အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (တပ်ရင်း) များနှင့် မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ အမိန့်တခုတည်းအောက်တွင် ပူးပေါင်း၍ တိုက်ပွဲဝင်နိုင်ရန် ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း ၊ အမှတ် (၂)တပ်ရင်း နှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ် ၊ ရေဖြူမြို့နယ်များ၏ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) များ ပူးပေါင်း၍ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင် တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ၊ အမိန့်တခုတည်းအောက်တွင် ပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် ၊ ဘုံရန်သူကို စုပေါင်းအားဖြင့် တွန်းလှန်တိုက်ခိုက်ရန်နှင့် တူညီသောဘုံရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထားဝယ်ခရိုင် တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ ၊ ဒေသအခြေပြု လက်နက်ကိုင်အင်အားစုများ ( Local PDF ) ၊ ထောက်ပို့အင်အားစုများ ၊ နိုင်ငံရေး အင်အားစုများ ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်အားစုများ ၊ သတင်းမီဒီယာ ကွန်ယက်များအားလုံးနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

#TachileikNewsAgency
Photo: လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ (ပုံဟောင်း)

ဆက်လက်ဖတ်ရှုရန်