၂၀၂၄ ဒီဇင်ဘာ ၃ ရက် အင်္ဂါနေ့
ည ၁၀ နာရီ ၁၅ မိနစ်။
တောင်ကိုရီးယား သမ္မတက တောင်ကိုရီးယားက မလုံခြုံတော့ဘူး၊ မြောက်ကိုရီးယားက ဒုက္ခပေးတော့မယ့် အန္တရာယ်ရှိတယ်လို့ live နဲ့ အရေးပေါ်ပြောတယ်။ တောင်ကိုရီးယားက လက်ငင်းဒရာမာ
တဆက်တည်းမှာပဲ မာရှယ်လော စစ်အုပ်ချုပ်ရေးကိုကြေညာလိုက်တယ်။
တောင်ကိုရီးယားရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေ (မာရှယ်လော) ဆိုတာ
‘အရပ်ဘက်က အာဏာပိုင်တွေက
နိုင်ငံကို အုပ်ချုပ်ခွင့်မရှိ၊ စစ်တပ်က တိုင်းပြည်ကို ယာယီအုပ်ချုပ်ခွင့်ရှိတယ်ဥပဒေ’ ပေါ့။
၁၉၇၉ ခုနှစ်က သမ္မတ ပါ့ခ်ချုံဟီး လုပ်ကြံခံခဲ့ရတုန်းက ချန်ထူးဝမ်
စစ်အာဏာသိမ်းခဲ့တာ နောက်ဆုံးပဲ။ ဒီမိုကရေစီရပြီးကတည်းက ဒီလိုဖြစ်တာ ပထမဆုံးပဲ။
▬▬▬▬
စစ်တပ်ကလည်း သမ္မတ အမိန့်အရ ဆိုပြီး စစ်အုပ်ချုပ်ရေးအတွက် ကွပ်ကဲမှုဌာနချုပ်ကို အလျှင်အမြန် ဖွဲ့စည်းလိုက်တယ်။ ဟယ်လီကော်ပတာတွေ၊ စစ်သားတွေ၊ရဲတွေ၊ ရုတ်တရက် ပေါ်လာတယ်။ လွတ်တော်ထဲဝန်းထဲကို စစ်သားတွေက ဆင်းပြီး လွှတ်တော်ရုံးထဲမှန်ခွဲပြီး ဝင်တယ်။
ဘာကြောင့်လဲဆိုတော့ သမ္မတရဲ့ကြေညာချက်အရ စစ်တပ်က ယာယီအုပ်ချုပ်ခွင့်ရသွားလို့ဖြစ်ပါတယ်။
▬▬▬▬
ကွပ်ကဲမှုဌာနချုပ်က ချက်ချင်းပဲ ကြေညာချက် (၆) ခုထုတ်လိုက်တယ်။ ဆိုတော့ ကာချုပ်က လက်ခံတဲ့သဘောပါ။ ( ဥပဒေအရ ကာချုပ်က ငြင်းလို့ရပါတယ်။)
(၁) နိုင်ငံရေးလှုပ်ရှားမှုတွေကို တားမြစ်တယ် — အမျိုးသားလွှတ်တော် နဲ့နိုင်ငံရေးပါတီတွေအားလုံး နိုင်ငံရေးလှုပ်ရှားမှုအားလုံးကို တားမြစ်လိုက်တယ်။
(၂) မီဒီယာတွေကို ဆင်ဆာဖြတ်ပါတယ် — မီဒီယာနဲ့ သတင်းထုတ်တာတွေအားလုံးကို အစိုးရက ထိန်းချုပ်လိုက်ပြီ။
(၃) သပိတ်မမှောက်ရ၊ ဆန္ဒမပြရ— လူစုလူဝေး မပြုရ။
(၄) ဝါဒမဖြန့်ရ— အစိုးရကို ဆန့်ကျင်တဲ့ သတင်းနဲ့ သတင်းအတုတွေကိုလုပ်ရင်
ဥပဒေအရ အရေးယူမယ်။
(၅) လက်ရှိ ဆန္ဒပြနေတဲ့ ဆေးဘက်
ဆိုင်ရာဝန်ထမ်းတွေ ၄၈ နာရီအတွင်း အလုပ်ပြန်ဝင်ပါ။
(၆) ပြည်သူတွေကို စိတ်အနှောင့်အယှက်မဖြစ်အောင် တတ်နိုင်သမျှ ကာကွယ်မယ်။
