BVJ /အေတီ၊ အောက်တိုဘာ၂၇၊၂၀၂၄
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ဟာ မကြာခင်အချိန်ပိုင်းအတွင်း အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်တော့မယ်လို့ BPLA ခေါင်းဆောင် မောင်ဆောင်းခက သူ့ရဲ့ ဖေ့စ်ဘုခ် စာမျက်နှာကတဆင့် သိပေးထုတ်ပြန်လာပါတယ်။
“ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။”
BPLA တပ်ဖွဲ့ဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့တပ်ဖွဲ့ အများကြီးတိုးတက်လာတဲ့အတွက် ကျေးဇူးမမေ့တဲ့အကြောင်း သူက အခုလို ထပ်ဖြည့်ပြောပါတယ်။
“ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။”
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ပူးးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့ BPLA တပ်ဖွဲ့ဟာ တပ်အင်အားပိုမိုကြီးထွားအောင် ကြိုးစားနေပီး တပ်သားသစ်တွေ စိစစ်ရွေးချယ်ခေါ် ယူနေတဲ့ အကြောင်း BPLA တပ်ဖွဲ့ စာမျက်နှာကတဆင့် အောက်တိုဘာ၁၃ရက်နေ့က ဖိတ်ခေါ်ထားပါတယ်။
ဓာတ်ပုံ- BPLA
ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။
ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
Maung Saungkha
ဆက်လက်ဖတ်ရှုရန်