အကြွေးကြေစီးပွားတက်ယတြာ အစီရင်
မိတ်ဆွေများအားလုံး မင်္ဂလာပါ။သူတစ်ပါးတွေဆီကပိုက်ဆံအကြွေးယူခဲ့ရလျှင် မိမိပြန်ဆပ် ရမည်ဆိုသည့် တာဝန္ကတိ ထားရှိရပါတယ်။အကြွေးဆပ်ခြင်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် မဆပ်နိုင်သူများ၊ကြွေးပူများမိနေ၍စိတ်ညစ်နေရသူများ၊သံသရာကြွေးမပါချင်သူများအောက်ပါယတြာကိုပြုလုပ်ပါ
ပန်းကန်တချပ်ပေါ်တွင် အညှာခြွေထားသော ကွမ်းရွက် တစ်ရွက်တင်ပါ။သံပုရာသီးတစ်လုံးကိုနှစ်ခြမ်းခြမ်းပြီး ထိုကွမ်းရွက်ပေါ်တွင် သံပုရာခြမ်းကို တင်ထားရမည်။အစီရင်လုပ်ထားသောပန်းကန်ပြားကို မိမိအိမ်ဘုရားစင် တွင်တင်ထား ကပ်လှူထားရမည်။သောက်တော်ရေတခွက်ကပ်လှူပါ
ဖယောင်းတိုင် (၅)တိုင် အမွေးတိုင် (၅)တိုင်ထွန်းညှိပူဇော်ပြီး သိဒ္ဓိိလာဘံ ဟူ၍ (၉)ခေါက်တိတိ ရွတ်ဆိုပေးရမည်။မိမိငွေကြေးအကြွေးများအမြန်ကြေစေကြောင်းဆုတောင်းပါ မိမိမွေးနေ့မှာစလုပ်ပါ။လုပ်ဆောင်ရမည့်အချိန်မလိုအပ်ပါ။သံပုရာသီးကို မကြာမကြာလဲပေးပါ။နေ့တိုင်းဖယောင်းတိုင်ထွန်း အမွေးတိုင်ထွန်း ဂါထာရွတ် ဆုတောင်းပါ။
(၁၁)ရက်တိတိမပျက်မကွက်ပြုလုပ်ပေးရမည်။ဤယတြာပြုလုပ်ခြင်းဖြင့် မိမိပိုက်ဆံအကြွေးပူများ အမြန်ဆုံးကြေကြပါစေ။စီးပွားလာဘ်လာဘတိုးတက်ပါစေ။
ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာကျော် M.Sc(bot)