▬▬▬▬
ဘယ်သူ့မှ နားမထောင်ပါဘူး။
(၁) နိုင်ငံရေးလှုပ်ရှားမှုတွေ ချက်ချင်းဖြစ်လာတယ်။
ဒီမိုကရက်တစ် ပါတီ (အတိုက်အခံ ပါတီ) ရဲ့ခေါင်းဆောင် လီဂျေမြုန်းက
မာရှယ်လောကို ပြန်ရုပ်သိမ်းဖို့ အမတ်တွေ ပါလီမန်ထဲကို အမြန်လာကြ၊ မဲလာပေးကြလို့ အရေးတကြီး အကြောင်းကြားတယ်။ ဒီမိုကရက်တစ် ပါတီဝင် အမတ်တွေဟာ နာရီပိုင်းအတွင်း စုမိသွားတယ်။
(၂) မီဒီယာတွေက အကုန် ‘live’ လွှင့်ပါတယ်။ ဘာ ဆင်ဆာမှ မဖြတ်ပါ။
(၃) သပိတ်မှောက်တယ်၊ ဆန္ဒပြတယ်၊ လူစုလူဝေးကြီးဖြစ်သွားတယ်။ ဒီမိုကရက်တစ် ပါတီက တောင်ကိုရီးယားပြည်သူတွေကိုလည်း ဆန္ဒပြဖို့ ပါလီမန်ကို လာခဲ့ကြပါလို့ တောင်းဆိုလို့ဖြစ်တယ်။
“စစ်အုပ်ချုပ်ရေး အလိုမရှိ— စစ်အုပ်ချုပ်ရေး အလိုမရှိ” ဆိုပြီး ဆန္ဒပြကြတယ်။
ပြည်သူတွေက စစ်တပ်ကို ကာပေးတယ်။ အမတ်တွေ ပါလီမန်ထဲ အချိန်မှီ ဝင်အောင်ကူညီတယ်။
(၄) အစိုးရကို ဆန့်ကျင်ဖို့ ဝါဒကို ဖြန့်ကျတယ်။
(၅) ဆေးဘက် ဆိုင်ရာဝန်ထမ်းတွေ ၄၈ နာရီအတွင်း အလုပ်ပြန်ဝင်ဖို့ လုံးဝ စိတ်ကူးမရှိပါ။
(၆) သမ္မတ လုပ်ရပ်က ပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။
▬▬▬▬
တကယ့်တကယ်ကျတော့ စစ်သားတွေက စစ်အုပ်ချုပ်ရေးလို့ လက်နက်တို့ အာဏာတို့ မသုံးခဲ့ပါဘူး။ ပြည်သူတွေ ဝိုင်းဆော်တာကိုပဲ ခေါင်းငုံ့ခံခဲ့ပါတယ်။ ဒါကြောင့်လည်း အမတ်တွေ ပါလီမန်ထဲ ဝင်နိုင်တာအတော်မြန်ခဲ့တာပေါ့။
ဒီမိုကရက်တစ် ပါတီဝင် အမတ်တွေရဲ့ ၁၇၂ မဲ၊ ယွန်း သမ္မတပါတီက အမတ် ၁၈ ယောက် မာရှယ်လောကို ပြန်ရုပ်သိမ်းဖို့ အကုန် သဘာတူခဲ့တယ်။
သမ္မတယွန်းရဲ့ PPP— ပြည်သူ့စွမ်းအားပါတီ ( ထရမ့်ပါတီလို ရှေးရိုးစွဲဝါဒီ) က ‘သမ္မတ’ အမှားတွေလုပ်ပြီလို့ သမ္မတဘက်က မပါခဲ့ပါဘူး။
သူတို့အားလုံး ကန့်ကွက်မဲထည့်ပြီး မာရှယ်လော စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ကန့်ကွက်လိုက်ကြတယ်။
▬▬▬▬
၂၀၂၄ ဒီဇင်ဘာ ၄ ရက် ဗုဒ္ဓဟူး
မနက်ပိုင်း
