အောက်တိုဘာလ ၂၈ ရက်နေ့က အကြမ်းဖက် စစ်ရှုးကောင်စီဟာ နပခ (အမ်း) မကျရှုးရေးအတွက် နောက်ဆုံး အားထုတ်မှု အနေနဲ့ မကွေးမြိုမှ အကြမ်းဖက် စစ်သားတွေကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြိုကို MI-17 ရဟတ်ယာဉ် (၃) စီးနဲ့ မစ်ရှင် (၂) ကြိမ်ခွဲကာ ပိုဆောင်ခဲ့ပါတယ်။

ပထမ မစ်ရှင်မှာ MI-17 ရဟတ်ယာဉ်တွေကို ကာကွယ်ဖိုအတွက် MI-35P တိုက်ခိုက်ရေး ရဟတ်ယာဉ် (၁) စီးက လိုက်ပါ ဝန်းရံခဲ့ကြောင်း၊

ဒုတိယ မစ်ရှင်ဖြစ်တဲ့ ညနေ ၃ နာရီခွဲကျော်ခန့် အချိန်တွေမှာ မကွေး ကလခ လေတပ်ကနေ MI-17 ရဟတ်ယာဉ် (၃) စီးကိုသာ စေလွှတ်ခဲ့ပြီး MI-35P တိုက်ခိုက်ရေး ရဟတ်ယာဉ်လိုက်ပါတော့ခြင်း မရှိချိန်မှာ အာရက္ခတပ်တော်က စစ်ရှုးကောင်စီရဲ့ MI-17 ရဟတ်ယာဉ် (၁) စီးကို ပစ်ချနိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က အတည်ပြု ပြောဆိုပါတယ်။

လေကြောင်းရန် စောင့်ကြည့် သတိပေးချန်နယ်ဖြစ်တဲ့ NAS ရဲ့ အတည်ပြုချက်အရ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ​တော့ ပထမ မစ်ရှင်​အောင်မြင်ခဲ့ပြီး ညနေပိုင်းမှာ မကွေးလေတပ်ကနေ MI-17 ရဟတ်ယာဉ် (၃) စီးဟာ အမ်းမြိုကို ဦးတည်ကာ ပျံသန်းခဲ့ပေမယ့် (၂) စီးသာ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

စစ်ရှုးကောင်စီက အမ်းမြိုကို အမ်းတော့မယ့် အချိန်မှာ နပခ တိုင်းစစ်ဌာနချုပ်ကြီးအပြင် စစ်ခွေး အပြည့်ပါတဲ့ MI-17 ရဟတ်ယာဉ် (၁) စီးကိုပါ ရက်ရက်ရောရော အမ်းသွားခဲ့ပါပြီ။

သတင်းမှန် ဖိုးစီ

ဆက်လက်ဖတ်ရှုရန်