ရှေးခေတ်လူတွေရဲ့ ကြက်သီးထစရာကောင်းအောင် ရက်စက်လွန်းတဲ့ အပြစ်ပေးနည်းများ

ရှေးခေတ်လူတွေဟာ ဘဝကို ပိုမိုရိုးရှင်းစွာနေထိုင်ခဲ့ကြပေမယ့် ထိုခေတ်အခါတုန်းက ဥပဒေဖောက်ပြားသူတွေကို ချမှတ်တဲ့ အပြစ်ဒဏ်တွေကတော့ ရက်စက်လွန်းခဲ့ပါတယ်။

အခုဖော်ပြပေးမယ့် အပြစ်ဒဏ်တွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာလောက်က ရာဇဝတ်သားတွေအပေါ် ကျင့်သုံးခဲ့တဲ့ ထူးခြားရက်စက်လွန်းတဲ့ အပြစ်ပေးပုံနည်းလမ်းတွေပဲ ဖြစ်ပါတယ်။

အချို့နည်းတွေဟာဆိုရင် စိတ်ကူးထဲ ဘယ်လိုမှ မှန်းကြည့်လို့မရအောင် ကြောက်စရာကောင်းလွန်းနေပါတယ်။

နှာခေါင်းဖြတ်ခြင်း

ရှေးဟောင်းအီဂျစ်လူမျိုးတွေက တစ်စုံတစ်ယောက်ဟာ တိုင်းပြည်စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့ရင် ထိုသူကို နှာခေါင်းဖြတ်လေ့ ရှိပါတယ်။ နှာခေါင်းဖြတ်ပြီးတဲ့အခါ မြို့တော်ကနေ မောင်းထုတ်ပြီး ဂါဇာမြို့နားမှာရှိတဲ့ အကျဉ်းမြို့တော် Rhinocorura ဆီ ပို့ဆောင်ပါတယ်။

ထိုနေရာမှာတော့ နှာခေါင်းဖြတ်ခံထားရတဲ့ လူညစ်လူကောက်တွေ အများကြီး ရှိပါတယ်။ အကျင့်ပျက်ခြစားသူ အစိုးရအရာရှိတွေနဲ့ သူခိုးတွေ၊ အိမ်ဖောက်ထွင်းဝင်တဲ့သူတွေကို နှာခေါင်းဖြတ်ပြီး အပြစ်ပေးလေ့ ရှိပါတယ်။

အရှက်ရဖွယ် မျက်နှာဖုံးများ

(၁၇) ရာစုနဲ့ (၁၈) ရာစုနှစ်တွေတုန်းက ဥရောပတစ်လွှားမှာ အတင်းအဖျင်းပြောသူတွေ၊ မဟုတ်မမှန်စကား ပြောတဲ့သူတွေကို မျက်နှာဖုံးတွေစွပ်ပြီး အပြစ်ပေးလေ့ ရှိပါတယ်။ မျက်နှာဖုံးဟာ သတ္တုနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် မျက်နှာမှာ တင်းကြပ်စွာအစည်းခံထားရတဲ့အခါ လေးလံပြီး အရမ်းကိုနာကျင်ရပါတယ်။

အထူးသဖြင့် ဒီအပြစ်ပေးနည်းစနစ်ကို ရာဇဝတ်သား အမျိုးသမီးတွေမှာ ကျင့်သုံးပါတယ်။
အတင်းပြောတာ၊ ချောင်းမြောင်းခိုးနားထောင်တာနဲ့ လိမ်ညာတာထင်ရှားခဲ့ရင် ထိုအမျိုးသမီးရဲ့ ခေါင်းမှာ သတ္တုမျက်နှာဖုံးကြီးကို (၂၄) နာရီလုံးလုံး မချွတ်ပဲ ဝတ်ဆင်စေပါတယ်။

ပါးစပ်ထဲမှာလည်း မျက်နှာဖုံးမှာပါတဲ့ သံစူးတွေက ရောက်နေတာကြောင့် မျက်နှာဖုံးတပ်ထားသူအနေနဲ့ စိတ်ဒုက္ခကြီးစွာ ခံစားရပါတယ်။

