ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ဦး မိခင်အတွက် စိုးရိမ်နေ
“မေမေလွတ်လာဖို့ မျှော်လင့်နေတယ်လို့ အစ်ကိုက ကျွန်တော့်ကို ပြောတယ်။”
“မေမေက အခု အသက် ၇၉ နှစ်ပါ။ .. အသက်အရွယ်အရရော၊ ထောင်ထဲမှာ သူလိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အခြေအနေမျိုးမှာ ထောင်ထဲမှာပဲ မေမေ သေဆုံးသွားမှာကို ကျွန်တော် အထူးစိုးရိမ်နေမိတယ်။”
“မေမေလွတ်တာနဲ့ ကျွန်တော် သွားတွေ့မှာပါ။ မေမေနဲ့အတူ နေချင်သေးတယ်။”
နေပြည်တော်မှာ အကျဥ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းနဲ့ သားကြီး အလက်ဇန္ဒား အဲရစ် (ခ) ကိုမြင့်ဆန်းအောင်တို့ဟာ မိခင် အတွက် စိုးရိမ်နေကြောင်း ကိုထိန်လင်းက ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတု
JC
မဇ္ဈိမ။ ။ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လေဖြန်းပြီး စကားမပီတော့ဘူးဆိုတဲ့ ကောလဟလတွေ ဒီသီတင်းပတ်ထဲမှာ ပျံ့နှံ့နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ “Zai Lynn” ဖေ့စ်ဘုတ်အကောင့်တခုကနေ အကျဉ်းခန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ထိုင်နေတဲ့ ပုံတူပန်းချီ ရုပ်ပုံပေါ်မှာ “အမေနေမကောင်းပါ လေဖြန်းထားတယ် စကားမပီတော့ပါ” ဆိုတဲ့ စာသားပါဝင်တဲ့ပုံကို စတင်ဖြန့်ဝေခဲ့ပါတယ်။ ဒီပိုစ့်ဟာ ပြန်လည်မျှဝေမှု ၅၇ ခုရှိနေပါတယ်။
နောက်တရက်မှာပဲ “Sweet December” အကောင့်ကနေ ပြန်လည်ကူးယူဖော်ပြထားပြီး ဒီပိုစ့်ဟာတော့ ပြန်လည်မျှဝေမှု ၆၇၇ ခုရှိနေတာပါ။
ပုံထဲမှာ ပါဝင်တဲ့ တစ်တော့ (TikTok) လိပ်စာနဲ့ ရှာဖွေတဲ့အခါမှာ ‘ဒေါင်းရတီ ထာဝရ အမေသမီး’ ဆိုတဲ့အမည်နဲ့ အကောင့်ကနေ အောက်တိုဘာ ၂၁ ရက်နေ့မှာ စတင်ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီဖိုင်ကို ကြည့်ရှုသူ ခြောက်သိန်းနီးပါး နဲ့ ပြန်လည်မျှဝေမှု ၆၀၀ ကျော်ရှိနေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကောလဟလသတင်းတွေကိုလည်း အလှမယ်ဟောင်း ထားထက်ထက်က “ကြားနေရတဲ့ အမေစု ကျန်းမာရေးသတင်းတွေ မဟုတ်ပါစေနဲ့လို့ဆုတောင်းပါတယ်”လို့ ဖော်ပြထားပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မဇ္ဈိမက မိသားစုနဲ့ နီးစပ်သူတွေကို မေးမြန်းခဲ့တာမှာ ကောလဟလသတင်းမှားသက်သက်သာဖြစ်တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခုရက်ပိုင်း သတင်းတွေကြားနေရပေမယ့် ဒီသတင်းတွေဟာ ကောလဟာလ သက်သက်သာ ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်အဲရစ် ခေါ် ဦးထိန်လင်းက မဇ္ဈိမ ကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြောထားပါတယ်။ ဒါပေမယ့် ကင်ဟာ သူ့အမေနဲ့ အဆက်အသွယ်ပြတ်နေတဲ့အတွက် မိခင်ရဲ့ ကျန်းမာရေးကိုတော့ စိတ်ပူမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ လည်းဖြစ် စမ်းချောင်းမြို့နယ် NLD အလုပ်မှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဘိုဘိုဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ ကြားသိရကြောင်း အောက်တိုဘာ ၂၉ ရက်နေ့မှာ မဇ္ဈိမကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ ကောလဟလသတင်းတွေထွက်နေတာကိုလည်း ကျနော်တို့ သတိထားမိပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် စစ်တပ်က ဆရာဝန်တွေ အပတ်စဉ် Medical Check up (ကျန်းမာရေးစစ်ဆေးမှု) လုပ်တာရှိပါတယ်” လို့ ဦးဘိုဘိုဦးကပြောပါတယ်။
အသက် ၈၀ နီးပါး ရှိပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ဩဂုတ်လ တုန်းက မူးလဲမလိုဖြစ်ပြီး ထောင်ဆရာဝန်နဲ့ ပြသခဲ့ရကြောင်း သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ဆက်လက်ဖတ်ရှုရန်