ပြည်သူရွေးချယ်ထားတဲ့အစိုးရကိုပဲ အာဏာပြန်လွှဲပေးရမယ် (UK နိုင်ငံခြားရေးဝန်ကြီး)

ပြည်သူရွေးချယ်ထားတဲ့အစိုးရကိုပဲ အာဏာပြန်လွှဲပေးရမယ် (UK နိုင်ငံခြားရေးဝန်ကြီး)

၃ ဩဂုတ် ၂၀၂၁

အမည်ခံ အရေးပေါ်ကာလသက်တမ်းတိုးလိုက်တဲ့ မြန်မာစစ်တပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အာဏာကို အတင်းအဓမ္မဖက်တွယ်ထားဖို့ကျိုးစားတဲ့ အရှက်မရှိတဲ့ လုပ်ရပ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က ပြောလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကိုလေးစားဖို့လိုသလို ပြည်သူတွေဒီမိုကရေစီနည်းကျကျရွေးချယ်ထားတဲ့ အစိုးရကိုပဲ အာဏာပြန်လွှဲဲပေးရမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က သူ့တွစ်တာမှာ ဗြိတိန်အစိုးရရဲ့သဘောထားရပ်တည်ချက်ကို ရေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကနေ အသွင်ကူးပြောင်းလာမဲ့ အုပ်ချုပ်ရေးအဖွဲ့ ဘယ်လိုအဖွဲ့မျိုးကိုမှ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေကပြောဆိုထားပြီးဖြစ်ပါတယ်။

————–


၃ ဩဂုတ် ၂၀၂၁


အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကိုလေးစားဖို့လိုသလို ပြည်သူတွေဒီမိုကရေစီနည်းကျကျရွေးချယ်ထားတဲ့ အစိုးရကိုပဲ အာဏာပြန်လွှဲပေးရမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က သူ့တွစ်တာမှာ ဗြိတိန်အစိုးရရဲ့သဘောထားရပ်တည်ချက်ကို ရေးထားပါတယ်။


———————————–

သမ္မတရာထူးကို စိတ်မဝင်စားတော့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

———–

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ့်ကိုယ်ကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဟာ ပုံမှန်အတိုင်းဆို ရယ်စရာဖြစ်နေပေမယ့် တကယ်တမ်းက နိုင်ငံကို နှစ်ရှည်ပလန်ဆွဲပြီး အုပ်ချုပ်ဖို့ စီစဥ်နေတဲ့ အစီအစဥ်တွေထဲက တစ်ခုပဲ။

လူအများစုက မင်းအောင်လှိုင်ကို သမ္မတဖြစ်ချင်တယ်လို့ ယူဆနေကြတာက အတိုင်းအတာ တစ်ခုအထိ မှန်နိုင်ပေမယ့် သူက ကျွန်တော်တို့ထက် ပါးနပ်နေတဲ့ အပိုင်းတွေရှိသေးတယ်။

မင်းအောင်လှိုင်ဟာ အာဏာကို ဖွဲ့စည်းပုံနဲ့ အညီ လွှဲပြောင်းရယူခဲ့တယ်လို့ တစိုက်မတ်မတ်ပြောခဲ့ပြီး အလုပ်မဖြစ်တဲ့ ကောင်စီစနစ်ကို အရပ်သားဟန်ရှိတဲ့ အိမ်စောင့်အစိုးရ ( Caretaker Government ) အဖြစ် ၆လအတွင်း အစားထိုးခဲ့ပါတယ်။ ဗေဒင် ယတြာတွေကြောင့် အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ခဲ့တယ်ဆိုတာ မှန်နိုင်သလို တခြားတွေးစရာတွေလည်း အများကြီးရှိသေးတယ်။

မအလဟာ သူ့ကိုယ်သူ အာဏာရှင်အဖြစ် အများကထင်မြင်တာကို မနှစ်မြို့ပဲ ဒေါ်အောင်ဆန်းစုကြည်လိုလူချစ်လူခင်ပေါတဲ့ Icon တစ်ခုဖြစ်ချင်တဲ့ရောဂါလည်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်က မလုပ်နိုင်ခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ် အရေးလိုကိစ္စတွေကို သူက အောင်မြင်အောင် လုပ်နိုင်တယ် ဆိုတာကိုလည်း လူအများကို ပြသချင်သေးတယ်။ သူ့အနေနဲ့ လုပ်လာနိုင်တာတွေက

