Author: Ka K

ဖေဖော်ဝါရီ ၆ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ရန် ပထမဦးဆုံးလုပ်ဆောင်ရသည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့် စစ်ကောင်စီက တရားဝင် ပိတ်ပင်လိုက်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီများက ပြောဆိုသည်။ ယခုဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ပထမဦးဆုံး လုပ်ရသည့် အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်သည့် ပြည်ပအလုပ် အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ရန်အတွက် လူပေါင်း ၂၀၀ နီးပါး တင်ပြခဲ့ရာတွင် ၁၄၂ ဦးကို ငြင်းပယ်ခဲ့ကြောင်း၊ ငြင်းပယ်ခံရသူများတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို စစ်မှုထမ်းရန် အသက် အရွယ်ကန့်သတ်ချက်နှင့် အကျုံးဝင်နေ၍ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင် တန်း တက်ရောက်ခွင့်မရှိဟု တရားဝင် အသိပေးအကြောင်းကြားလာကြောင်း သိရှိရသည်။ “အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားအားလုံးကို စစ်မှု ထမ်းအသက်အကျုံးဝင်တဲ့အတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ခွင့်မပြုကြောင်း စပြီး အကြောင်းကြားပါတယ်။ ကျနော်တို့ အေဂျင်စီက ဂျပန်ကို ကျွမ်းကျင်အလုပ်သမားပို့ဖို့ တင်ပြထားတာ အားလုံးက အငြင်းခံရပါတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ သို့ရာတွင် စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများသို့ တစ်စုံတစ်ရာ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခြင်းမရှိဘဲ ယခုအခါမှသာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို အလုပ်သမားဝန်ကြီးဌာနကဖွင့်လှစ်သော ပြည်ပအလုပ်အကိုင်လမ်းညွှန် တက်ရောက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။…

Read More

ဖေဖော်ဝါရီ ၅ ရက် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ၌ အထူးခံစစ်ပြင်ထားသည့် စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။ တောင်ကုတ်နှင့် ပဲခူးအစပ်ရှိ တောင်ပုံကြီးစခန်း AA လက်ထဲကျရောက်ပြီးနောက် စစ်ကောင်စီတပ်များ ပဲခူးတိုင်းအတွင်းရှိ မိုးထိဗျူဟာတွင် ခံစစ်ပြင် ခုခံခဲ့သော်လည်း မိုးထိဗျူဟာကိုပါ AA က သိမ်းပိုက်ခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်မှာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးသို့ ရောက်ရှိလာပြီး စစ်ကောင်စီ၏ စစ်လက်နက် ပစ္စည်းထုတ်စက်ရုံ (ကပစ) များထံမှ အင်အားများကို တိုက်ပွဲဖြစ်နေသည့် ညောင်ကျိုးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ “ခုတိုက်ပွဲတွေက ပန်းတောင်းမြို့နယ်ထဲကိုရောက်နေပြီလို့ပြောရမယ်။ ညောင်ကျိုး ပုဂံကွဲဆိုတာ ပန်းတောင်းထဲမှာပါ။ တိုက်ပွဲပြင်းထန်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ညောင်ကျိုး တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီက ကပစစက်ရုံများရှိသည့် ညောင်ခြေထောက် ကျေးရွာတွင်ပါ ခံစစ်အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။ “ကပစစက်ရုံတွေက လက်ရှိမှာ ထုတ်လုပ်ဖို့ထက် ကာကွယ်ဖို့အဓိကဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတဲ့ ညောင် ကျိုးနဲ့ ကပစစက်ရုံရှိတဲ့ ညောင်ခြေထောက်နဲ့က လက်နက်ကြီးတစ်ကမ်းပဲကွာတော့တယ်။ AA ရဲ့ လက်နက်ကြီးပစ်စွမ်းရည်ကလည်း မသေးတော့ ညောင်ကျိုးကျသွားရင် ကပစစက်ရုံတွေအတွက် မလွယ်ဘူး”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။ ညောင်ခြေထောက်ကျေးရွာတွင် ကပစ (၆) နှင့် အမှတ် (၁၀၆) ဒုံးတပ်ရင်းတို့တည်ရှိပြီး တိုက်ပွဲ ဖြစ်ပွားနေသည့် ညောင်ကျိုးနှင့် မိုင်အနည်းငယ်ခန့်သာကွာဝေးပြီး ကြားထဲတွင် မည်သည့်တပ်စခန်းမျှ မရှိကြောင်း သိရသည်။ ညောင်ကျိုး…

