နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၁၁ နာရီ

နိုဝင်ဘာ ၁၈-၁၉ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်ထဲကိုဝင်ရောက်လာမည့် (လက်ရှိအချိန်မှာ CATEGORY-1 တိုင်ဖွန်းမုန်တိုင်း) MAN-YI – ဖိလစ်ပိုင်အမည် PEPITO ကတွန်းပို့လိုက်မည့် မိုးတိမ်အချို့နဲ့ အရှေ့လေပွေလှိုင်းအချို့က မြန်မာနိုင်ငံဘက်အထိ မိုးအနည်းငယ် သယ်ဆောင်လာနိုင်ပါတယ်။
နိုဝင်ဘာ ၁၈-၁၉-၂၀ ရက်တွေအတွင်း –

🔸 ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၄၀ မီလီမီတာအထက် – ၁လက်မခွဲကျော်ခန့်) နဲ့

🔸 နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသအချို့မှာ နေရာကွက်ပြီး အချိန်အခါမဟုတ်မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။

🔸 နိုဝင်ဘာ ၁၈-၁၉ ရက်တွေမှာ မိမိဒေသဘက်ကို မိုးတိမ်တောင်များဝင်လာတာတွေ့ရင်၊ မိုးတွေအုံ့လာရင် – ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ သီးနှံတွေ မိုးမထိအောင်သတိထားပြီးကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားကြဘို့တော့ အကြံပေးချင်ပါတယ်။ မိုးများမှာမဟုတ်တဲ့အတွက် အရမ်းစိုးရိမ်စရာလဲ မလိုပါ။

ပြည်နယ်တိုင်းမြို့များအတွက် ၄ ရက်စာ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်တွေကို MMWeather Site မှာတင်ပေးထားတာလဲ ကြည့်ကြပါ။
https://www.mmweather.org/divisional-cities-weather

ဆက်လက်ဖတ်ရှုရန်