ဒလန်များကို ဆုကြေးငွေ ကျပ် ၅ သိန်း ချီးမြှင့်မည်ဟု စစ်ကောင်စီ ကြေညာ

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူများအား ဖမ်းဆီးနိုင်ရန်အတွက် သတင်းပေးသူ (ဒလန်) များကို ဆုကြေးငွေအနည်းဆုံး ငွေကျပ်ငါးသိန်းမှစ၍ အများဆုံးပမာဏကို ကန့်သတ်မထားဘဲ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ပေးပို့လာသည့် သတင်းများအရ ဖော်ထုတ်ရရှိမှုအပေါ်မူတည်၍ ဆုကြေးငွေကို လျှို့ဝှက်စွာ ချီးမြှင့်သွား မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

သတင်းပေးသူ (ဒလန်) များကို ဆုကြေးငွေ ချီးမြှင့်ပေးရန် စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညား အောင်မိုးနဲ့ ဦးရွှေကြိမ်းတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ တင်ပြေတောင်းဆိုခဲ့ပြီးနောက် ခုလို ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ယင်းလက်အောက်ခံ PDF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပျားစေရန်နှင့် ပြည်သူထုအပေါ် အကြောက်တရားပေးပြီးမှ ၎င်းတို့အား ထောက်ခံလာစေရန် အကြမ်းဖက်မှုများနေ့စဉ် လုပ်ဆောင်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း PDF တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ကြရန်နှင့် NUG အစိုးရကို မထောက်ခံကြရန် မြို့နယ်တချို့ရှိ ဓာတ်တိုင်များတွင် စာကပ်လှုံဆော်ခဲ့ပြီး ရပ်ကွက်အတွင်း ကားများဖြင့်လည်း လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ- (စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြနေကြသည့် လူငယ်များ)

———–

စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားေနသူမ်ားအား ဖမ္းဆီးႏိုင္ရန္အတြက္ သတင္းေပးသူ (ဒလန္) မ်ားကို ဆုေၾကးေငြအနည္းဆုံး ေငြက်ပ္ငါးသိန္းမွစ၍ အမ်ားဆုံးပမာဏကို ကန႔္သတ္မထားဘဲ ထိုက္ထိုက္တန္တန္ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း အာဏာသိမ္း စစ္ေကာင္စီ ျပန္ၾကားေရးက သတင္းထုတ္ျပန္ထားသည္။

ေပးပို႔လာသည့္ သတင္းမ်ားအရ ေဖာ္ထုတ္ရရွိမႈအေပၚမူတည္၍ ဆုေၾကးေငြကို လွ်ိဳ႕ဝွက္စြာ ခ်ီးျမႇင့္သြား မည္ျဖစ္ေၾကာင္း ဩဂုတ္လ ၂၇ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည္။

သတင္းေပးသူ (ဒလန္) မ်ားကို ဆုေၾကးေငြ ခ်ီးျမႇင့္ေပးရန္ စစ္ေကာင္စီ အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ ဦးခင္ေမာင္ေဆြ၊ Jeng Phang ေနာ္ေတာင္၊ ေဒၚေအးႏုစိန္၊ ဦးစိုင္းလုံးဆိုင္၊ ေဒါက္တာဗညား ေအာင္မိုးနဲ႔ ဦးေ႐ႊႀကိမ္းတို႔က စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ထံ တင္ေျပေတာင္းဆိုခဲ့ၿပီးေနာက္ ခုလို ေၾကညာခ်က္ ထြက္ေပၚလာျခင္း ျဖစ္သည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)ႏွင့္ ယင္းလက္ေအာက္ခံ PDF တပ္ဖြဲ႕ဝင္မ်ားသည္ စစ္ေကာင္စီ၏ အုပ္ခ်ဳပ္ေရးယႏၲရား ပ်က္ပ်ားေစရန္ႏွင့္ ျပည္သူထုအေပၚ အေၾကာက္တရားေပးၿပီးမွ ၎တို႔အား ေထာက္ခံလာေစရန္ အၾကမ္းဖက္မႈမ်ားေန႔စဥ္ လုပ္ေဆာင္ေနေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း PDF တပ္ဖြဲ႕ဝင္မ်ား လက္နက္ခ် အလင္းဝင္ၾကရန္ႏွင့္ NUG အစိုးရကို မေထာက္ခံၾကရန္ ၿမိဳ႕နယ္တခ်ိဳ႕ရွိ ဓာတ္တိုင္မ်ားတြင္ စာကပ္လႈံေဆာ္ခဲ့ၿပီး ရပ္ကြက္အတြင္း ကားမ်ားျဖင့္လည္း လိုက္လံေၾကညာခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ဓာတ္ပုံ- (စစ္အာဏာရွင္ဆန႔္က်င္ ဆႏၵျပေနၾကသည့္ လူငယ္မ်ား)

  • Leave a Comment