Read More

ဖေဖော်ဝါရီ ၅ ရက် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက ထပ်မံသိမ်း ပိုကိနိုင်ခဲ့ပြီး စစ်ကောင်စီတပ် အရာရှိနှင့်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာရှိ စစ်ကောင်စီစခန်းတစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ “ကျားခေါင်းက ဒေသအခေါ်ချောင်းဖျားလို့လည်းခေါ် ကြတယ်။ အဲဒီကနေ ငါးသိုင်းချောင်း ရေကြည် ဘက်ကို တက်လို့ရတယ်။ ဘောမိကနေ အဲဒီမှာဆက်ပြီးတိုက်ပွဲဖြစ်နေတာ။ ခုအဲဒီစခန်းကျ သွားပြီ”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သည်အများအပြား ထိခိုက် သေဆုံးမှု များပြီး ဒဏ်ရာရရှိသူများကို ပုသိမ် ဆေးတပ်ရင်း ၄ သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ လေ့ကျင့်ရေး တပ်သားများနှင့် ထုတ်နုတ်အင်အားများကို ပို့ ဆောင်နေသော်လည်း ထွက်ပြေးသူများပြားကာ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကိုသာ ဖောကားများဖြင့် ပြန်လည်သယ်ဆောင်လာသည်ကို တွေ့ရကြောင်း ဒေသခံများထံက သိရသည်။ ထို့အပြင် ဖေဖော်ဝါရီ ၃ ရက်နေ့က ကျုံပျော်မြို့ရှိ ခလရ ၃၆ တပ်ရင်းမှ ကင်းထောက်ခြင်းနှင့်ဗုံးကြဲခြင်း များပြုလုပ်နေသည့် စက်တပ်လေထီးများကိုစေလွှတ်ရာ ခြောက်စီးအနက် ငါးစီးသာပြန်လည်ရောက်ရှိ လာကြောင်းနှင့် ယင်းစက်တပ်လေထီးများမှာ ညအချိန်များတွင်ပင် ပျံသန်း၍ ကင်းထောက်နေကြောင်း သိရသည်။ AA နှင့်ပူးပေါင်းတပ်တို့သည် ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ နှင့်…

Read More

၁၂ နှစ်ကြာ ကွဲကွာခဲ့သော ညီအစ်ကို ၂ ဦး ပြန်လည်ဆုံတွေ့ချိန် ညီက တော်လှန် ရေးရဲဘော်ဖြစ်နေပြီး အကိုက စစ်ကောင်စီတပ်သားဖြစ်နေကာ လက် နက်ချ အညံ့ခံလာချိန်မှ ညီအစ်ကို ဖြစ်မှန်းပြန်သိကြ ဖေဖော်ဝါရီ ၅ ၂၀၁၃ ခုနှစ်ကတည်းက ကွဲကွာခဲ့ပြီး ၁၂ နှစ်အကြာ ညီအစ်ကို ၂ ဦး ပြန်လည် တွေ့ဆုံချိန် ညီဖြစ်သူမှာ တော်လှန်ရေးရဲဘော်ဖြစ်နေပြီး အကိုဖြစ်သူမှာ စစ်ကောင်စီတပ်သားဖြစ်နေကာ လက်နက်ချ အညံ့ခံလာချိန်မှ ညီအစ်ကိုဖြစ်နေမှန်း ပြန်လည်သိရှိ တွေ့ဆုံကြသည့် ဖြစ်စဉ် တစ်ခု ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အခြေစိုက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးတွင် ဖြစ်ပွား သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား ၅ ဦး လက်နက်ချ အညံ့ခံလာသဖြင့် ဖမ်းဆီးရရှိခဲ့ပြီး ယင်းအထဲတွင် ဓနုပြည်သူ့လွတ်မြောက်တပ်ဦးမှ တော် လှန်ရေးရဲဘော် ကိုကျော်ယံ၏ အကိုဖြစ်သူ စစ်ကောင်စီတပ်မှ တပ်ကြပ် ပါဝင် လာကြောင်း သိရှိရသည်။ ၎င်းတို့ ညီအစ်ကို ၂ ဦးသည် ၂၀၁၃ ခုနှစ်ကတည်းက ကွဲကွာခဲ့ကြခြင်းဖြစ်ပြီး အစ်ကိုဖြစ်သူမှာ နောင်ချိုမြို့နယ်၊ တောင်ခမ်းအခြေစိုက် အမှတ် ၉၀၂ အမြောက် စခန်းကွပ်ကဲမှုဌာနချုပ်မှ တပ်ကြပ်တစ်ဦးဖြစ်ကာ ညီဖြစ်သူ ကိုကျော်ယံမှာ ဓနုပြည်သူ့လွတ်မြောက်တပ်ဦးမှ တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သည်။ ယခုအချိန်တွင် တော်လှန်ရေးရဲဘော် ကိုကျော်ယံမှ အသက် ၂၇ နှစ်ရှိနေပြီဖြစ်ပြီး အကိုဖြစ်သူ စစ်သုံ့ပန်း စစ်သားမှာ အသက် ၃၈…

