“ဒီနေ့စပြီ..မုန်တိုင်းမိုးတွေ ထပ်ကြမ်းတော့မယ်ရန်ကုန်အပါအဝငိပြည်နယ်နဲ့တိုင်း 12ခု….”
လေဖိအားနည်းရပ်ဝန်း 98B INVEST update
အောက်တိုဘာ ၂၁ ရက် နံနက် ၀၁:၀၀ နာရီ
====
🔸 အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီမှာ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ပို့ဘလဲယားနဲ့ ကိုကိုးကျွန်းကြားမှ ဖြတ်သန်းဝင်ရောက်သွားပြီဖြစ်ကြောင်း GFS Model ရဲ့ နောက်ဆုံးရတဲ့ update မှာတွေ့ရပါတယ်။
🔸 ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အလယ်ပိုင်းပင်လယ်ပြင်မှာ မြောက်ဘက်ကို ကနဦးရွေ့လျားပြီး အနောက်-အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျားကာ အောက်တိုဘာ ၂၂ ရက် ည ပိုင်းမှာ အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)ဖြစ်လာနိုင်မယ်လို့ တွေ့ရပါတယ်။
🔸 အဲ့ဒီကမှ – အနောက်မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားပြီး အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ ဆက်လက်၍ မြောက်-အနောက်မြောက်ကိုဆက်လက်ဦးတည်ရွေ့လျားပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီခန့်မှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေအနီးကို ချဉ်းကပ်ရောက်ရှိမယ်လို့ တွေ့ရပါတယ်။
🔸 အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက စ ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေကိုကျော်ဖြတ်ဝင်ရောက်ကာ ကုန်းတွင်းမှာတဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမယ်လို့ နောက်ဆုံးရ NOAA ရဲ့ GFS ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။
🔸 လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)၊ ဆိုင်ကလုန်းမုန်တိုင်း စသည်ဖြင့် အဆင့်ဆင့် အားကောင်းလာနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာချိန်မှာ “ကာတာ”နိုင်ငံက ပေးထားတဲ့ အလှည့်ကျအမည် “DANA” ဆိုတာကို ရရှိပါမယ်။
🔸 GFS Model ကြိုတင်ခန့်မှန်းချက်အရဆိုရင်တော့ ဆိုင်ကလုန်းမုန်တိုင်းမှ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Severe Cyclonic Storm-SCS အဆင့်အထိရောက်နိုင်ကြောင်းတွေ့ရတဲ့အတွက် ဒီကြိုတင်ခန့်မှန်း မှန်ကန်မှုရှိ/မရှိကို စောင့်ကြည့်ပြီး “မုန်တိုင်းများကြိုတင်ခန့်မှန်းခြင်းနဲ့ ဆန်းစစ်အတည်ပြုခြင်း ရလဒ်များ” ထွက်ပေါ်လာတဲ့အခါမှသာ မုန်တိုင်းအရွယ်အစား၊ မုန်တိုင်းရဲ့ပြင်းအားနဲ့ မြန်မာနိုင်ငံအပေါ် မုန်တိုင်းအရှိန်သက်ရောက်နိုင်မဲ့ အခြေအနေ-အနည်းအများကို ထပ်မံလေ့လာတင်ပြပေးသွားပါမယ်။
======
အိန္ဒိယမိုးလေဝသဋ္ဌာနထုတ်ပြန်ချက်(INTERACTIVE MAP DATA) 21st OCTOBER UPDATE
(အောက်တိုဘာ ၂၁ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်)
=====
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို ဆက်လက်ရွေ့လျားပြီး –
♦️ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းတွင် မုန်တိုင်းငယ်(DEEP DEPRESSION-DD)အဖြစ်သို့လည်းကောင်း၊
♦️ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(CYCLONIC STORM-CS)”DANA” အဖြစ်သို့လည်းကောင်း၊
♦️ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM – SCS)အဖြစ်သို့လည်းကောင်းရောက်ရှိလာနိုင်ကြောင်း တွေ့ရပါသည်။
အိန္ဒိယမိုးလေဝသဋ္ဌာနနှင့် WINDY – ECMWF, GFS နှင့် ICON model များ၏ ခန့်မှန်းချက်များအရ –
♦️ မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည်မဟုတ်ကြောင်း၊
♦️ အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများဆီသို့သာ ဦးတည်ရွေ့လျားကာ အောက်တိုဘာ ၂၄ ရက် ညပိုင်းမှ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအချိန်အတွင်း ဖေါ်ပြပါပြည်နယ်တခုခု၏ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။
⛈️ 🌧️ မုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတောင်ပိုင်း(ထားဝယ်မြို့အောက်ဘက်) ဒေသများတွင် မိုးများနိုင်ပြီး –
🌦️ ကျန်ပြည်နယ်တိုင်းများတွင် မိုးအသင့်အတင့်သာရွာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။
=====
WINDY APP ပေါ်က ECMWF model update နဲ့ အိန္ဒိယမိုးလေဝသဋ္ဌာန က အချက်အလက်များပေါင်းစပ်ထားတဲ့ မုန်တိုင်းလမ်းကြောင်းနဲ့ မုန်တိုင်းလေတိုက်နှုန်းခန့်မှန်းချက်မှာ –
🔸 အောက်တိုဘာ ၂၃ ရက် နေ့လည် ၁ နာရီ – လေတိုက်နှုန်း တနာရီ ၅၂ မိုင်ဖြစ်လာပြီး အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm-CS) “DANA” ဖြစ်လာနိုင်ကြောင်းနဲ့ …
🔸 အောက်တိုဘာ ၂၄ ရက် နံနက် ၁ နာရီမှာ လေတိုက်နှုန်း တနာရီ ၆၃ မိုင်အထိ ရှိလာပြီး အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm – SCS)ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များတွေ့ရပါတယ်။
🔸 မုန်တိုင်းလမ်းကြောင်းခန့်မှန်းချက်အရ မြန်မာပြည်ဘက်ကို ဦးတည်ရွေ့လျားနိုင်ရန် မရှိကြောင်းတွေ့ရပြီး၊
အောက်တိုဘာ ၂၁ ရက် ည ၁၁ နာရီ မှ အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီအထိ(၄၈ နာရီအတွင်း) –
🔸 တနိုင်ငံလုံး နေရာအနှံ့အပြားမိုးရွာနိုင်ကြောင်း၊
🔸 မကွေးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ တနင်္သာရီတိုင်း(ထားဝယ်မြို့ အောက်ဘက်) ဒေသတွေမှာတော့ ၄၈ နာရီအတွင်း မိုးရေချိန် ၂ လက်မ မှ ၃ လက်မအထိ ရွာသွန်းကာ နေရာကွက်ပြီး မိုးများနိုင်ကြောင်း၊
🔸 မြေပြင်လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ အထိ ရှိနိုင်ကြောင်း၊
🔸 ပင်လယ်ပြင်မှာတော့ တနာရီ မိုင် ၄၀ ခန့်အထိ တိုက်နိုင်ကြောင်း၊
🔸 ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့် ၆ ပေ မှ ၁၀ ပေအထိရှိနိုင်ကြောင်း တွေ့ရပါတယ်။
(အောက်တိုဘာ ၂၁ ရက် နေ့လည် ၂ နာရီ)