ရေနံတင်သင်္ဘော တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အီရန်ကို ‘စုပေါင်းလက်တုံ့ပြန်မှု’ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် ပြော

အစ္စရေး ပါဝင်ပတ်သက်မှု ရှိထားတဲ့ ရေနံတင်သင်္ဘော တိုက်ခိုက်မှုမှာ အီရန်အပေါ် အပြစ်ဆိုထားကြပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အီရန်ကို ‘စုပေါင်းလက်တုံ့ပြန်’သွားမယ်ဆိုပြီး တနင်္လာနေ့မှာ ထပ်လောင်းပြောဆိုပါတယ်။

အီရန်နိုင်ငံအနေနဲ့ လက်စားချေတုံ့ပြန်တာတွေနဲ့ ပတ်သက်လို့ ရန်ဖက်နိုင်ငံတွေကို သတိပေးထားတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဗြိတိန်၊ အစ္စရေး၊ ရိုမေးနီးယားနဲ့ အခြားနိုင်ငံတွေနဲ့အတူ အရမ်းကို နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နေတယ်၊ ပူးပေါင်းလုပ်ကိုင်နေတယ်၊ ပြီးရင်တော့ စုပေါင်းတုံ့ပြန်သွားတော့မှာ ဖြစ်တယ်”ဆိုပြီး ဘလင်ကင်က သတင်းထောက်တွေကို ပြောပါတယ်။

နာမည်ကြီး အစ္စရေးဘီလျှံနာသူဌေး အိုင်ယယ်အိုဖာ အုပ်ချုပ်စီမံတဲ့ MT Mercer Street ရေနံတင်သင်္ဘောဟာ အိုမန်ကမ်းခြေမှာ ဒရုန်းတိုက်ခိုက်ခံရတာဟာ အီရန် လက်ချက်ပါဝင်တယ်လို့ အမေရိကန်က ကောက်ချက်ချထားကြောင်း ဘလင်ကင်က ထပ်လောင်းဆိုပါတယ်။

ဒီ တိုက်ခိုက်မှုမှာ ဗြိတိန်လုံခြုံရေးအစောင့်တစ်ဦးနဲ့ ရိုမေးနီးယားအမှုထမ်းတစ်ဦး သေဆုံးခဲ့ရပါတယ်။

ဒီ ဖြစ်စဉ်ဟာ လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုနဲ့ ကု်နသွယ်ရေးကို ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ဘလင်ကင်က ပြောပေမယ့် အင်္ဂါနေ့မှာ ကျမ်းသစ္စာဆိုဖို့ ရှိတဲ့ ရှေးရိုးစွဲ သမ္မတသစ် အီဘရာဟင်ရာအိစီ လက်ထက် ပိုပြီး သဘောထားတင်းမာမှုကို ပြသတာပဲဆိုတဲ့ ယူဆချက်တွေကိုတော့ ဖော့လျော့ပြောဆိုပါတယ်။

“လများစွာအတွင်းမှာ အီရန်ရဲ့ လုပ်ရပ်အရပ်ရပ်ကို ကျွန်တော်တို့ မျက်မှောက်ကြုံထားတယ်၊ ရေကြောင်းသွားလာမှုတွေမှာ လုပ်ဆောင်ခဲ့တာတွေ အပါအဝင်ပေါ့၊ ဒါကြောင့် အခု လုပ်ရပ်ကတော့ အီရန်အစိုးရသစ်အတွက် အနာဂတ် လမ်းကြောင်းတစ်ခုပဲ ဖြစ်မလားဆိုတာကတော့ ကျွန်တော် မကျိန်းသေပါဘူး”လို့ သူက ပြောပါတယ်။

“ဒါပေမဲ့ ပြောထားလိုတာက အီရန်ဟာ ခေါင်းပါးလွန်းတဲ့ တာဝန်မဲ့မှုနဲ့ ဆက်လက်ပြုနေတုန်းပဲ ဆိုတာပါပဲ”လို့ သူက ဆိုပါတယ်။

အီရန်ကတော့ ရေနံတင်သင်္ဘော တိုက်ခိုက်မှုဟာ အီရန်လက်ချက်ဆိုပြီး အစ္စရေးရဲ့ အပြစ်ပြောဆိုမှုမှာ ဗြိတိန်နဲ့ အမေရိကန်တို့ပါ ပါဝင်လာတဲ့နောက် ဘယ်လို ‘အရဲစွန့်ပြီး အကဲစမ်းလာတာမျိုးကိုမဆို’ လက်တုံ့ပြန်ဖို့ သံန္ဒဌာန်ချထားကြောင်း တနင်္လာနေ့မှာ သတိပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Crd – Mizzima

