ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းတွေ့ဆုံ
ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းတွေ့ဆုံကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဝန်ကြီး ဦးရည်မွန်က ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များကို သွားရောက် တွေ့ဆုံ အားပေးခဲ့ကြောင်း၊ ခရီးစဥ်အတွင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သိမ်းပိုက်ရရှိထားသော ပင်လည်ဘူးမြို့ကို ဝင်ရောက် စစ်ဆေးခြင်းနှင့် လက်နက်ချ အညံ့ခံ ပူးပေါင်းလာသော စစ်သုံ့ပန်းများအား တွေ့ဆုံခြင်း များလည်း ဆောင်ရွက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ အပါအဝင် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်များက ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ်လ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၇၀ ဦးခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံး၍ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အလင်းဝင်ရောက် လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးရှိပြီး စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိကြောင်း သိရှိရသည်။