▪︎စစ်​ကောင်စီက ဆေးရုံလာ၍ လွတ်ငြိမ်းခွင့်ဖတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး၌ အရေးပေါ်ကုသမှုခံယူနေရပြီး သတိပြန်လည်မလာသေးကြောင်း ပါတီသတင်းရင်းမြစ်အချို့က ပြောသည်။မနေ့ အောက်တိုဘာလ ၅ ရက်ညနေပိုင်းကစပြီး မေ့မြောနေတာဖြစ်ပြီး ဒီနေ့အထိ သတိပြန်လည်တာမရှိဘူးလို့ သိရပါတယ်။

သွေးကင်ဆာရောဂါဝေဒနာခံစားနေရသူ အသက် ၇၃နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းစစ်ကောင်စီက ဆေးကုသခွင့် ကောင်းမွန်စွာ မပေးဘဲ မိသားစုနှင့်တွေ့ဆုံခွင့်ကိုလည်း တားမြစ်ကန့်သတ်ထားသည်။

“အရေးပေါ်မှာပဲလို့ သိရတယ်။ အခြေအနေကတော့ နောက်ဆုံးအချိန်ရောက်နေပြီလို့ ပြောရမယ်” ဟု NLD သတင်းရင်းမြစ်က ပြောသည်။

စစ်​ကောင်စီက ​ဆေးကုသခွင့်​ကောင်းစွာမ​ပေးခဲ့ဘဲ ယ​နေ့ ​နေ့ခင်းပိုင်းတွင်မူ ​ဆေးရုံသို့လာ၍လွတ်ငြိမ်း ခွင့်လာဖတ်သွား​ကြောင်းလည်း သတင်းရင်းမြစ် အချို့က​ပြောသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် နံနက်အစောပိုင်းတွင် ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးခဲ့ပြီး မတရားသဖြင့် အမှု ၁၀ မှုစွဲဆိုခဲ့ကာ ထောင်ဒဏ် ၂၉နှစ်အထိ ချမှတ်ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၈၈ အရေးတော်ပုံကြီးအပြီးတွင် မန္တလေးဆေးတက္ကသိုလ် ဇီဝဓာတုဌာနမှ အလုပ်ထွက်ကာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် NLD ပါတီဝင်ဖြစ်လာပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၁ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့၌ အနိုင်ရခဲ့ကာ လေးထပ်ကွမ်းအမတ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ ရွေးကောက်တင်မြှောက်ခံရသူ ဒေါက်တာဇော်မြင့်မောင်ကို ထိုစဥ်က စစ်အစိုးရက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်သည် နှစ်ပေါင်း ၂၀ ခန့် အကျဥ်းထောင်များအတွင်း ဖြတ်သန်းခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင် ရဲ့ ကျန်းမာရေး ဆိုးရွားပြီး စိုးရိမ်ရတဲ့အခြေအနေဖြစ်နေ

စစ်ကောင်စီကဖမ်းဆီးအကျဉ်းချထားတဲ့ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရပြီး မန္တလေး ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်ဆီမှာ ကုသမှု ခံယူနေရတယ်လို့ မန္တလေးတိုင်း NLD ပါတီနဲ့ နီးစပ်သူထံကသိရပါတယ်။

သွေးကင်ဆာဝေဒနာသည် အသက် ၇၃ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိအချိန်မှာ သတိ မေ့မြောနေပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။

မနေ့ အောက်တိုဘာလ ၅ ရက်ညနေပိုင်းကစပြီး မေ့မြောနေတာဖြစ်ပြီး ဒီနေ့အထိ သတိပြန်လည်ရရှိတာမရှိဘူးလို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့မိသားစုဝင်နဲ့ NLD ပါတီ ဝင် အချို့ရဲ့ ဖေ့ဘွတ်ခ် Profile တွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အနက်ရောင်ချိန်းထားတာတွေ့ရပါတယ်။
People’s Spring က ဖတ်ရှုရတဲ့ ကြေးနန်းမှာတော့ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့ခင်း ၂ နာရီမှာ လွတ်ငြိမ်းပေးလိုက်တယ်လို့ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရုံးတစ်ဆူဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းတဲ့နေ့မှာ ပဲ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီက အမှုပေါင်းများစွာနဲ့ စွပ်စွဲပြီး မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၉ နှစ်ချထားတာပါ။

People’s Spring