ဒိုရဲ႕ လုပ္ရပ္ကို အားလုံး သိလိုက္ၾကမယ္ထင္ပါတယ္။

အသင္းေခါင္းေဆာင္ စီေရာ္နယ္ဒိုဟာ ဟန္ေဂရီအသင္းနဲ႔မကန္ခင္ အႀကိဳသတင္းစာရွင္းလင္းပြဲမွာ သူ႔ေရွ႕မွာရွိတဲ့ ကိုကာကိုလာပုလင္းႏွစ္လုံးကို ျမင္ကြင္းကေန ဖယ္ရွားၿပီး၊ ေရကိုသာ ေသာက္ၾကဖို႔ ေျပာခဲ့တာပါ။ သူ႔သေဘာက ကိုလာကုမၸဏီကို နစ္နာေစလိုတာထက္၊ ပရိသတ္ႀကီးကို က်န္းမာေပ်ာ္႐ႊင္တဲ့ဘဝကို ရေစခ်င္လို႔ဆိုတာ ျမင္သာေစမွာပါ။

UEFA Euro 2020 ပြဲမွာ ကိုကာကိုလာကလည္း အဓိက စပြန္ဆာကုမၸဏီေတြထဲမွာ ပါဝင္ပါတယ္။ စီေရာ္နယ္ဒိုရဲ႕လုပ္ရပ္ဟာ စပြန္ဆာကုမၸဏီေတြအေပၚ ကစားသမားေတြ တစ္ဦးခ်င္းလိုက္နာရမယ့္ ေစာင့္ထိန္းရမယ့္ က်င့္ဝတ္ေတြကေန ေသြဖယ္ေနသလားဆိုတာ မေသခ်ာပါဘူး။ ဒါေပမယ့္ ကိုကာကိုလာ ကုမၸဏီအေနနဲ႔ ရွယ္ယာေတြ ခ်က္ခ်င္းထိုးက်ခဲ့ပါတယ္။

စီေရာ္နယ္ဒိုရဲ႕ လုပ္ရပ္မတိုင္မီက ကိုလာကုမၸဏီရဲ႕ ရွယ္ယာေဈးႏႈန္းဟာ (၅၆.၁၀)ေဒၚလာ ရွိခဲ့ၿပီး၊ ဒီျဖစ္ရပ္ေနာက္ (၅၅.၂၂)အထိ ထိုးက်သြားပါတယ္။ ရွယ္ယာဇယား မပိတ္ခင္မွာ ကုမၸဏီအဖို႔ ရွယ္ယာေဈးႏႈန္း (၅၅.၄၄)အထိ ျပန္တက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေသာ္လည္း၊ အဲဒီေန႔က ကုမၸဏီရဲ႕တန္ဖိုးဟာ (၁.၆)%အထိ သိသိသာသာ ထိုးက်သြားပါတယ္။

ဆိုရရင္ ေဈးကြက္တန္ဖိုး ေဒၚလာ(၂၄၂)ဘီလီယံကေန (၂၃၈)ဘီလီယံအထိ ထိုးက်သြားၿပီး၊ နစ္နာခဲ့ရမႈဟာ အခ်ိန္ပိုင္းအတြင္း ေဒၚလာ (၄)ဘီလီယံအထိ ရွိခဲ့တာျဖစ္ပါတယ္။ ဒါဟာ ေဈးကြက္တစ္ခုမွာ အလြန္ေၾကာက္စရာေကာင္းတဲ့ သိသိသာသာ ထိုးႏွက္ခ်က္တစ္ခုပါ။ စီေရာ္နယ္ဒိုက သတင္းေထာက္ေတြေရွ႕မွာ ကိုလာဘူးေတြကို ေဘးဖယ္ၿပီး ” ေရပဲ ေသာက္ၾက”ဆိုၿပီး ႐ိုး႐ိုးေလး ေျပာခဲ့တာပါ။

ကိုလာကုမၸဏီဘက္က တာဝန္ရွိသူေတြက စီေရာ္နယ္ဒိုရဲ႕ လုပ္ရပ္ကို ခ်က္ခ်င္းတုန႔္ျပန္ခဲ့ပါတယ္။ သူတို႔ တုန႔္ျပန္မႈမွာေတာ့ ” လူတိုင္းမွာ အရသာနဲ႔ လိုအင္ဆႏၵေပၚမူတည္ၿပီး မိမိတို႔သေဘာက်တဲ့အရာေတြကို ေသာက္သုံးဖို႔ ေ႐ြးခ်ယ္ခြင့္ရွိတယ္”လို႔ ေျပာပါတယ္။ ကိုလာတာဝန္ရွိသူတစ္ဦးက ဆက္လက္ၿပီး-

” သတင္းစာရွင္းလင္းပြဲမွာ ကစားသမားေတြက ေရရယ္၊ ကိုလာရယ္၊ ေနာက္ၿပီး သၾကားလုံးဝမပါတဲ့ ကိုလာရယ္ကို ေတာင္းဆိုခဲ့လို႔ ဒီလို စီစဥ္ေပးျဖစ္ခဲ့တာ “လို႔ ေျပာပါတယ္။ ေရာ္နယ္ဒိုဟာ အျခားနာမည္ႀကီး ကစားသမားေတြကဲ့သို႔ပင္ ယခင္က ကိုကာကိုလာ ေၾကာ္ျငာမ်ားမွာ ကိုယ္တိုင္ပါဝင္ပတ္သက္ခဲ့ဖူးသူပါ။

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ အစၥလာမ္ဘာသာဝင္တစ္ဦးျဖစ္တဲ့ ျပင္သစ္ကြင္းလယ္လူ ေပါလ္ေပါ့ဂ္ဘာကလည္း သတင္းစာရွင္းလင္းပြဲစားပြဲေပၚရွိ သူ႔ေရွ႕မွာရွိတဲ့ ဘီယာပုလင္းေတြကို ဖယ္ရွားခဲ့ဖူးပါေသးတယ္။ စီေရာ္နယ္ဒိုဟာ ေန႔စဥ္စားတဲ့အစားအစာထဲမွာ သၾကား လုံးဝေရွာင္သူပါ။

သူဟာ Fad diet ကို အစဥ္လိုက္နာသူျဖစ္ၿပီး၊ ေရကိုေတာ့ မျပတ္ေသာက္ေလ့ရွိပါသတဲ့။ သူဟာ လက္ရွိမွာ အသက္(၃၆)ႏွစ္ျဖစ္ေသာ္လည္း ကြၽမ္းက်င္သူေတြရဲ႕ခန႔္မွန္းခ်က္အရ သူဟာ အသက္(၄၀)ေလာက္အထိ ေအးေအးေဆးေဆး ကစားႏိုင္ဖို႔ရွိတယ္လို႔ ဆိုပါတယ္။

လင်းသုတ

All Photo Credit

Be the first to comment on "ရေကိုသာ သောက်ဖို့ ပြောခဲ့တဲ့ ရော်နယ်ဒိုကြောင့် ကိုလာကုမ္ပဏီ ဒေါ်လာ(၄)ဘီလီယံအရှုံးပေါ်"

Leave a comment

Your email address will not be published.


*