7 Feb 2025
ရှစ်လေးလုံးအရေးတော်ပုံ အထင်ကရ ကမ္ဘာမကြေဘူးသီချင်းကို ရေးဖွဲ့ခဲ့သူ တေးရေးဆရာ၊ ကဗျာဆရာ နိုင်မြန်မာသည် ယနေ့နံနက်ပိုင်းတွင် နှလုံးလေဟပ်ကာ ကွယ်လွန်သွားကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီခုနှစ်ရက်)နံနက်ရှစ်နာရီကျော်တွင် သန်လျင်မြို့ရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၆၈နှစ်ရှိပြီဖြစ်သည်။
ဂီတမှူး နိုင်ဇော်က တေးရေး နိုင်မြန်မာ ကွယ်လွန်ခြင်းအတွက် ဂီတလောကတခုလုံး ဆုံးရှုံးရသလို ခံစားရပါတယ် ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထားသည်။
နိုင်မြန်မာရေးဖွဲ့ခဲ့သည့် ကမ္ဘာမကြေဘူးသီချင်းသည် ဒီမိုကရေစီတော်လှန်ရေးအတွင်း အထင်ရှားဆုံးဖြစ်သည်။
တေးရေးဆရာ နိုင်မြန်မာ၏ သားဖြစ်သူ အဆိုတော်ဗျူဟာမှာ လျှပ်စစ်မီး ပုံမှန်မရခြင်းနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင်တို့ကို ဝေဖန်ခဲ့သဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည်။
MPA