ကိုဗစ်ကာကွယ်ဆေး အမြန်ဆုံးရဖို့ မြန်မာ ကြိုးပမ်းနေပြီ
ကမ္ဘာမှာ ကိုဗစ်ကာကွယ်ဆေး စရလာချိန် မြန်မာနိုင်ငံမှာလည်း ရှေ့နှစ် ဧပြီ၊ မေ၊ ဇွန်လလောက်ထက် ပိုအစောဆုံးရနိုင်အောင်နဲ့ ထိရောက်အောင် ကြိုးစားနေတယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ဒုဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသကြီး ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ရဲ့ မြန်မာနိုင်ငံက တဦးတည်းသော အဖွဲ့ဝင်လည်းဖြစ်တဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းကို ဒီကာကွယ်ဆေး အစောဆုံး ဘယ်တော့ရနိုင်မလဲလို့ ကိုဝင်းမင်းက မေးရာမှာ ခုလိုစရှင်းပြပါတယ်။ ဒေါက်တာစောဝင်း – “အဲဒါကတော့ ကျနော်တို့လည်း…