” ဆော… ဆောရီးပါ… ဦးရဲကြီး”

PDF_နဲ့တော့_တွေ့ကြပြီပေါ့ကွာ

“ဟယ်လို..အမိန့်ရှိပါခင်ဗျာ”

“မင်းမေဆားပတ် ဟယ်လို..အမိန့်ရှိပါလား၊ မနက်ကတည်းက ဖုန်းတဂွမ်ဂွမ်ဆက်နေတာ ယီးပုလို့ ဖုန်းပိတ်ထားတာလား”

“သြော်..ဟုတ်ကဲ့ အခုဆက်လို့ရနေပြီပဲဗျာ့၊ ဘာကိစ္စများရှိလို့ပါလဲ ခင်ဗျာ့”

“ယီးးး အခုမှ ဘာကိစ္စရှိလို့ပါလဲ လုပ်မနေနဲ့၊ မင်းတို့ပဲ PDF အကြောင်း ပြောလို့ရတယ်ဆိုလို့”

“ဟာ..ရတယ် ရတယ်အစ်ကို၊ အခုပြောပြလို့ရပါတယ်”

“မင်းမေဆားပတ်ပဲ၊ ခုမှ ရတယ်ရတယ်နဲ့”

“ဟမ်..အစ်ကိုနည်းနည်းတော့ များနေပြီနော်”

“ငါယီးဖြစ်လား များတော့၊ နားမထောင်ချင်လည်း နေပေါ့ဟ”

“ဟာ.. မဟုတ်ဘူးအစ်ကို၊ ရတယ် ရတယ်၊ ပြောပါ”

“အဲလိုလုပ်ပါ ငါယိုးထဲမှပဲ”

အင်း ဒီလူတော့… ငါလုပ်ထည့်လိုက်ရရင် ထောင်ထဲကကိုထွက်ရမှာမဟုတ်ဘူးဟု စိတ်ထဲမှ ကြိမ်းလိုက်ရင်း…

“အစ်ကိုက စကားပြောရင် အဆဲတော်တော်ပါတယ်နော်”

“အေးဟ ငါယိုးမ…အရင်ကတော့ အဲ့လိုမဟုတ်ပါဘူးကွာ၊ ခုမှ PDF ကြောင့်ပဲ အလိုလို ဆဲတတ်နေတာ”

“ဟုတ်တယ် အစ်ကို၊ ကျွန်တော်တို့ ကူညီပေးလို့ရပါတယ်”

“မင်းမေငါယိုး၊ အဲဒါကြောင့်ပဲ မနက်ကတည်းက ဖုန်းဆက်နေတာပေါ့”

“အင်း..ဟုတ်ပါပြီ၊ PDF အကြောင်း အစ်ကိုသိသလောက် ပြောပြပေးပါလား…”

“အေး အေး ဟုတ်သားပဲ၊ လိုရင်းရောက်ဖို့ မေ့နေတယ် ငါယိုးထဲမှပဲ”

“ဟုတ်…”

“ဒီလိုကွ၊ အစ်ကိုမနက်က မနက်စာစားမလို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကိုအသွား မင်းမေငါယိုးတယ်”

“ဗျာ…”

“အဲ့လို အသွားကွာ၊ လမ်းမှာ ကွမ်းယာဆိုင်ခဏဝင်လိုက်တော့ မင်းမေဆားပတ် ”
“ဟုတ်ကဲ့…”

“လူနှစ်ယောက် PDF အကြောင်း ပြောသံကြားလို့ အသာနားထောင်ကြည့်တာ မင်းမေငါယိုးကွာ”

“အင်း…”

“တစ်ယောက်က ဝင်ချင်တာ ဝင်မရလို့တဲ့ကွ ငါယိုးမ”

“အဲဒီတော့….”

“ဟိုတစ်ယောက်ကတော့ PDF အကြောင်း နည်းနည်းသိထားပုံရတယ်ဟ..ငါယိုးမ”

“ဟုတ်လား…”

“အဲ့ကောင်က ငါနားစွင့်နေမှန်းသိလို့ တိုးတိုးတိုးတိုးနဲ့…ငါယီး”

“ဘာတွေပြောကြတာလဲ အစ်ကိုကြားလိုက်သေးလား…”

“မင်းမေဆားပတ်၊ သူတို့က တိုးတိုး တိုးတိုးနဲ့ဆိုတော့ ငါလည်း ဘယ်ကြားလိုက်မလဲဟ”
“ဟင်..”

“မင်းမေငါယိုး အလကားစတာပါကွာ၊ ငါ့နားနဲ့ ဆက်ဆက်ကြီးကို ကြားလိုက်ရတာ”

“တော်သေးတာပါပေါ့ဗျာ၊ ဘာတဲ့လဲဟင်..”

“အေး… ဒီကောင်ပြောတာကတော့ PDF က ဝင်ချင်တိုင်းဝင်လို့ မရတော့ဘူးဆိုပဲ..ငါယိုးမ”

“ဟုတ်လား၊ ဝင်ချင်ရင် ဘယ်လိုဝင်ရတာတဲ့လဲ…”

“အရင်ကတော့ ငါယိုးကျနေတာပဲ ဝင်လို့လွယ်တယ်တဲ့၊ Open with ကနေ ဝင်လိုက်ရုံပဲတဲ့”

“ဗျာ…ဘာကြီး…”

“အေး..ခုက Acrobat DC နဲ့လည်း ဝင်ကြည့်နေတာတဲ့၊ PS နဲ့ဆိုရင်တော့ ရပါတယ်တဲ့၊ ငါယီး”
“ဗျာ ဗျာ.. ခင်ဗျား ဘာပြောလိုက်တယ်”
“PDF အကြောင်းလေ၊ ယီးကျနေတာပဲ”

“မတာရီး၊ ပြည်သူ့ကာကွယ်ရေးတပ် PDF အကြောင်းလားလို့ အဟုတ်မှတ်ပြီး အဆဲခံနားထောင်နေတာ၊ PDF ဖိုင် စောက်စုတ်ကြီးအကြောင်း အဆဲပေါင်းစုံနဲ့ လာပြောနေတယ်”
“ဟမ်…ကွန်ပြူတာဆိုင်က မဟုတ်ဘူးလား”

“မင်းမေလင် ကွန်ပြူတာဆိုင်လား၊ ရဲစခန်းကကွ ရဲစခန်းက၊ မအေယိုးတွေ့ပြီ၊ မင်းဖုန်းနံပါတ်ခြေရာခံပြီး ညကျလာဖမ်းမယ်..”

“ဟာ..ဆောရီး ဆောရီးနော် ဦးရဲကြီး”
“ငါ့ကို ရစရာမရှိအောင်လာဆဲတဲ့ အကောင် သေပြီသာမှတ်… ဝါး ဝါး”

(အံမယ်..ဒီရဲက ငိုတာတောင် ဝါး ဝါး တဲ့)

Credit Original Uploader

  • Leave a Comment