Read More

ဖေဖော်ဝါရီ ၅ စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းရန်နှင့် ပြဿနာများ မဖြစ်ပွား စေရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် ၆၄ နှစ်မြောက်ကချင်တော်လှန်ရေးနေ့တွင် ၎င်းက လိုင်ဇာTV မှတစ်ဆင့် အထက်ပါအတိုင်း ပြောဆိုသတိပေးလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်အဖွဲ့များအကြား ပြဿနာမဖြစ်ပွားစေရေးနှင့် အချင်းချင်း ကူညီရိုင်းပင်းရေး သတိပြုကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်း ပြောဆိုသည်။ “လက်နက်ကိုင် တော်လှန်နေကြသူများ ခင်ဗျာ။ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းနိုင်ဖို့က အဓိကဖြစ်ပါတယ်။ အချင်းချင်း ကူညီထောက်ပံ့ကြဖို့ လိုအပ်ရုံ သာမက အချင်းချင်းကြား ပြဿနာတွေ မပေါ်ပေါက်အောင် သတိနဲ့ဆောင်ရွက်ကြပါစို့။ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးအဖြေရှာဆုံးဖြတ်ရမယ့် ကိစ္စတွေကို အချိန်မတိုင်မီ ဦးစားပေးဖြေရှင်းတာမျိုး မလုပ်ကြပါစို့။ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြု စည်းဘောင်ထားရှိပြီး ဘုံရန်သူကို တိုက်ခိုက်ဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုသည်။ လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေလု အငြင်းပွားမှုများ အဖြစ်များနေပြီး လူအင်အား၊ စစ်လက်နက်အင်အား ဖြင့် နယ်မြေချဲ့ ထွင်အုပ်စိုးနိုင်ခြင်းမဟုတ်ကြောင်း၊ ဒေသပြည်သူများ၏ ထောက်ခံမှု ပါဝင်ရမည်ဆိုသည်ကို နားလည်သိရှိကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအနေဖြင့် ငြိမ်းချမ်းရေးကို စစ်မြေပြင်တွင် အဖြေရှာခြင်း မပြုဘဲ ဆုပ်ကိုင်ထားသည့်အာဏာကို နိုင်ငံတော်ငြိမ်းချမ်းရေးအတွက်…

