ရန်ကုန်၊ နိုဝင်ဘာ ၃၀
နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းမပေါ်တွင် စစ်လော်ဘီအကြီးစား မင်းမင်းနှင့်၎င်း၏ သက်တော်စောင့် တို့ကို ပစ်ခတ်ရှင်း လင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန် နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းအတိုင်း ကားဖြင့် ဆင်းလာသော အကြမ်းဖက်စစ်တပ် လော်ဘီအကြီးစား မင်းမင်းနှင့် နောက် လိုက် ၃ ဦးတို့ကို လမ်းပိုင်းတနေရာအရောက် ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ လော်ဘီမင်းမင်းနှင့် ၎င်း၏ နောက်လိုက်သက်တော်စောင့် ၁ ဦးတို့ သေဆုံးသွားကြောင်း၊ ကျန်နောက်လိုက် ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
“သူနဲ့ သူ့ရဲ့သက်တော်စောင့်တို့က ဓားနဲ့ပြန်ခုခံလို့ ပစ်ရှင်းလင်းခဲ့လိုက်တာ၊ နေပြည်တော် အပိုင် ထဲမှာပဲ တောင်ညိုနားမှာပေါ့၊ သူ့ လုပ်ရပ်တွေက မကွေး၊တောင်တွင်း၊ နတ်မောက် အဲဒီနေရာတွေမှာ လှုပ်ရှားတယ်၊ ကျော်စိုးဦးလို ပုံစံမျိုးမီဒီယာမှာအလုပ်လုပ်တယ်၊ သတင်းပေးတယ်၊ ထောက်လှမ်း ရေးတွေဘာတွေဆိုရင်လည်း သူ့တပည့်တွေနဲ့ ဝင်တယ်၊ သူကိုယ်တိုင် ပြည်သူတွေကို ရိုက်နှက်တာ၊ ရွာတွေကိုမီးရှို့တာ၊ သတ်တာတွေလည်း မနည်းတော့ဘူး။ ပြည်သူတစ်ယောက်ဆိုရင် သူရိုက်နှက် တာမခံနိုင်တော့လို့ တံတားပေါ်ကနေခုန်ချအဆုံးစီရင်ပစ်လိုက်တာရှိတယ်။” ဟု နတ် မောက်မြို့ နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) မှာ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က လော်ဘီမင်းမင်းကို သေနတ် အတိုတစ်လက်၊ အရှည်တစ်လက် ပေးထား သော်လည်း ပစ်ခတ်ရှင်း လင်းချိန်တွင် ဓားရှည်များသာ ပါလာကြောင်း၊ ပစ်ခတ်ရှင်းလင်းချိန်တွင် ဓား ဖြင့်ပြန်လည် ခုခံတိုက်ခိုက်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်လော်ဘီ မင်းမင်းသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်၍ လင်းယုန်ပရဟိတအဖွဲ့ အမည်ခံ ထူထောင်ကာ ပြည်တွင်းရှိ သွေးသောက်အဖွဲ့အတွက် လက်နက်များ အလှူခံပေးခြင်း၊ မဘသနှင့် အမျိုးသားရေး လှုပ်ရှားမှုတွင် ပါဝင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ လူမှုကွန်ရက်များမှတစ်ဆင့် စစ်တပ်ထောက်ခံသော လှုပ်ရှားမှုများ၊ NLD ပါတီဝင်များကို ရှင်းလင်းရန်၊ PDF များကို ရှင်းလင်းရန် လှုံ့ဆော်ခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ယင်းနောက် မလေးရှားမှ ပြန်လာ၍ အညာဘက်တွင် ပြည်သူ့စစ်၊ ပျူစောထီးအဖြစ် လုပ်ကိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
(Facebook ၏ လူမှုကွန်ရက် စံချိန်စံညွှန်းများအရ ဖော်ပြ၍ မရသော စစ်လော်ဘီ၊ မဘသ မင်းမင်း သေဆုံးနေသော ဓာတ်ပုံကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုပါရန်။)