အ‌ဖြေထွက်‌နေပြီဖြစ်သောပုစ္ဆာနဲ့ တော်လှန်ရေးဇာတ်သိမ်း (သို့) တဖက်သက်ကစားပွဲနဲ့ ပြည်သူ့စည်းလုံးညီညွတ်မှု အင်အား [ ချီးနား UN VS ကမ္ဘာ နဲ့ မြန်မာ ]

အ‌ဖြေထွက်‌နေပြီဖြစ်သောပုစ္ဆာနဲ့ တော်လှန်ရေးဇာတ်သိမ်း (သို့) တဖက်သက်ကစားပွဲနဲ့ ပြည်သူ့စည်းလုံးညီညွတ်မှု အင်အား [ ချီးနား UN VS ကမ္ဘာ နဲ့ မြန်မာ ]

ကစားပွဲစီစဉ်သူက ချီးနားတျုတ်

ဒိုင်က UN

စကစကို အချိန်ဆွဲ ပေးကစားထားပြီး NUG ကို ဘောလီပေါပုတ် ခြေယောင်ပြ ရှေ့တိုး နောက်ဆုတ် လုပ်ထားတာ လယ်ဗယ်ယှဉ်ပြေးပြီး ပန်းတိုင်ရောက်သူ လက်ခံမယ်ဆိုတဲ့ အကြံနဲ့

သို့ပေမယ့် ကမ္ဘာ့အဖွဲ့စည်းအင်အားပါ၀င် ထောက်ခံမှု ပြည်သူအင်အားပါ၀င် ဆော်ဩမှုကြောင့် ဒိူင်ဖြစ်သူ UN ဟာ ဘက်လိုက်မရပဲ NUG ပဲ တဖြေးဖြေး တွန်းအား‌ကြောင့် နဲ့နဲ့လာပြီး ရွေ့လာနေတယ်

ခုနေထားက တိမ်းစောင်းနေဟန်အနေထား တည့်တည့်မက်မက် မကျသေး လက်မခံသေးဘူး ချီးနားအရှိန်ဝါကြောင့် စကစကိူ ရသလောက် အချိန်ဆွဲ ကာပေး ကစား‌နေတာ

ဒီတော့ စကစဟာလည်း အာဏာစသိမ်းကတည်းက သူတိူ့နိုင်မယ် တွက်ထားပြီးသား အကြောင်းက စစ်တပ်ဟာ တွက်ချက်ပြီးမှ အကြံနဲ့လုပ်တဲ့သူတွေ ဒီတော့ ပွဲစမှာ နိုင်မယ်လို့ တထစ်ချသက်မှတ် လုပ်ခဲ့ပေမယ့် ခုနေထားမှာ ပြည်သူအင်အားက လျော့မကျသွားတဲ့အတွက်

နောက် ကမ္ဘာ့နိုင်ငံရေးစာမျက်နှာ လုပ်ဆောင်မှုတွေ အနေထားအရ စကစဟာ ဒီပွဲ အနိုင်ရလာဒ်ကို ၂၀% သာ ထားထားပြီး ၈၀% လောက်က အရှုံးတော့မခံဘူး ရသလောက် တွယ်ကပ်ဖိထား အုပ်စိုးကြည့်အုံးမယ်ဆိုတဲ့ အနေထားမျိုးနဲ့သာ ရပ်တည် လုပ်‌ဆောင်နေတာကို တွေ့ရတယ်

သဘောက သူတိူ့အနေထား သူတို့သိသလို UN အချိန်ဆွဲပေးထားမှုမှာလည်း ပြည်သူကြောင့် ဂွင်တွေ ရလာဒ်တွေပျက်ပြီး မလိုက်နိုင်တဲ့အတွက် ပြည်သူနဲ့ NUG အလေးသာနေမှုကို UN က လက်မခံချင်လည်း ရလာဒ်အနေနဲ့ လက်ခံ ထောက်ခံလာရတော့တယ်