ဆင်နဲ့နင်းခိုင်းခြင်း

ရှေးခေတ်မှာ ရာဇဝတ်သားတွေကို အပြစ်ပေးပုံနည်းလမ်းတွေကတော့ တော်တော်လေး ရက်စက်လွန်းပါတယ်။ အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံမှာ ရာဇဝတ်သားတွေကို ဆင်နဲ့နင်းပြီး အပြစ်ပေးလေ့ ရှိပါတယ်။ ဒီစနစ်ကို (၁၉) ရာစုနှစ်အထိတောင် ကျင့်သုံးခဲ့ပါတယ်။

ဆင်တွေကို အပြစ်သားတွေရဲ့ ရင်ဘတ် သို့မဟုတ် ဦးခေါင်းတွေပေါ် တက်ကာ နင်းခြေခိုင်းပြီး အပြစ်ပေးတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ရာဇဝတ်သားတွေကို အရေခွံလွှာဖို့ အစွယ်မှာတပ်ပေးထားတဲ့ ဓားသွားတွေနဲ့ မွှန်းတတ်အောင် ဆင်တွေကို သင်ပေးထားပါသေးတယ်။

အပျိုစင်သံရုပ်ထု

အပျိုစင်သံရုပ်ထုဟာ အလယ်ခေတ်ဥရောပမှာတော့ တော်တော်လေး ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ သံရုပ်ထုဟာ ကြီးမားတဲ့ သံဗီဒိုကြီး တစ်လုံးသာဖြစ်ပြီး အပြင်ဘက်မှာတော့ အပျိုစင်အရုပ်သဏ္ဍာန်နဲ့ အတွင်းမှာတော့ သံချွန်သံစူးတွေ ရှိနေပါတယ်။

အထဲကိုရာဇဝတ်သားထည့်ပြီး ဗီဒိုတံခါးပိတ်လိုက်တာနဲ့ ရာဇဝတ်သားဟာ ဗီရိုထဲက သံစူးတွေထိုးသွင်းမိပြီး သေဆုံးရမှာ ဖြစ်ပါတယ်။

ကြေးနွားသိုးရုပ်

ရှေးခေတ်ဂရိလူမျိုးတွေဟာ ရာဇဝတ်သားတွေကို ကြီးမားလှတဲ့ ဧရာမကြေးနွားသိုးရုပ်ကြီးထဲ ထည့်ချက်ပြုတ်လေ့ ရှိပါတယ်။ ရာဇဝတ်သားကို နွားသိုးရုပ်ကြီးထဲထည့်၊ အပြင်ကနေ သော့ခတ်ပြီး ရုပ်ထုကြီးရဲ့ အောက်ကနေ မီးဖိုဖိုပေးတာ ဖြစ်ပါတယ်။

အရုပ်ထဲရောက်နေတဲ့လူကတော့ တငွေ့ငွေ့နဲ့ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လာတဲ့ အပူမီးကို ခံစားရပြီး နောက်ဆုံးမှာတော့ သေဆုံးရတာပဲ ဖြစ်ပါတယ်။ သိရတာက အခုလို ကြေးနွားသိုးရုပ်ထဲ လူထည့်ပြီး ချက်တဲ့ အပြစ်ပေးနည်းစနစ်ကို အရင်ခေတ်လမ်းသွားလမ်းလာတွေဟာ အပန်းဖြေစရာတစ်ခုလို့ ယူဆကြောင်း သိရပါတယ်။

နွားသိုးရုပ်ကြီးရဲ့ နှာခေါင်းမှာ သံပိုက်လုံးသေးသေးလေးတွေ ရှိတာကြောင့် အထဲက လူက နာလွန်းလို့ အော်လိုက်တဲ့အခါ နွားသိုးရုပ်ကြီးရဲ့ နှာမှုတ်သံလို ဖြစ်ပေါ်နေတာကို နားအရသာခံကြတယ်လို့ ဆိုပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

  • Leave a Comment