✍အခုဖော်ပြမယ့်နိမိတ်တွေ တွေ့ရပြီ မြင်ရပြီဆိုရင် စီပွားရေးတက်တော့မယ် ကံကောင်းတော့မယ်လို့ကြိုတင်သိထားပါ။
မိမိအိမ်ခေါင်းရင်းဘက်အိမ်က အလှူကြီးအတန်းကြီးလှူရင်ဖြစ်စေ အိမ်တက်တရားနားရင်ဖြစ်စေ အဲဒီနိမိတ်ကြုံလာရင် သေချာပေါက်စီးပွားတက်တော့မယ် သူတို့အလှူကို သွားပြီးလည်းကူညီပါ သူတို့လှူတာကြွေးတာကိုလည်း အားရပါးရစားပါ တစ်ခုတော့သတိထား အလှူပြီးလို့ မဏ္ဏုပ်ဖျက်တာတို့ ပစ္စည်းတွေသိမ်းတာဆည်းတာတွေကို လုံးဝသွားမကူပါနဲ့ မသိချင်ယောင်ဆောင်နေပါ
ကူညီမိတယ်ဆိုရင်တော့ စီးပွားမတက်တော့ဘူး
ခေါင်းရင်ဘက်က အိမ်မှာ ရေတွင်းရေကန်တူးဖော်နေရင် အရမ်းကောင်း ကိုယ်တိုင်သွားကူပေးလိုက် စီးပွားတက်တော့မယ်
မိမိအိမ်ရဲ့ခြေရင်းဘက်ကအိမ်မှာ နာရေးအသုဘပေါ်လာရင် သေချာပေါက် စီးပွားတက်တော့မယ် ဒူးနံ့နေတော့ အဲဒီအိမ်ကိုမသွားနဲ့ စိတ်မကောင်းကြောင်းသွားမပြောနဲ့ ထီဆုကြီးတွေတောင်ပေါက်တတ်တယ်
ကိုယ့်အိမ်ခြေရင်း ကိုယ့်အခန်းခြေရင်းဘက်က လင်မယားတွေ ခဏခဏစကားများရန်ဖြစ်တာနေ့တိုင်းကြားနေရပြီဆိုရင် ဝမ်းသာနေတော့ စီးပွားတက်တော့မယ်
အိမ်နောက်ဖေး မီးဖိုမှာဖြစ်ဖြစ် အိမ်သာမှာဖြစ်ဖြစ်`ပျား”လာစွဲရင် စီးပွားတက်တော့မယ် အဲဒီပျားမပျံအောင်ဂရုစိုက်
ဘုရားပုံတော်တွေ ဘုရားဆင်းတုတော်တွေ ဘုန်းကြီးရဟန်းတွေ ဝတ်ဖြူစင်ကြယ်နဲ့ပုဂ္ဂိုလ်တွေကိုအိမ်ကိုဝင်လာတယ် အိမ်မက်မက်တယ်ဆိုရင် ပြန်ပြီးမအိပ်မိစေနဲ့ ထီထိုးရတယ် အလုပ်တွေကိုဖိလုပ်ရတယ်ရဲရဲတင်းတင်းရင်းနှီးမြုပ်နှံရတယ် ကံကောင်းချမ်းသာစီးပွားတက်တော့မယ့်နိမိတ်တွေပဲ
“ကြာပန်းတွေနဲ့ရေကန်ကြီး ရေတွေကလည်းကြည်စိမ်းနေတာပဲ” အဲဒီအိမ်မက်မျိုးမက်ရင်
ချမ်းသာတော့မယ့်နိမိတ်ပဲ အဲလိုအိမ်မက်မက်ပြီးရင်ပြန်မအိပ်တော့နဲ့ လင်းပေါက်ထိုင်ချင်ထိုင် မထိုင်ချင်ပုတီးစိတ် မစိတ်ချင်တစ်ခုခုလုပ်နေ ပြန်ပြီးတော့မအိမ်မိစေနဲ့ ရေကကြည်နေရမယ်နော် ရေတွေကနောက်နေရင်တော့ ဆန့်ကျင်ဘက်လို့နားလည်ထား ရေတွေကနောက်တယ်ဆိုရင် ပြန်အိပ်ပေါ့
မြင်းဖြူ ဆင်ဖြူ စီးရတယ်ဖြစ်ဖြစ်
ကိုယ့်အိမ်ထဲကို ဝင်လာတယ်ဖြစ်ဖြစ် မက်ရင်
ကောင်းပြီ သူဌေးဖြစ်တော့မယ် ပြန်မအိပ်နဲ့။