သမ္မတက သူ့ရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်ကို ပြန်ရုပ်သိမ်းပါမယ်၊ အဆင့်သင့်ဖြစ်တာနဲ့ ကြေညာမယ်လို့ ပြောလိုက်တယ်။
မနက် ၄:၃၀
သမ္မတက သူ့ရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်ကို တရားဝင် ပြန်ရုပ်သိမ်းတယ်။
▬▬▬▬
၂၀၂၄ ဒီဇင်ဘာ ၄ ရက် ဗုဒ္ဓဟူး
မနက်အစောပိုင်း။
စစ်တပ်ကလည်း စစ်အုပ်ချုပ်ရေးအတွက် သူတို့ ဖွဲ့စည်းလိုက်တဲ့ ကွပ်ကဲမှုဌာနချုပ်ကို ဖျက်သိမ်းလိုက်ပါပြီလို့ ကြေညာတယ်။
▬▬▬▬
မာရှယ်လောက တရားဝင် အတည်ပြုချိန်နဲ့ တရားဝင်ဖျက်သိမ်းချိန် (၆) နာရီကြာခဲ့ပါတယ်။
▬▬▬▬
၂၀၂၄ ဒီဇင်ဘာရဲ့ တောင်ကိုရီးယား စစ်အုပ်ချုပ်ရေး (၆) နာရီပါ။
သမ္မတက ‘မြောက်ကိုရီးယား’ ကြောင့်လို့ပြောပေမဲ့ တကယ့်အကြောင်းအရာက သူ့အတိုက်အခံပါတီကို သူ့ရဲ့ သမ္မတဆိုတဲ့ အာဏာကိုပြလိုက်တာမျိုးဖြစ်နေတယ်လို့ ပညာရှင်တွေက သုံးသပ်တယ်။
သမ္မတ ယွန်းက မာရှယ်လောထုတ်တဲ့ မိန့်ခွန်းမှာ နိုင်ငံကို ဆန့်ကျင်ပြီး ဖျက်လိုဖျက်ဆီး လုပ်နေကြတဲ့ အင်အားစုတွေရှိတယ်ချေမှုန်းရမယ်။ ဒါကြောင့် စစ်အုပ်ချုပ်ရေး ဥပဒေကို သူကြေညာတော့လည်းဖြစ်တယ်လို့ပြောခဲ့တာကိုး။
ဒီလိုလုပ်တာဆို သမ္မတက အံ့အားသင့်
စရာ ကလေးဆန်ပြီး နိုင်ငံရေးဂုဏ်သိက္ခာမရှိတာဖြစ်တယ်။ နိုင်ငံရေးတိုက်ခိုက်မှုတွေကို ဒီလိုတန်ပြန်တဲ့ ဗျူဟာက အာဏာမက်ရာ ပေါ်လွန်းတယ်။
▬▬▬▬
သမ္မတ တောင်ကိုရီးယား မာရှယ်လောကို ကြေညာတယ်ဆိုကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီတဲ့အတွက်၊ တရားမဝင်တဲ့အတွက် — သမ္မတကို တရားစွဲဖို့ ဖြုတ်ချဖို့ လုပ်နေကြတယ်။ ဒါက လက်ရှိ အခြေအနေပါ။
(၆) နာရီလောက် မာရှယ်လောထုတ်မိပါတယ်။
သမ္မတ၊ ကာချုပ် အလုပ်ပြုတ်တော့မယ်။
▬▬▬▬
ဘာပဲဖြစ်ဖြစ် သမ္မတက သမ္မတပဲ— သမ္မတ ယွန်းရဲ့ မာရှယ်လောထုတ်လိုက်တော့ ဆိုးလ်မြို့ နေရာအနှံ့မှာ စစ်တပ်နဲ့ ရဲတွေ ချက်ချင်း သေနတ်ကိုင်ပြီး မတ်တပ်ရပ်ကုန်တယ်။
တောင်ကိုရီးယားသာမက နာရီပိုင်းအတွင်း ကမ္ဘာ့ အခြေအနေတွေပါအလျင်အမြန် ပြောင်းလဲသွားတယ်။ ကင်မ်ဂျုံအန်၊ ရှီကျင့်ဖျင်၊ ပူတင်တို့ ဝမ်းသာနေသလို မြန်မာပြည်က ဘောမတွေ ပျော်နေတယ်။
