နိုဝင်ဘာ ၃ ရက် ECMWF, ICON နှင့် GFS model UPDATE များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်မည့် အခြေအနေကို model အားလုံးမှ တပြေးညီ ခန့်မှန်းထားကြောင်းတွေ့ရသည်ဟု တင်ပြခဲ့ပြီး ဖြစ်ပါသည်။
နေ့လည်ပိုင်း ထပ်မံရရှိသည့် update များအရ –
နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီမှ နောက် ၂၄ နာရီအတွင်း …
ရှမ်းပြည်နယ်တောင်ပိုင်းဒေသများ၊
မကွေးတိုင်းတောင်ပိုင်းနှင့် နေပြည်တော်နယ်မြေများ၊
ဧရာဝတီတိုင်းအရှေ့တောင်ဘက်ခြမ်း(မြေပုံတွင်ကြည့်ပါ) … တို့တွင် ၂၄ နာရီအတွင်း ရွာသွန်းနိုင်သည့် မိုးရေချိန်ခန့်မှန်းချက်များရှိနေကြောင်း၊ မိုးများနိုင်ကြောင်း (Heavy Rain) ဟု ဖေါ်ပြနေပါသည်။
(နိုဝင်ဘာ ၃ ရက် – နေ့လည် ၂ နာရီ ၄၀ မိနစ်)
နိုဝင်ဘာ ၈ ရက် နေ့လည် ၁၂ နာရီမှာ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း – မြောက်လတ္တွီတွဒ် ၁၅ ဒီဂရီအထိ ရွေ့လာပြီးမှ အနောက်ဘက်ကို ဆက်ရွေ့မယ်လို့ ဥရောပ သင်္ချာပုံစံပြုမော်ဒယ် ICON(German)က ပြနေတာရှိပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၆ ရက်နေ့က စ ပြီး ၇ ရက်၊ ၈ ရက်၊ ၉ ရက်နေ့တွေအထိ မြန်မာနိုင်ငံဘက်ခြမ်းမှာ မိုးများနိုင်တဲ့ အခြေအနေတွေက ဆက်ပြီးဖြစ်ပေါ်နေပါမယ်။ ဆက်လက်စောင့်ကြည့် တင်ပြပေးနေပါမယ်။ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေတော့ မတွေ့ပါ။
လှည်းကူးမှ မိတ်ဆွေများအတွက် –
ထစ်ချုန်းတာတွေကတော့ လေဖိအားနည်းရပ်ဝန်း စ ဖြစ်တဲ့ နေ့ ၅ ရက်နေ့ ညနေ/ည အချိန်ပိုင်းတွေက စ နိုင်ပါတယ်။ ၆ ရက်နေ့ မွန်းလွဲ ညနေပိုင်း မိုးပါးပါးထစ်ချုန်းရွာပြီး၊ ၇ ရက်နေ့မှာတော့ မိုးများနိုင်ပါမယ်။ ရွာရန် ၉၅% ပါ။ (ပထမ ပုံ)
မိုးများများရွာနိုင်မဲ့ ရက်/အချိန်ခန့်မှန်းက နိုဝင်ဘာ ၇ ရက် နံနက် ၁၁ နာရီမှ ည ၈ နာရီအထိ ဖြစ်နိုင်ပါမယ်။(ဒုတိယပုံ)
၈ ရက်နေ့ မိုးပါးပါး ထပ်ရွာပြီးရင်တော့ မိုးရပ်သွားပါဦးမယ်။ မိုးလွန်ကာလကုန်ဆုံးရက်ဖြစ်တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့အထိတော့ မိုးရွာနိုင်ချေက ဆက်ရှိနေဦးမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန်