ကလေးငယ်တွေကိုဒီလိုပုံစံထိုင်နေတာတွေ့ရင်ချက်ခြင်း တားမြစ်သင့်ပါတယ်။ သင့်ရဲ့ပတ်ဝန်းကျင်မှာ ကလေးငယ်တစ်ဦးက ခြေနှစ်ဖက်ကို အင်္ဂလိပ်အက္ခရာW ပုံစံလုပ်ပြီးထိုင်နေတာမျိုး မြင်ဖူးပါလိမ့်မယ်။ ဒါမှမဟုတ်သင်ကိုယ်တိုင်လည်းငယ်ငယ်ကဒီလိုထိုင်ခဲ့ဖူးပါလိမ့်မယ်။
ဒီလိုထိုင်နေတဲ့ကလေးငယ်တစ်ဦးကို မြင်လိုက်ရင်တော့ ချက်ခြင်းရပ်တန့်ပစ်ဖို့ ပြောသင့်ပါတယ်။ ဒီပုံစံဟာ ကျန်းမာရေးအတွက်အတော်စိုးရိမ်စရာကောင်းတဲ့ကိစ္စပါဆရာဝန်တွေရဲ့ထောက်ပြချက်အရ ကလေးငယ်တစ်ဦးက ဒီလိုပုံထိုင်နေခြင်းဟာခန္ဓာကိုယ်အောက်ပိုင်း အရိုးတွေအတွက် အတော်စိုးရိမ်စရာကောင်းပါတယ်။
ငယ်ရွယ်စဉ် ခန္ဓာကိုယ်ဖွံ့ဖြိုးနေတုန်းမှာဒီလိုထိုင်တဲ့အခါတင်ပါးရိုး၊ဒူးရိုးနဲ့ခြေမျက်စိကိုထိခိုက်ဖို့ရာခိုင်နှုန်းအရမ်းများပါတယ်။
ဒူးဆစ်နေရာမှာရှိတဲ့အရိုးနှစ်ခုဆုံချက်ဟာဒီလိုထိုင်လိုက်တဲ့အတွက်ဟန်ချက်ပျက်သွားလေ့ရှိပါတယ်။ အကျိုးဆက်ကတော့ကြီးလာတဲ့အခါအခြားကလေးငယ်တွေလိုအားကစားလှုပ်ရှားမှုကောင်းကောင်းမလုပ်နိုင်တာပါပဲ။
ဘောလုံးကစားတာလိုမျိုးလျင်လျင်မြန်မြန်လှုပ်ရှားရတဲ့နေရာတွေမှာ ကစားနိုင်မှာမဟုတ်တာပါပဲ။ ဒါကြောင့်ဒီပုံစံထိုင်နေတဲ့ကလေးငယ်တွေ့ရင်ချက်ခြင်းတားမြစ်ရမှာပါ။
Credit