– အ​ခြေခံဥပဒေကို လိုသလိုပြင်ဆင်ခြင်း။

– PR စနစ် အခြေခံ တပ်မတော်သား ကိုယ်စားလှယ်တွေပါဝင်တဲ့ ပါလီမာန်စနစ်။

– သမ္မတရာထူးကို စွန့်လွှတ်ပြီး ဖွဲ့စည်းပုံမှာ ဝန်ကြီးချုပ်ဆိုတဲ့ role ကို ဖန်တီးလာနိုင်တာဆိုပြီး သုံးချက်ရှိတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံကို သမ္မတ ဦးဆောင်တဲ့ စနစ်ကို ကျင့်သုံးပြီး နိုင်ငံ့ဦးသျှောင်ရော၊ အစိုးရခေါင်းဆောင်ရော သမ္မတ တစ်ယောက်ပဲဖြစ်တယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပုဒ်မ ၅၉စ အရ သမ္မတမဖြစ်နိုင်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကနေတဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတဲ့ရာထူးတစ်ခုဖန်တီးပြီး အစိုးရခေါင်းဆောင်ရာထူးကို ယူခဲ့ပါတယ်။ အဲ့ဒီရာထူးနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ဟာ ဝန်ကြီးချုပ် တစ်ယောက်လို နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။

၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပဒေ အခန်း ( ၃ ) ပုဒ်မ ၆၁ (ဂ) အရ သမ္မတနဲ့ ဒုတိယ သမ္မတများဟာ သက်တမ်းတစ်ကြိမ်လျှင် ငါးနှစ်နဲ့ သက်တမ်းနှစ်ကြိမ်ထက် တာဝန်ထမ်းဆောင်ခွင့်မပြုရဆိုပြီး ပြဌာန်းထားတယ်။ တနည်းအားဖြင့် လူတစ်ယောက်ဟာ သမ္မတတာဝန်ကို ဆယ်နှစ်ပဲ ထမ်းဆောင်ခွင့်ရှိတယ်။

မအလဟာ ခုလိုအရဲစွန့်ပြီး အာဏာသိမ်းတဲ့ အရေးပေါ်ကာလအပါအဝင် အသွင်ပြောင်း အရပ်သားသမ္မတအဖြစ် နိုင်ငံ့အာဏာကို ရယူမယ်ဆိုရင် ၁၃နှစ်ထက် ပိုအုပ်ချုပ်ခွင့်ရှိမှာ မဟုတ်ဘူး။

အကယ်၍ သမ္မတသက်တမ်းကန့်သတ်ချက်ကို ပယ်ဖျက်လိုက်မယ်ဆိုရင်လည်း အများအမြင်မှာ သူ့ကို အာဏာရူးလို့ မြင်သွားမှာကို မလိုလားပြန်ဘူး။ အဲ့ဒီအတွက် မအလဟာ နိုင်ငံ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သမ္မတ ဦးဆောင်စနစ်ကနေ ဝန်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမာန်စနစ်အဖြစ်ပြောင်းလဲလာနိုင်တယ်။

NUG ရဲ့ ဖွဲ့စည်းပုံကို အကုန်နီးပါးကူးချနိုင်ဖွယ်ရှိပြီး မတူနိုင်တာတွေကတော့ တပ်မတော်သားကိုယ်စားလှယ်တွေ ဆက်လက်ပါဝင်တာ၊ PR စနစ် ကျင့်သုံးတာနဲ့ ပြည်နယ်တွေကို ဖယ်ဒရယ်၊

အယောင်ပြ အာဏာခွဲဝေပေးတာမျိုးတွေ ကွဲပြားနိုင်တယ်။ တနည်းအားဖြင့် တိုင်းရင်းသားတွေကို ဖယ်ဒရယ်အယောင်ပြစည်းရုံးသိမ်းသွင်းပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကိုအချိုသတ်လာနိုင်တယ်။

၁၉၄၇ အ​ခြေခံဥပဒေလိုမျိုး တိုင်းရင်းသားတွေကို အ​လှည့်ကျ သမ္မတ တင်မြှောက်ခွင့်ပေးတာ၊ ပြည်နယ်တွေမှာ အများစုအနိုင်ရတဲ့ ပါတီတွေကို ပြည်နယ်အစိုးရဖွဲ့ခွင့်ပေးတာတွေလုပ်ပြီး အယောင်ပြ လာနိုင်တယ်။ သမ္မတရာထူးဟာ အာဏာမရှိပဲ အိန္ဒိယ၊ဂျာမနီနဲ့ စင်ကာပူတို့မှာလိုအဆောင်အယောင် နိုင်ငံ့ဦးသျှောင်အဆင့်သာရှိတဲ့ ဂုဏ်ထူးဆောင် သမ္မတရာထူးဖြစ်သွားနိုင်တယ်။