ဒီတော့ သူတို့ မနိုင်လောက်တော့ဘူး ကျရှူံးတော့မယ်ဆိုတာ သိတဲ့ စကစအနေနဲ့ နောက်ဆုံးထွက်ပေါက်အနေနဲ့ ပြေးရင်တောင် ၀ရုန်းသူံးကားနဲ့ အရှက်တကွဲ အကျိုးနဲမဖြစ်ရလေအောင် အနိုင်ရလာဒ်ကို ရသလောက်ယူကြည့်ပြီး ဖက်တွယ်ထားအုံးမယ်ဆိုတဲ့ အကြံဗျူဟာတွေနဲ့

ပြည်သူကို သူသေကိုယ်ရှင်ဆိုပြီး ကိုဗစ်နဲ့ တိုက်ဖွင့် ကန်ကစားတယ် ခု စစ်ရေးတွေပြင်ဆင်ပြီး PDF EAOs တွေကို ရသလောက်ထိန်းကြည့်ဖို့ ထိုးစစ်ဆင်လာနေတယ် ဒီတော့ ဒါပြီးရင် ဘာလာမလဲဆို ပြည်သူတွေ သတိထားရမှာက နောက်ဆုံး D Day ပြည်တွင်းစစ်မဖြစ်ခင် ကြားထဲမှာ UN အရေးယူမှုတွေ ၀င်မလာနိုင်အောင်

– ရေကာတာတွေ ဖောက်ချနိုင်တယ်

– စစ်ရေးတွေ နေရာစုံ ဖြန့်ကျက်လာနိုင်တယ်

– ပြည်သူနဲ့ PDF တွေကို နှ်မ်နင်း ဖမ်းဆီးမှုတွေ လုပ်မယ်
ဒါက သူတိူ့လက်ဦးမှု ပလန်တွေပေါ့ နောက် မသိနိုင်သေးတဲ့အခြားပလန်တွေလည်း ရှိလာနိုင်ပါသေးတယ်

ဒီတော့ အထက်ပါ ယုတ်ညံ့မှုတွေထပ်လုပ်ရင် UN က အရေးယူမှုတွေ ချက်ခြင်း၀င်လာမှာပေါ့လို့ မတွေးဆကြနဲ့ ခု UK က ၀င်ခိုင်းနေတာ မ၀င်ရင် မြန်မာတ၀က်သေကြေပျက်စီးမယ်ပြောနေတာတောင် တုတ်တုတ်မျှမလုပ်ပဲ ချီးနားအတွက် အချိန်ဆွဲပေးနေတဲ့ UN ကို မျော်ကိုးတာထက် ယုံကြည်လို့မရကြောင်း

ထိုအတွက် ပြည်သူတွေ လုပ်ရမှာက

#ပြည်တွင်း D Day အစပျိုးမှုနဲ့

#UNကိုဖိအားပေးနိုင်အောင်

#အခြားနိုင်ငံတွေရဲ့ ထောက်ခံမှုအားကိုသာ

ရရှိပြီး ကူညီနိုင်အောင် ကြိုးစားရတော့မှာဖြစ်ကြောင်း အသိပေးရင်း
စကစမအလတွေက သူတို့ခံစစ်စည်းကို ထွက်မပြေးခင်ထိ ရသလောက်ကာရံထားပြီး အာဏာကို လက်မလွတ်ဖို့ နောက်ဆုံးထိ ခံချအုံးမှာဖြစ်လေသည် သည်နောက်မှ မန်ုင်သည့်အဆုံး ထွက်ပြေးဖို့ လုပ်ကြလိမ့်မည်

သို့အတွက် ခုချိန်မှာတော့ ရှုံးမှာသိတဲ့ အဖြေထွက်နေတဲ့ပွဲမှာ သူတိူ့ရှင်သန်လွတ်မြောက်ဖို့အတွက် ပြည်သူကို သူသေကိုယ်ရှင် နွှဲဖို့ ပြင်ဆင်ထားပြီ လက်တွေ့လည်း လုပ်ဆောင်နေတယ်ဆိုတာ သိရင် ကျနော်တို့လည်း တန်ပြန် D Day စဖို့ လိုပြီဖြစ်ကြောင်း သတိပေးရင်း ရန်သူ့နောက်ကောက်မကျရလေအောင် ကြိုတင် ပြင်ဆင် လက်ဦးကြပါစို့ဟု အသိပေးရင်း

အရေးတော်ပုံ အောင်ရမည် !!
#မင်းကြည်ညိုနေ

  • Leave a Comment