ကြက်သီးထလောက်အောင် မှန်နေတဲ့ ကလေးဝဆရာတော်ဘုရားကြီး၏ အနာဂါတ် မြန်မာပြည် ဟောစာတမ်းများ

(လက်ရှိအခြေနေတွေနဲ့ ကွက်တိပဲ.. ကျန်တဲ့ဟောစာတမ်းတွေကလဲ တကယ်များ မှန်လေအုံးမလား…?)

တိုင်းပြည်အနာဂါတ်အတွက် ဘောင်းဘီဝတ်တွေ လာလိမ့်မည်။ ဘုရားအဆူဆူမှာ စစ်ဖိနပ်သံတွေ ကြားရလိမ့်မည်။

ရေစက်ခွက်ကိုင်လည်း ဘောင်းဘီဝတ်တွေပဲ..။

(၂၀၀၀)နှစ်ထောင်ခုနှစ်မှစ၍ မြတ်ဘုရား၏သာသနာကို သိကြားကူလို့.. စောင့်ရှောက်မည်။

နဂါးတွေကို သာသနာကူဖို့..သိကြားက တာဝန်ပေးလိုက်ပြီ..။ကပ်ဆေးလိမ့်မည်..။ အမည်အသစ်နဲ့အနာရောဂါတွေ ပေါ်လာမယ်..။

ကူးစက်မြန်သည့်ကာလဝမ်း အနာမျိုးလိုပဲ..။ပိုးမွှားအနာပေါ့လေ..။ ရေတွေကြီးမယ်..။ မီးတွေလောင်မယ်..။ မြေကမ္ဘာမှာမီးတောင်သေတွေ ပြန်ရှင်မယ်..။

အစုလိုက်အပုံလိုက် သေကျေပျက်စီးမယ်။ အခွန်ဘဏ္ဍာတွေ ကြက်အစာကောက်သလို..ဇလုတ်မောက်အောင်ကောက်လိမ့်မည်.။ချစ်တီးခေါင်း လယ်ထွန်မယ်..။ များများချမ်းသာချင်သူတွေ များများဒုက္ခရောက်မယ်။

ဂုမ္ဘဏ် ဘီလူးတပ်တွေ လူ့ပြည်ကိုဝင်စီးမယ်။ သဘာဝဘေးနဲ့အတူ စစ်ဘေးတွေ ပါလာလိမ့်မယ်..။

တစ်ကျပ်မှာ တစ်မတ်ပဲ ကျန်မယ်။ အဖေကလည်း သားကို မကယ်နိုင် သားကလည်း အဖေကို မကယ်နိုင်..။

ခေတ်ဆိုးကာလဆိုးနဲ့ ကြုံလိမ့်မယ်။ ကပ်ကြီးသုံးပါး လာလိမ့်မယ်။ သရဏဂုံ တည်ကြ..။ငါး ပါးသီလ မြဲကြ။ ခေတ်ဆိုးကြီးလာမယ်..။ ဆိုးပြီးပျက်ပြီးမှ..မင်းကောင်းမင်းမြတ် ထူးခြားစွာ ပေါ်မယ်..။

မှီအောင်ကြိုးစားကြ မြန်မာတွေ စိတ်ရောကိုယ်ပါချမ်းသာပြီး..သေသည့်လူတွေကို သတိတရ ရှိမယ်..။ဒုတိယ အမေရိကန် ဖြစ်မယ်..။

တစ်ရာ့တစ်ပါးလူမျိုးတွေ လာရောက်ပြီး ဉီးခိုက်လိမ့်မည်..။သာသနာ အရောင်အဝါ..ကမ္ဘာကို ပြန်လင်းမယ်..။ မှီအောင်ကြိုးစားကြ..။

မင်းလေးပါးစုံ ရွှေတိဂုံကိန်း ပေါ်လိမ့်မည်။ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊မြန်မာ.. မင်းလေးပါး၏ ဉာဏ်ရည်စစ်ပွဲတွေ ရှိတယ်။

နောင်ပေါ်မည့်မင်းသည်..ဓမ္မရာဇာမင်းပဲ၊ တရားစောင့်လိမ့်မည်၊ စကြာမင်းကဲ့သို့ ဘုန်းကြီးမယ်..။လူစွမ်းကောင်းလေးယောက် ရောက်ပါမည်. ။ တစ်ယောက်က မြေကြောရှုံ့နိုင်၏..။

တစ်ယောက်က ဩဇာတိက္ခမ ကြီး၏..။ တစ်ယောက်က အရပ်လေးမျက်နှာမှ..ရန်သူအပေါင်းကို ဖြိုခွင်းနိုင်၏..။တစ်ယောက်က ပြဒါးသေပြီး..တိုင်းပြည်အဝန်း ဝလင်စွာကျွေးနိုင်၏..။

ပဒေသာပင်သီးသည့်ခေတ်ကြီးပြန်ရောက်လိမ့်မည်။ ယခုမြင်နေရသည့်တောင်တွေဟာ..စိန်တောင် ရွှေတောင်ပတ္တမြားတောင်တွေပဲ..။

အဲ့ဒီခေတ်ကြီးကို မှီအောင်ကြိုးစားကြ..။ ယုံကြည်ရင် ပတ္တမြား.၊ မယုံကြည်ရင် အလကား..၊ ဝိဇ္ဇာစကားဆိုတာ..အမှန်နဲ့အမှား.. အချိန်ကာလခြားမှ သိရမည်..။

အဘိုးကလေးဝ ဆရာတော်။ မှတ်စု မူရင်းအတိုင်း ဗဟုသုတအဖြစ်နှင့် ဖေါ်ပြလိုက်ပါသည်..

ဆရာတော်ကြီး၏ သီလဂုဏ်၊ ပညာဂုဏ်၊ သမာဓိဂုဏ်တို့ကို ရိုသေစွာ ကန်တော့ပါ၏..။

Credit to original

  • Leave a Comment