တောင်တရုတ်ပင်လယ်က မုန်တိုင်း “TRAMI” နဲ့ အရှေ့ဖိလစ်ပိုင်ပင်လယ်က မုန်တိုင်း KONG-REY ၂ လုံး တပြိုင်နက်ဖြစ်ပေါ်နေခဲ့တာမှာ မုန်တိုင်း TRAMI ကတော့ ဗီယက်နမ်ကမ်းခြေပေါ်မေးတင်ပြီး ပင်လယ်ထဲ ပြန်ဆင်းကာ မကြာခင်အချိန်အတွင်း အားပျော့ပျက်ပြယ်သွားတော့မှာပါ။ မုန်တိုင်း TRAMI ကြောင့် ဗီယက်နမ်နိုင်ငံကမ်းခြေမှာ လွန်ခဲ့တဲ့ ၁၂ နာရီအတွင်းမှ အခုအချိန်အထိ မိုးသည်းထန်ခဲ့တာတွေ့ရပြီး၊ မနက်ဖန်ညနေ ၅ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ လက်မကျော် ထပ်မံရွာသွန်း(မိုးများ)ဦးမှာလို့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်။
TRAMI ကြောင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာသာ နေရာကွက်၍မိုးများနိုင်ပြီး နောက် ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မခွဲခန့်သာရွာသွန်းနိုင်မှာဖြစ်ကြောင်းတွေ့ရပါတယ်။
အရှေ့ဖိလစ်ပိုင်ပင်လယ်က မုန်တိုင်း KONG-REY ကတော့ အားပိုကောင်းလာပြီး အောက်တိုဘာလကုန်(၃၁ ရက်)မှာ CATAGORY-3 အားကောင်းတဲ့တိုင်ဖွန်းမုန်တိုင်းတလုံးဖြစ်လာမှာဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်းဘက်ကို ဦးတည်ရွေ့လျားပေမဲ့ ထိုင်ဝမ်ကျွန်းအရှေ့မြောက်ဘက်အနီးမှ ကပ်၍ ဖြတ်ကျော်ကာ ဂျပန်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနိုင်မှာဖြစ်ကြောင်း၊ ကြိုတင်ခန့်မှန်းထားတာတွေ တွေ့ရပါတယ်။
မုန်တိုင်း KONG-REY က တောင်တရုတ်ပင်လယ်နဲ့ ဆန့်ကျင်ဘက်အရပ်ကို ရွေ့လျားသွားမှာဖြစ်တာကြောင့် မြန်မာနိင်ငံရဲ့ မိုးလေဝသအခြေအနေတွေအပေါ် သက်ရောက်မှုကတော့ မရှိတော့ပါဘူး။
အချုပ်အားဖြင့် …
🔸 နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆန်းပိုင်းကာလများအတွင်း တောင်သူများစပါးရိတ်သိမ်းချိန်မှာ မိုးလွန်မိုး/အခါလွန်မိုး/ဖျက်မိုးဆိုတာတွေကြောင့် အနှောင့်အယှက်မဖြစ်နိုင်တော့ပါဘူး။
🔸 ရေကြီးရေလျှံမှုတွေလဲ မရှိနိုင်တော့တာကြောင့် နွေစပါးနဲ့ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စိတ်အေးလက်အေးဆက်လက်ပြင်ဆင်နိုင်ကြပြီဖြစ်ပါကြောင်း မင်္ဂလာစကားပါးလိုက်ပါတယ်။
🙏🙏🙏
Credit : Win Naing
ဆက်လက်ဖတ်ရှုရန်