တိုင်းရင်းသားတချို့က ကိုယ့်ခေါင်းဆောင် သမ္မတဖြစ်လာလို့ဆိုပြီး တဖက်ကို ပါသွားနိုင်တယ်။ဝန်ကြီးချုပ်ဦးဆောင်စနစ်မှာ ဝန်ကြီးချုပ်ရဲ့ သက်တမ်းက များသောအားဖြင့် အကန့်အသတ်မရှိဘူး။ ပါလီမာန်မှာ အမတ်ဦးရေသာတာနဲ့ ဝန်ကြီးချုပ် ဖြစ်နိုင်တယ်။

သမ္မတတွေတစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားပေမယ့် ဝန်ကြီးချုပ်ကတော့ မဲသာနေသ၍ အာဏာကို နှစ်ရှည်လများ ချုပ်ကိုင်ထားနိုင်တယ်။ ဥပမာ ဂျာမနီမှာ ၂၀၀၅ ခုနှစ်က အာဏာရလာတဲ့ ဝန်ကြီးချုပ် အိန်ဂျယ်လာမာကယ်က သမ္မတငါးယောက်ပြောင်းသွားပေမယ့် ခုထက်ထိ အာဏာဆက်ရနေတာမျိုး၊ စင်ကာပူမှာလည်း ဝန်ကြီးချုပ် လီရှန်လွန်းက သမ္မတသုံးဆက်အထိ ဆက်ပြီးအုပ်ချုပ်နေတာ ၁၇ နှစ်ရှိသွားပြီ။

ပါလီမာန်ကို ချုပ်ကိုင်နေနိုင်သမျှ အာဏာကို အကန့်အသတ်မရှိ ယူထားနိုင်တယ်။ အဲ့ဒီ နိုင်ငံတွေနဲ့ မတူတာက မြန်မာပြည်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅% က လွှတ်တော်ထဲ ကြိုရောက်နေတာပဲ။ မအလဟာ ဝန်ကြီးချုပ်အဖြစ်နဲ့ အာဏာကို ဆက်ချုပ်ကိုင်ထားမယ်ဆိုရင် အဲ့ဒီ ၂၅ % နဲ့ PR စနစ်ကို ပေါင်းပြီး နှစ်အကန့်အသတ်မရှိ အာဏာကို ချုပ်ကိုင်နိုင်မယ်။

နောက်ထပ် ဆယ်နှစ်အုပ်ချုပ်ခွင့်ပဲရတဲ့ သမ္မတရာထူးကို မမက်မောလောက်တော့ဘူး။ တဖက်မှာလည်း တိုင်းရင်းသားတွေလိုလားတဲ့ ပါလီမာန်ဒီမိုကရေစီစနစ်ဆိုပြီး တိုင်းရင်းသားတွေကိုအချိုသတ်ထားလို့ရတယ်။ မအလက တကယ့်ကို ဒီနည်းအတိုင်းသွားနေတာ။ သူ့မှာ နိုင်ငံရေးအကြံပေးတွေ အများကြီးရှိတယ်။ အာဏာသိမ်းပြီး ၆လ ကြာမှ ဝန်ကြီးချုပ်ဆိုတဲ့ နိုင်ငံရေးရာထူးတစ်ခုကို ဖန်တီးပြီးယူတာ အကြောင်းမဲ့မဟုတ်ဘူး။

ဒီ ၆ လအတွင်းမှာ သူနဲ့ သူ့ပါတနာတွေဟာ ၂၀၀၈ ခြေဥရဲ့ ဟာကွက်တွေကိုရှာပြီး နိုင်ငံကိုနှစ်ရှည် အုပ်ချုပ်ဖို့ ပလန်ကို ရှယ်ဆွဲနေတာ။ ခင်ဗျားတို့ ကျွန်တော်တို့က ဟိုလူ ကိုဗစ်ကူးပါပြီ အခေါမကြီး ဘာဖြစ်ပါပြီဆိုတဲ့ ပေါက်ကရသတင်းတွေနဲ့ သာယာနေချိန်မှာ သူကတော့ သူလုပ်စရာရှိတာတွေ တစ်ဆင့်ချင်းလုပ်နေလေရဲ့။ ပြီးရင် ၂၀၂၃ မှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်သို့ အာဏာလွှဲပြောင်းလိုက်ပါသည်ဆိုပြီး ထိုင်းက ပရာရွတ်ချန်အိုချာရဲ့ နည်းအတိုင်း တစ်ထပ်တည်းဖြစ်လာလိမ့်မယ်။

Shin Min Tun

  • Leave a Comment