ဂျာမဏီစစ်သဘော်များ ခရီးထွက်ခြင်းနှင့် မြန်မာ့နွေဦး ကိုယ့်အားကိုကိုယ်ကိုး တော်လှန်ရေး

ဂျာမဏီစစ်သဘော်များ ခရီးထွက်ခြင်းနှင့် မြန်မာ့နွေဦး ကိုယ့်အားကိုကိုယ်ကိုး တော်လှန်ရေး

လက်ရှိအခြေအနေအရ စစ်ရေးပြင်ဆင်မှု့ အရိပ်လက္ခဏာလို့ ပြောလို့ရနိုင်တာက ကျယ်ပြန့်ပြီး လက်တွဲညီလာတဲ့.ဥရောပဟာ…အင်ဒို-ပစိဖိတ်ကို အလေးအနက် ဦးတည်လာနေတာ တွေ့မြင်နိုင်ပါတယ်၊

ဂျာမဏီအစိုးရရဲ့ထုတ်ပြန်ချက်အရ ဂျာမန်ဖရီးဂိတ်ဘသဘေ်ာဟာ တောင်တရုတ်ပင်လယ်ကို ပတ်ဖို့အတွက် သြစတေးလျှဆီကို ရောက်ရှိ ခဏအနားယူမှာဖြစ်ပါတယ်၊

ဒီလိုဥရောပသဘေ်ာတွေ တောင်တရုတ်ပင်လယ်အတွင်းကို လေ့လာမှု့တံဆိပ်ကပ်ရောက်လာမယ် ဆိုပေမယ့် သူတို့ရဲ့ဆုံမှတ်ဟာ အင်ဒိုပစိဖိတ်ဒေသဆီမှာ အင်အားစုစည်းနေတာကို မြင်ရမှာဖြစ်ပါတယ်၊

အထူးသဖြင့် တောင်တရုတ်ပင်လယ်အတွင်းမှာ ၂၀၁၆ လောက်ကတည်းက တရုတ်အနေနဲ့ ကျွန်းအတုတွေဆောက်လုပ်ပြီး ဒေသအတွင်း ရေပိုင်နက်ချဲ့ထွင်လာသလို အရှေ့တောင်အာရှနိုင်ငံတွေနဲ့

ဂျပန် သြစတေးလျှတို့ရဲ နယ်မြေပိုင်ဆိုင်မှု့ ရေလမ်းကြောင်းအပေါ် ခြိမ်းခြောက်နေသလို လုပ်ရပ်များကြောင့် တရုတ်ဟာ ဘုံရန်သူအဖြစ်သတ်မှတ်ခံလာနေရပြီဖြစ်ပါတယ်၊

ဒါ့အပြင် ကိုဗစ်ပြသနာဟာ ကမ္ဘာ့လူသားမျိုးနွယ်စုတခုလုံးကို သေတွင်းဆီပို့နေတဲ့ တရုတ်ရဲ့တာဝန်ယူမှု့ တာဝန်ခံမှု့မရှိတဲ့လုပ်လုပ်တွေကြောင့် ဥရောပခေါင်းဆောင်များနဲ့ အမေရိကန်ဟာ လက်စားခြေမယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေစောင့်ဆိုင်းနေကြမှာ အမှန်ပါပဲ၊

ဒါကြောင့် တောင်တရုတ်ပင်လယ်ပြသနာဟာ..ဒေသတွင်းမှာ ရှိနေခြင်းရဲ့အရေးပါမှုကိုရှာဖွေတွေ့ရှိတဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့လမ်းကြောင်းတစ်ခုဖြစ်လာပြီး အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ပတ်သက်ကြဖို့ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ပဲ မြင်ပါတယ်။

လက်ရှိ အခြေအနေအရ ထိုင်ဝမ်က တရုတ်အတွက် ဟာကွက်.. အရေးကြီးတဲ့ စစ်ရေးဝင်ပေါက်ဖြစ်နေသလို မြန်မာကလည်း အရေးပါတဲ့ စစ်တလင်းတစ်ခုဖြစ်လာတော့မယ်လို့ပဲ မြင်ပါတယ်၊

တရုတ်ဟာ သယံဇာတနဲ့ ရှားပါးမြေကို သူခိုးဈေးနဲ့ ရောင်းချပေးနေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ်မှာ ရတဲ့နည်းနဲ့ အချိန်တိုတိုအတွင်းမှာ အမြတ်ထုတ်နိုင်ဖို့…အခွင့်အရေးယူနေတဲ့ သဘောပဲရှိပါတယ်၊

မြန်မာစစ်အုပ်စုကို ကူညီနေတဲ့ ကာကွယ်ဆေးဆိုတာတွေက သူတို့နှစ်စဉ် ဒေါ်လာဘီလျံနဲ့ချီပြီးရနေတဲ့ အကျိုးအမြတ်ထဲက နှမ်းစေ့လောက်ကလေးပဲဖြစ်ပါတယ်၊

တရုတ်အတွက်အရေးကြီးတဲ့နေရာမှာ အကာအကွယ်ဖြစ်စေမယ့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို လူတစ်ဦးတစ်ယောက်မှမကျန်အောင် ကာကွယ်ဆေးကို ကိုယ်တိုင်ကိုယ်ကျ ထိုးနှံပေးပြီးပါပြီ၊

ဒါတွေဟာ တရုတ်အတွက် တစ်ချက်ခုတ် သုံးချက်ပြတ် အကျိုးအမြတ်တွေပါပဲ၊လက်ရှိကုလသမဂ္ဂအနေနဲ့ တရားဝင်ထုတ်ပြန်ကြေငြာပြီး ခေါင်းရှောင်ထားပြီးပါပြီ၊ မြန်မာ့အရေးကို ကိုယ့်ပြသနာကိုယ်တိုင်ရှင်းကြဖို့ အာစီယံသဘောတူညီမှု့နဲ့သာ ကိုင်တွယ်ဖြေရှင်းကြဖို့ ပြောထားပြီးပါပြီ၊

ဥရောပခေါင်းဆောင်တွေအနေနဲ့ကတော့ တရုတ်အပေါ် ဘယ်လိုညှပ်ပူး ညှပ်ပိတ်ကလဲ့စားချေ ကြမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်၊

မြန်မာ့နွေဦးတော်လှန်ရေးသမားတွေအနေနဲ့ကတော့ ပြည်သူ့အားကိုယ်းနဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ပဲရှိပါတော့တယ်၊ ထန်းသီးကြွေခိုက် ကျီးနားခိုက်ဆိုသလို အနောက်အုပ်စုက

တရုတ်အပေါ် ဝိုင်းဝန်းပိတ်ဆို့မှု့နဲ့ကြုံရင် အကူအညီရနိုင်ပါတယ်၊ကိုယ့်အား ကိုကိုယ်ကိုး ကိုယ့်ပြည်နယ် ကိုယ်သိမ်း ကိုယ့်မြို့နယ် ကိုယ်သိမ်း..ဆိုတဲ့ဗျူဟာအတိုင်းပဲ တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။

ကိုယ့်သမိုင်းကို ကိုယ်တိုင်ပဲ စစ်အာဏာရှင်လက်ထဲအရောက်မခံဖို့ ကိုယ်စီကိုယ်စီကာကွယ်ရတော့မှာပါ၊

ကိုယ့်အားကိုကိုယ်ကိုး အမြစ်ပြတ်တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။
#အရေးတော်ပုံ_အောင်ကိုအောင်ရမည်
KMN

  • Leave a Comment