Read More

ဖေဖော်ဝါရီ၊ ၄ မြစ်ဝကျွန်းပေါ်သားတွေ (ဧရာဝတီတိုင်း) ဇာတိရပ်ထံပြန်ဝင်နေပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာ ကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဧရာဝတီတိုင်းဟာ တော်လှန်ရေးအရ ရေခံမြေခံကောင်းတဲ့အပြင် ဖက်ဆစ်တော်လှန်ရေးကာလတုန်းကလည်း တော်လှန်ရေးခေါင်းဆောင်ပိုင်းတွေဟာ မြစ်ဝကျွန်ပေါ်မှာ အခြေပြုခဲ့ဖူးတယ်လို့ သူကလူမူကွန်ရက်စာမျက်နှာကတဆင့်ပြောပါတယ်။ ဒါ့ပြင် နွေဦးတော်လှန်ရေးစတင်တဲ့အခါ ဧရာဝတီတိုင်းသားတွေဟာ အရှေ့ရိုးမ ၊ အနောက်ရိုးမနဲ့ အလယ်ရိုးမ အစရှိတဲ့ဒေသတွေမှာ တိုက်ပွဲဝင်ရောက်ခဲ့ကြတယ်လို့လည်း ဦးရည်မွန်ကပြောပါတယ်။ ဒါ့အပြင်ဧရာဝတီ PDF (အမှတ် ၂၉ ဗျူဟာ) ကလည်း မဟာမိတ်တွေနဲ့အတူ ဧရာဝတီတိုင်းထဲကို ထိုး ဖောက်ဝင်ရောက်နေပြီလို့ ဇန်နဝါရီလ ၂၉ ရက်က ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အပတ်စဉ် (၆) အတွက် သင်တန်း သားအသစ်တွေကိုလည်း ခေါ်ယူနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD လွှတ်တော်အမတ်တချို့ကလည်း ဧရာဝတီဒေသခံ တော်လှန်ရေးရဲဘော်တွေဟာ ပြီးခဲ့တဲ့ ကာလတလျှောက်လုံး ဇာတိရပ်ရွာနဲ့ဝေးရာ ဒေသပေါင်းစုံက တော်လှန်ရေးတိုက် ပွဲတွေထဲ ပါဝင်နေခဲ့ကြတာလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဧရာဝတီတိုင်းသူ၊တိုင်းသားတွေဟာ နည်းလမ်းပေါင်းစုံသော ဝေဖန်တိုက်ခိုက်မှုတွေကို အံကြိတ်ခံပြီး တော်လှန် ရေးကာလတလျှောက်လုံးမှာ နှုတ်ရေးမကြွယ် ၊ခွါသံမကျယ်ဘဲ အသက်တွေဘဝတွေရင်းနှီးပြီး ကျရာတာဝန်ကို ထမ်းရွက်ခဲ့ကြတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧရာဝတီ PDF အတွက် ရန်ပုံငွေရှာဖွေတဲ့ အစီအစဉ်တခုမှာပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ဧရာဝတီ ထိုးစစ်ကို အာရက္ခတပ်တော် AA က ဦးဆောင်နေတာပါ။ ရခိုင်တပြည်နယ်လုံးနီးပါး…

Read More

လူထက်နိုင်၊ နိရဥ္စရာ၊ ဖေဖော်ဝါရီ ၄/၂၀၂၅ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Chinland Defense Force – Lautu နဲ့ Maraland Defense Force – MDF တို့ဟာ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဇွာမာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။ အဲဒီကျေးရွာမှာ နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ရွာမန်းကျေးရွာမှာ တပ်စွဲထားသည့် CDF-Lautu တပ်စခန်းကို MDF က ဇန်နဝါရီလ နောက်ဆုံးအပတ်ကနေ စတင်ပြီး မဟာမိတ်တပ်တွေနဲ့အတူ ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံအမျိုးသားတစ်ယောက်က “ဇွာမာကျေးရွာက လောက်တူတွေနေထိုင်နေတာ။ အခုက CDF-Lautu က ထိန်းချုပ်ထားတာပါ။ ပြီးတော့ MDF မရာ(ချင်း)တွေကလည်း သူတို့နေထိုင်ခဲ့တဲ့နယ်မြေဆိုပြီးပြောတာရှိတယ်။ အခုဖြစ်တာ နယ်မြေအငြင်းပွားလို့ဖြစ်တာပါ။ နှစ်ဖက်ထိခိုက်ကျဆုံးတာရှိတယ်လို့ သိရတယ်။ အချင်းချင်းမဖြစ်စေချင်ဘူး။ ညှိစေချင်ပါတယ်။ ပြည်သူတွေပဲ ထိခိုက်မှာပါ”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် ဇွာမာရွာမှာ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေခံ ဇွာမာရွာအပါအဝင် အနီးအနားကျေးရွာလေးရွာလောက်က ဒေသခံတွေဟာလည်း အဲဒီတိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။ တိုက်ပွဲအတွင်း Chinland Defense Forcr – Lautu ဘက်က အကျအဆုံးရှိသလို MDF ဘက်ကလည်း ထိခိုက် သေဆုံးမှုရှိတယ်လို့ သိရပြီး အရေအတွက်ကို နိရဥ္စရာက အတည်မပြုနိုင်သေးပါဘူး။ အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး တိုက်ပွဲဖြစ်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့နှစ်ခုတို့ကို နိရဥ္စရာက…

