Connect Burma ၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်ထဲက သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ တောင်ကုတ်မြို့ကို အပြီးသတ်သိမ်းယူလိုက်ပြီလို့ အာရက္ခ တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းကသိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့တွေကို အားလုံးကို တစ်မြို့မကျန် ဆက်လက်သိမ်းပိုက်ရယူနိုင်ဖို့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်ထိုးစစ်ဆင်တိုက် ခိုက်နေတယ်လို့ AA က ဆိုပါတယ်။

ယခုလတွေ အတွင်း အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်တွေ က စစ်ကောင်စီ စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်နေပြီး တောင်ကုတ်မြို့ကို ဦးစွာသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

တောင်ကုတ်မြို့ ကိုသိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စခန်း ၁၀ ကို သိမ်းယူခဲ့ရတယ်လို့ AA က ထုတ်ပြန်ပါတယ်။

အဲ့ဒီစခန်း ၁၀ ခုကို နိုဝင်ဘာလ (၄) ရက် ကနေ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှု အပြီး တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ (၂၄) ရက်နေ့မှာ အလုံးစုံထိန်းချုပ်နိုင်တာဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီစခန်းတွေထဲမှာ မောင်တံဂိတ် စစ်စခန်းများ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းများ၊ တောင်ကုတ်မြို့အဝင် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနဲ့ တောင်ကုတ်မြို့မရဲစခန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့ပတ်ဝန်းကျင် က စစ်ကောင်စီ၏ စခန်းအားလုံးကို သိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီတပ်ရဲ့ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးတွေဖြစ်တဲ့ စကခ (၅) တပ်မဌာနချုပ် နဲ့ စကခ (၅) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ပါတယ်။

 

ဆက်လက်ဖတ်ရှုရန်