ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီးရုပ်ရှင်ကို ရှုံ့ချသူ ကိုဟာဆယ်ယွန်ပျောက်ဆုံးနေခြင်း

ယခုရုပ်ရှင်နဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၄ရက်နေ့က ကိုဟာဆယ်ယွန်က social mediaမှာ စတင်ရှုံ့ချခဲ့ပါတယ် အကြောင်းရင်းကတော့ ဇာတ်ကားနာမည် ဇာတ်ကားထဲဝတ်ဆင်ထားတဲ့ ဟိန္ဒူရိုးရာဝတ်စုံတို့က ရိုးရာယဥ်ကျေးမှုကိုပျက်ရယ်ပြုစော်ကားသလိုဖြစ်နေလို့ပါ ဇာတ်ကားထဲသုံးနှုန်းထားတဲ့စကားလုံးအသုံးနှုန်းတွေကျွန်တော်တို့မသိရသေးပါ ယခုရုပ်ရှင်လိုမျိုး အရင်တုန်းကလည်းတစ်ခြားလူမျိုးတစ်ခြားဘာသာယဥ်ကျေးမှု လူလူချင်းခွဲခြားဖိနှိပ်တာတွေ အရံမင်းသားမင်းသမီးတွေဆိုအသားမဲတာပုတာတွေ တစ်ပါးသူအားနားချက်ကိုဖိတာ အိမ်အကူနေရာဆို တောက မိန်းကလေးတွေပဲလုပ်တယ်ဆိုတဲ့လော့ဂျစ်ရိုက်သွင်းတာ လူကြမ်းဆိုသူများသားမယားကိုဖျက်စီးရမယ်ဆိုတာလော့ဂျစ်တစ်ခုလိုဖြစ်တာ မြန်မာ့ရုပ်ရှင်မှာပြုပြင်မယ်ဆိုပြင်စရာတွေအများကြီးပါ တစ်ခြားဘာသာလူမျိုးကိုစော်ကားပြီးမှ ဟာသဆိုတဲ့စကားလုံးနဲ့ကာတာကို ကျွန်တော့်လိုပဲလက်မခံနိုင်သူတွေရှိပါတယ် အဲ့ထဲကမှကိုဟာဆယ်ယွန်ကလည်းပါဝင်ပါတယ် အသံအလှူနေရင်း သူ့ဆီကိုဖုန်းတစ်လုံးဝင်လာလို့ဖုန်းပြောမယ်ဆိုပြီး ယ‌ေန့နေ့လည်၁နာရီကျော်လောက်ကစပြီး ပြန်မလာတော့တာပါ အင်တာနက်သုံးတာတော့ မနေ့ည၇နာရီနောက်ဆုံးသုံးခဲ့တာပါ ယနေ့ညနေ၄နာရီလောက်တုန်းကဖုန်းဆက်တော့ ဖုန်းဝင်ပါတယ်မကိုင်ပါဘူး ညနေ၆နာရီကျော် ၇နာရီဝန်းကျင်လောက်ကစပြီး ဖုန်းဆက်ပိတ်သွားတာပါအခုထိလည်းအဆက်သွယ်မရသေးလို့ပါ ယခုပုံပါသူအားတစ်နေရာတွင်တွေ့ရှိပါက မိသားစု အသိမိတ်ဆွေတွေစိတ်ပူနေကြောင်းပြောပြီး ထိန်းသိမ်းထားပေးကြပါနော် မိတ်ဆွေတို့အနေနဲ့လည်း ထိုသူပျောက်ဆုံးနေကြောင်း အများသိအောင်ကူညီပေးကြပါ တစ်စုံတစ်ယောက်က ကိုဟာဆယ်ယွန်နဲ့ပတ်သက်ပြီး သတင်းရတာ သဲလွန်စရခဲ့သည်ရှိသော် ကျွန်တော့်cbကိုလာပြောပေးကြပါ အားလုံးကူညီပေးဖို့ တောင်းဆိုပါတယ်ဗျ

#Edit – ပျောက်ဆုံးသူ ကိုရှိုင်းထက်အောင်

မူရင်းလင့်

ဆက်လက်ဖတ်ရှုရန်