Read More

မကွေးတိုင်း၊ ငဖဲမြို့နယ် ဂုတ်စည်းရိုးကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဂုတ်စည်းရိုးစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းတွင် AA နှင့်ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၈၀ ခန့် သေဆုံးကြောင်း သိရသည်။ “အထက်အမိန့်မရဘဲ ဂုတ်စည်းရိုးခံစစ်ကနေ အရာရှိ နဲ့တပ်ဖွဲ့ဝင်တွေ ဆုတ်သွားတာ တုံးကြီးဘက်ကို။ တာဝါတိုင်ဘက်ဆုတ်တဲ့ တပ်ဖွဲ့တွေ ပိတ်မိပြီး လက်နက်ချလိုက်ရတယ်ပြောတယ်”ဟု ရခိုင်စစ်ရေး သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ဂုတ်စည်းရိုးစခန်းမှ ဆုတ်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တာဝါတိုင်စခန်းကုန်းတွင် ပိတ်မိနေပြီး ယနေ့ ဖေဖော်ဝါရိ ၃ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ တာဝါတိုင် စခန်းကိုပါ AA ကသိမ်းပိုက်လိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ ဗျူဟာနှစ်ခုနှင့် တပ်ရင်းခြောက်ရင်း ခံစစ်ပြင်ထားသည့် ဂုတ်စည်းရိုးစခန်း သိမ်းပိုက်ခံလိုက်ရချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချပြီး လက်နက်ခဲ ယမ်းများကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့မှစကာ အဆိုပါဂုတ်စည်းရိုးစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနှင့် AA တို့ ဒရုန်းများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ခန့် သေဆုံးခဲ့ကြောင်း သိ ရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နတ်ရေကန် စခန်း၌ ခံစစ်ပြင်နေပြီး…

Read More

အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်တွင် တိုက်ပွဲဝင်နေသည့် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းများတွင်နဂိုက အင်အား ၁၃၀၀ ကျော်ရှိခဲ့သော်လည်း လက်ရှိတွင် အင်အား ၇၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း ဧရာ၀တီသတင်းဌာ၏ သတင်းတစ်ပုဒ်အရ သိရသည်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားသည့်အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းများကို ဇန်နဝါရီ၃၁ ရက်နေ့က အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ရရှိထားသော မြေပြင် အချက်အလက်များကိုကိုးကားပြီး ဧရာ၀တီက သတင်းဖော်ပြသည်။ ထိုသို့ တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံတပ်များတွင်အင်အားအများအပြားပြုန်းတီးသွားခဲ့သည်ဟုသိရသည်။ “ တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ စပြီးအင်အား ဖြည့်တင်းလာခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ စုစုပေါင်း အင်အား ၁၃၀၀ ကျော်ရှိပြီဖြစ်ပေမယ့် တိုက်ပွဲအတွင်း လက်နက်ချ၊ သေဆုံး၊ ထွက်ပြေးမှုများကြောင့် အင်အား ၇၀၀ ခန့်သာ ကျန်တော့တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ် အချက်အလက်အရ သိရပါတယ်” ဟု ဧရာ၀တီက သတင်းဆက်လက်ဖော်ပြသည်။ တပ်မ (၉၉) လက်အောက်ခံ နည်းဗျူဟာ ၃ ခုဖြစ်သည့် ၉၉၁၊…

Read More

People’s Spring မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၊ စစ်တပ်၏ မဲပလီဗျူဟာစခန်းကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်က သိမ်းပိုက်ခဲ့​သော ရုပ်သံမှတ်တမ်းကိုBPLA ကထုတ်ပြန်လိုက်သည်။ KNU တပ်မဟာ(၁)နယ်မြေရှိ စစ်ကောင်စီအခြေစိုက် မဲပလီဗျူဟာစခန်းကိုဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။ “အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြော သည်။ မဲပလီ စခန်းကို စစ်ကောင်စီက လေကြောင်း ပစ်ကူပေး ခုခံနေသည့် ကြားမှာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းဆီးရရှိခဲ့မှုကိုလည်းတွေ့ရသည်။ မဲပလီစခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးနှင့် လက်နက်ခဲယမ်းများသိမ်းရခဲ့ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အချို့ ဖမ်းမိခဲ့သည်ဟု သတင်းရင်းမြစ်အချို့က ပြောကြားထားသော်လည်း အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ကရင်သတင်းရင်းမြစ်အချို့ကမူ မဲပလီစခန်းမှ စစ်ကောင်စီ ဗျူဟာမှူး ထွက်ပြေးသွား၍ ရှာဖွေနေဆဲဖြစ်သည်ဟု လူမှုကွန်ရက်၌ အသိပေးထားသည်။ ထို့ပြင် မဲပလီစခန်းမှ ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဆောက်အဦး တစ်ခု၌ စုစည်းထားသည့် ရုပ်သံကိုလည်း လူမှုကွန်ရက်၌ တွေ့ရပြီး…

Read More