————-

အစၥေရး ပါဝင္ပတ္သက္မႈ ရွိထားတဲ့ ေရနံတင္သေဘၤာ တိုက္ခိုက္မႈမွာ အီရန္အေပၚ အျပစ္ဆိုထားၾကၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကင္က အီရန္ကို ‘စုေပါင္းလက္တုံ႔ျပန္’သြားမယ္ဆိုၿပီး တနလၤာေန႔မွာ ထပ္ေလာင္းေျပာဆိုပါတယ္။

အီရန္ႏိုင္ငံအေနနဲ႔ လက္စားေခ်တုံ႔ျပန္တာေတြနဲ႔ ပတ္သက္လို႔ ရန္ဖက္ႏိုင္ငံေတြကို သတိေပးထားတာလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ၿဗိတိန္၊ အစၥေရး၊ ႐ိုေမးနီးယားနဲ႔ အျခားႏိုင္ငံေတြနဲ႔အတူ အရမ္းကို နီးကပ္စြာ ဆက္သြယ္ေဆာင္႐ြက္ေနတယ္၊ ပူးေပါင္းလုပ္ကိုင္ေနတယ္၊ ၿပီးရင္ေတာ့ စုေပါင္းတုံ႔ျပန္သြားေတာ့မွာ ျဖစ္တယ္”ဆိုၿပီး ဘလင္ကင္က သတင္းေထာက္ေတြကို ေျပာပါတယ္။

နာမည္ႀကီး အစၥေရးဘီလွ်ံနာသူေဌး အိုင္ယယ္အိုဖာ အုပ္ခ်ဳပ္စီမံတဲ့ MT Mercer Street ေရနံတင္သေဘၤာဟာ အိုမန္ကမ္းေျခမွာ ဒ႐ုန္းတိုက္ခိုက္ခံရတာဟာ အီရန္ လက္ခ်က္ပါဝင္တယ္လို႔ အေမရိကန္က ေကာက္ခ်က္ခ်ထားေၾကာင္း ဘလင္ကင္က ထပ္ေလာင္းဆိုပါတယ္။

ဒီ တိုက္ခိုက္မႈမွာ ၿဗိတိန္လုံၿခဳံေရးအေစာင့္တစ္ဦးနဲ႔ ႐ိုေမးနီးယားအမႈထမ္းတစ္ဦး ေသဆုံးခဲ့ရပါတယ္။

ဒီ ျဖစ္စဥ္ဟာ လြတ္လပ္တဲ့ ေရေၾကာင္းသြားလာမႈနဲ႔ ကု္နသြယ္ေရးကို ၿခိမ္းေျခာက္တာ ျဖစ္တယ္လို႔ ဘလင္ကင္က ေျပာေပမယ့္ အဂၤါေန႔မွာ က်မ္းသစၥာဆိုဖို႔ ရွိတဲ့ ေရွး႐ိုးစြဲ သမၼတသစ္ အီဘရာဟင္ရာအိစီ လက္ထက္ ပိုၿပီး သေဘာထားတင္းမာမႈကို ျပသတာပဲဆိုတဲ့ ယူဆခ်က္ေတြကိုေတာ့ ေဖာ့ေလ်ာ့ေျပာဆိုပါတယ္။

“လမ်ားစြာအတြင္းမွာ အီရန္ရဲ႕ လုပ္ရပ္အရပ္ရပ္ကို ကြၽန္ေတာ္တို႔ မ်က္ေမွာက္ႀကဳံထားတယ္၊ ေရေၾကာင္းသြားလာမႈေတြမွာ လုပ္ေဆာင္ခဲ့တာေတြ အပါအဝင္ေပါ့၊ ဒါေၾကာင့္ အခု လုပ္ရပ္ကေတာ့ အီရန္အစိုးရသစ္အတြက္ အနာဂတ္ လမ္းေၾကာင္းတစ္ခုပဲ ျဖစ္မလားဆိုတာကေတာ့ ကြၽန္ေတာ္ မက်ိန္းေသပါဘူး”လို႔ သူက ေျပာပါတယ္။

“ဒါေပမဲ့ ေျပာထားလိုတာက အီရန္ဟာ ေခါင္းပါးလြန္းတဲ့ တာဝန္မဲ့မႈနဲ႔ ဆက္လက္ျပဳေနတုန္းပဲ ဆိုတာပါပဲ”လို႔ သူက ဆိုပါတယ္။

အီရန္ကေတာ့ ေရနံတင္သေဘၤာ တိုက္ခိုက္မႈဟာ အီရန္လက္ခ်က္ဆိုၿပီး အစၥေရးရဲ႕ အျပစ္ေျပာဆိုမႈမွာ ၿဗိတိန္နဲ႔ အေမရိကန္တို႔ပါ ပါဝင္လာတဲ့ေနာက္ ဘယ္လို ‘အရဲစြန႔္ၿပီး အကဲစမ္းလာတာမ်ိဳးကိုမဆို’ လက္တုံ႔ျပန္ဖို႔ သံႏၵဌာန္ခ်ထားေၾကာင္း တနလၤာေန႔မွာ သတိေပးေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Crd – Mizzima

  • Leave a Comment