မဲဆောက်၊ ဒီဇင်ဘာ ၂

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအားလုံးကို လွတ်လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်ထား သည်။

အဆိုပါ လွတ်လပ်စွာ နေထိုင်ခွင့်ပြုခြင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်နှင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန် ကြီး အနုထင် ချန်ဝီလကွန်တို့မှ လက်မှတ်ရေးထိုး၍ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ထိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အပါအဝင် နိုင်ငံခြား သား အလုပ်သမားများကို နိုဝင်ဘာ ၂၈ ရက်မှစတင်၍ ဒီဇင်ဘာ ၃၀ ရက်အထိ လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်နှင့်၊ ပြည်ထဲရေးဝန်ကြီးတို့၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း အမိန့်ထုတ်ချက်အရ ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် PJ, PV, CI, စသည့် စာအုပ်ကိုင်ဆောင်၍ အလုပ်လုပ်နေသော်လည်း စာအုပ်သက်တမ်းကုန်ဆုံးနေသူများနှင့် အထောက်အထား (လုံးဝ) မရှိသည့် အလုပ်သမားများအားလုံး အကြုံဝင်မည်ဖြစ်သည်။

ထိုသို့ တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို လွတ်လပ်စွာနေထိုင်ခွင့်ပြုထားသော်လည်း အလုပ်ရှင်အနေဖြင့် သက်ဆိုင်ရာနယ်မြေရှိ အလုပ်သမားစီမံခန့်ခွဲရေး(ကျတ်ဟာငန်)ရုံးသို့ မိမိအလုပ်သမား၏ နာမည်၊ နေရပ်လိပ်စာ၊ အသက်၊ မည်သည့်နိုင်ငံသား၊ အမျိုးသား/အမျိုးသမီး ဖြစ်ကြောင်း စသည့် အချက်အလက်များ ပေးပို့ထားရမည်ဖြစ်ကြောင်း သိရသည်။

မှတ်ချက် : ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးတို့၏ အမိန့်ထုတ်ပြန်ချက်ကို မြဝတီမဲဆောက်မီဒီယာ ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
မြဝတီမဲဆောက်မီဒီယာ