၂၀၂၃ ဩဂုတ်လအထိ အာဏာသိမ်းထားမည်ဟု စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ပြော

၂၀၂၃ ဩဂုတ်လအထိ အာဏာသိမ်းထားမည်ဟု စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ပြော

ရန်ကုန်၊သြဂုတ်(၁)

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ခုနှစ် သြဂုတ်လအတွင်းမှာ ပြန်လည်ကျင်းပပပေးမှာဖြစ်တယ်လို့ နစက ရဲ့(၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့တာနဲ့ ပတ်သက်တဲ့ပြောကြားချက်မှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က MRTVကနေပြောဆိုခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက် လူသတ် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်အထိ ဩဂုတ်လအထိ အာဏာသိမ်းထားမည်ဖြစ်ကြောင်းလဲ ယနေ့ ၆ လပြည့်အဖြစ် စကားပြောစဉ် ထည့်သွင်းပြောဆိုသွားသည်။

မင်းအောင်လှိုင်က တိုင်းပြည် နိုင်ငံရေး တည်ငြိမ်မှု ရှိသောအခါ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း၊ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပရန် ခြောက်လ အချိန်ယူမည်ဖြစ်ကြောင်း အရေးပေါ်ကာလကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြီးဆုံးမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ မှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ) အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာတိုးမြှင့်နိုင်ပါတယ်။

ဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင် ထိုက်တာတွေကို ပြီးစီးအောင် ဆောင် ရွက်သွားရမှာဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေး ကောက်ပွဲအတွက်ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက် ရပါမယ်။

ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ။”ဟု မင်းအောင်လှိုင်က ဆိုသည်။

မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အသက် ၆၅ နှစ်ပြည့်ချိန်တွင် ရာထူးတာဝန်မှ အနားယူရမည်ဖြစ်သော်လည်း အနားယူခြင်းမပြုဘဲ လက်နက်ဖြင့် နိုင်ငံတော်အာဏာကို ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသော

အရပ်သားအစိုးရ လက်ထဲမှ သိမ်းယူသွားခဲ့ပြီး ပြည်သူ ၁၀၀၀ နီးပါးကို သတ်ဖြတ်ကာ ထောင်ပေါင်းများစွာ ဥပဒေမဲ့ ဖမ်းဆီးထားသော အကြမ်းဖက်စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွှတ်မှုမရှိတဲ့အပြင်

လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တာကို စစ်ဆေးတွေ့ရှိခဲ့လို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဇူလိုင်လ(၂၆)ရက်နေ့ ညပိုင်းမှာထုတ်ပြန်ကြေညာထားပါတယ်။

Source – Khit Thit Media & c8 news

  • Leave a Comment