ဇော်မင်းထွန်း အပါအဝင် (၈)ဦးကို အီးယူက စီးပွါးရေးပိတ်ဆို့ အရေးယူ

sစ်ကောင်စီမှာ ပါဝင်သူ ရှစ်ဦး၊ သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း သုံးခုနဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့တို့ကို ဥရောပသမဂ္ဂ အီးယူက ပိတ်ဆို့အရေးယူတဲ့စာရင်းထဲ ဇွန်လ ၂၁ ရက်က ထပ်တိုးထည့်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စီမံကိန်းဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဝန်ကြီး ဦးဝင်းရှိန်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ၊

ပို့ဆောင်ဆက်သွယ်ရေးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး၊ ဗိုလ်ချုပ်အောင်လင်းထွန်းနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ရှစ်ဦးကို အီးယူက ပိတ်ဆို့အရေးယူလိုက်တာပါ။

ဒါ့ကြောင့် လက်ရှိမှာ ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီဝင် စုစုပေါင်း ၄၃ ဦးနဲ့ ဦးပိုင်အပါအဝင် စီးပွားရေးလုပ်ငန်း ခြောက်ခု ရှိသွားပါပြီ။

ပိတ်ဆို့အရေးယူမှုထဲမှာ ဥရောပနိုင်ငံတွေမှာရှိတဲ့ သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားတာ၊ သူတို့တွေအတွက် ငွေကြေးအကူအညီတွေမပေးတာ၊ ဥရောပနိုင်ငံတွေကို လာရောက်ခွင့်နဲ့ ဖြတ်သန်းခွင့်မပြုတာတို့ပါဝင်ပါတယ်။

———–

sစ္ေကာင္စီမွာ ပါဝင္သူ ရွစ္ဦး၊ သူတို႔ပိုင္ဆိုင္တဲ့ စီးပြားေရးလုပ္ငန္း သုံးခုနဲ႔ စစ္ျပန္စစ္မႈထမ္းေဟာင္းအဖြဲ႕တို႔ကို ဥေရာပသမဂၢ အီးယူက ပိတ္ဆို႔အေရးယူတဲ့စာရင္းထဲ ဇြန္လ ၂၁ ရက္က ထပ္တိုးထည့္လိုက္ပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီအဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ နယ္စပ္ေရးရာဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္၊ စီမံကိန္းဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဝန္ႀကီး ဦးဝင္းရွိန္၊ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးခင္ေမာင္ရီ၊

ပို႔ေဆာင္ဆက္သြယ္ေရးဌာနဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒၚသီတာဦး၊ ဗိုလ္ခ်ဳပ္ေအာင္လင္းထြန္းနဲ႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းတို႔ ရွစ္ဦးကို အီးယူက ပိတ္ဆို႔အေရးယူလိုက္တာပါ။

ဒါ့ေၾကာင့္ လက္ရွိမွာ ဥေရာပသမဂၢက ပိတ္ဆို႔အေရးယူထားတဲ့ အာဏာသိမ္းစစ္ေကာင္စီဝင္ စုစုေပါင္း ၄၃ ဦးနဲ႔ ဦးပိုင္အပါအဝင္ စီးပြားေရးလုပ္ငန္း ေျခာက္ခု ရွိသြားပါၿပီ။

ပိတ္ဆို႔အေရးယူမႈထဲမွာ ဥေရာပႏိုင္ငံေတြမွာရွိတဲ့ သူတို႔ေတြရဲ႕ ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းထားတာ၊ သူတို႔ေတြအတြက္ ေငြေၾကးအကူအညီေတြမေပးတာ၊ ဥေရာပႏိုင္ငံေတြကို လာေရာက္ခြင့္နဲ႔ ျဖတ္သန္းခြင့္မျပဳတာတို႔ပါဝင္ပါတယ္။

  • Leave a Comment