ဒါပမဲ့ တောင်ကိုရီးမှာ စစ်အုပ်ချုပ်ရေး
အကောင်အထည် မပေါ်ပါဘူး။
သမ္မတရဲ့ အာဏာရှင်ဆန်တဲ့ အမိန့် မင်မခြောက်ခင် ရေနဲ့ အလောင်းခံလိုက်ရတယ်။
▬▬▬▬
အစ-အဆုံးက ဒီလို..။
ဒီဇင်ဘာ (၃) ည ၁၀ နာရီ ၂၈ မိနစ်။
သမ္မတက စစ်အုပ်ချုပ်ရေး မာရှယ်လောထုတ်
ဒီဇင်ဘာ (၄) မနက် ၀ နာရီ၇ မိနစ်။
စစ်တပ်က အမျိုးသားလွှတ်တော်ထဲမှန်ခွဲဝင်။
ဒီဇင်ဘာ (၄) မနက် ၀နာရီ ၄၈ မိနစ်။
အမျိုးသားလွှတ်တော်ထဲမှာ အရေးပေါ် အစည်းအဝေးလုပ်၊ လက်ဦးမှုရနိုင်ခဲ့။
ဒီဇင်ဘာ (၄) မနက် ၁ နာရီ ၀၃ မိနစ်။
အမျိုးသားလွှတ်တော်က စစ်အုပ်ချုပ်ရေး မာရှယ်လောကို လက်ရှိအဖွဲ့ဝင် (၁၉၀) ကတညီတညွတ်တည်းအတည်ပြု။ သမ္မတကို အမိန့် ရုတ်သိမ်းဖို့စာတင်။
ဒီဇင်ဘာ (၄) ၀၄ နာရီ ၂၉ မိနစ်။
စစ်အုပ်ချုပ်ရေး မာရှယ်လောပြီးဆုံး။
▬▬▬▬
ပြည်သူကိုကျော်လို့မရဘူးလေ။ ပြည်သူတွေက ကိုယ့်နိုင်ငံကို ကိုယ်ပိုင်တယ်။ ပြည်သူတွေက အာဏာပိုင်တယ်။ ပြည်သူတွေ လက်ဦးတယ်။ စစ်သားနဲ့ရဲက ပြည်သူ့ဘက်က။
မြန်မာက မောင်နှမတွေသိစေချင်ပါတယ်။ ပြည်သူ့အင်အားကို ဘာကမှမနိုင်ဘူး။ ပွဲ တက်ပြီး ဝေလေလေလုပ်နေလို့ကတော့ အနိုင်ကျင့်မှာပဲလေ။
အတိုက်အခံပါတီက ဘယ်လောက်
စည်းလုံးလိုက်သလဲကြည့်— ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် လီဂျေမြုန်းကို ပါတီအတွင်းထဲမှာတောင် လက်မခံတဲ့သူ အများကြီး၊ ‘တော်လှန်ရေး’ လို အရေးကြီးတဲ့ကိစ္စဆို အကုန်စည်းလုံးကြတယ်။ သမ္မတ ယွန်းရဲ့ ပါတီကထိပ်တန်း အကြီးအကဲ ၂၂ ယောက် ထွက်စာတင်တယ်။ ပြည်သူ့မျက်နှာပဲကြည့်ကြတယ်။
NUG တော်လှန်ရေးလုပ်နေကြတဲ့ တလရဆရာကြီးတို့ရေ ငါတို့က ပြန်တည့်သွားနိုင်ပေမဲ့ ရန်သူ အထင်သေးတယ်၊ ပြည်သူက အထင်သေးတယ်။ ငါတို့တော်လှန်ရမှာ မအလ ဆိုတာ မမေ့ကြပါနဲ့၊ စိတ်ထိန်းပါ။ သူများနိုင်ငံ (၆) နာရီ၊ ငါတို့နိုင်ငံ (၆) နှစ်တောင်ပြီးပါ့မလား။
▬▬▬▬▬▬▬▬
မရွှေမိုး-ကိုရီးယား
December 4th,2024