ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် ရှားစောင်းလက်ပတ်

ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် ရှားစောင်းလက်ပတ်

အမတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေး တင်ထားတာတွေ့လို့ ညီမလည်းပြန်ရှယ်ပါရစေနော်

ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက်အရမ်းအဆင်ပြေတယ်

အိမ်ရှင်မတော်တော်များများရဲ့ဒုက္ခကဗိုက်ပူတာပါပဲ ညီမလေ အဲ့ယိုလုပ်နည်းကို မေမေကတဆင့်သိတာပါ

စားကြည့်တော့တကယ်ဗိုက်ကျတယ်ရှင့်

ရှားစောင်းလက်ပတ် ငါးတက်လောက်ကို ဘေးကစူးသွားတွေ ကိုဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေးတွေကိုလှီးပါ

(အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့စားလို့ကောင်းသလိုပိုဆေးဖက်ဝင်တာပေါ့)

ထန်းလျက်(အညို)ငါးကျပ်သားလောက်ကို ဆီ ၅ကျပ်သားလောက်ထဲကို ထည့်ပီးအရည်ပျော်အောင်မွှေပါ

ထန်းလျက်အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့အတွက်ခနခနမွှေပေးပါ

ရှားစောင်းလက်ပတ်အရည်ခမ်းသွားပီးနည်းနည်းခပ်ပျစ်ပျစ်ဖြစ်လာရင် ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကိုပါးပါးလှီးထည့်ပါ (ငှက်ပျောသီးကများလျှင်ချဉ်တတ်လို့နှစ်လုံးဆိုလုံလောက်ပါပြီ)

ကြက်ဥနှစ်လုံးကိုမွှေပီးမှထည့်ပါ ဇွန်းနဲ့အဆက်မပြတ်မွှေပေးပါ ကပ်သွားနိုင်တဲ့အတွက်ကြောင့်ပါ

ပြီးရင်တကယ်ကိုအရသာရှိတဲ့ ရှားစောင်းလတ်ပတ်ယိုလေးရပါပြီရှင် အဖုံးလုံတဲ့ပုလင်းလေးထဲကိုထည့်သိမ်းပြီးစားလို့ရပါပြီ

ညီမ အစကထင်ထားတာတာက ဆီတွေလည်းများတယ် ကြက်ဥ ငှက်ပျောသီးရောဆိုတော့ဝိတ်တက်မှာပဲလို့ထင်ထားတာ

ဒါပေမယ့်တကယ်စားကြည့်တော့ဝမ်းလည်းမှန်သလို မိန်းကလေးတွေနဲ့ပတ်သတ် တဲ့ရောဂါတွေကိုလည်းကာကွယ်ပေးတယ်ဆိုတော့ စားရကျိုးနပ်ပီပေါ့နော်

Be the first to comment on "ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် ရှားစောင်းလက်ပတ်"

Leave a comment

Your email address will not be published.


*