ရန်ကုန်၊ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင် အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ် မှ ထွက်လာသော စစ်ကြောင်းကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှု များပြားခဲ့ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက် နှင့် ၄ ရက်၊ ၅ ရက်နေ့တို့တွင် ရွှေဘိုမြိုနယ် အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ထွက်လာသော စစ်ကြောင်းကို ဝက်လက်မြို့နယ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များက ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရှိရသည်။
“စည်းလုံးညီညွတ်မှုရဲ့ အကြိုးရလဒ်ကို ဝက်လက်မြို့ မြင်စေချင်ပါတယ် ဇာမဏီဒရုန်းတပ်ဖွဲ့အနေနှင့် ဝေဟင်စစ်ဆင်ရေးမြှင့်တင်ဖို့ ၆ လက် ဒရုန်းကမ်ပိန်းလေးလည်း မပြည့်သေးပါဘူး ၄၀ ရာခိုင်နှုန်းပဲ ရှိပါသေးတယ် ” ဟု ဇာမဏီဒရုန်းတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်လရောင်က ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အများပြည်သူ သိရှိပြီးဖြစ်ကြောင်း၊ ဇာမဏီ ဒရုန်းတပ်ဖွဲ့အနေဖြင့် ဝေဟင်စစ်ဆင်ရေးများ ဆက်လက် လှုပ်ရှားနိုင်ရန် ၆ လက် ဒရုန်း ကမ်ပိန်းကို ပြုလုပ်ထားကြောင်း၊ ၆ လက်ဒရုန်းကမ်ပိန်းမှာ ၄၀ ရာခိုင်နှုန်း ရရှိထားပြီးဖြစ်၍ ယခု စစ်ဆင်ရေးကို အကြိမ်ကြိမ်အခါခါ ပြုလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အမြစ်ပြတ်စေရန် ဒရုန်း၏ အရေးပါ ထိရောက်မှုကို အားလုံးသော တော်လှန်ရေး အဖွဲ့စည်းများနှင့်တကွ ပြည်သူများအားလုံးကို သိစေချင်ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်လရောင် ကဆက်လက်ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့နှင့်အတူ Black Wolf ၊ ပြည်သူ့အစေခံတော်လှန်ရေးအဖွဲ့၊Zapper Wings၊M.Sai.Nawတို့ ဒရုန်းသမားများနှင့်တကွ ရွှေဘိုခရိုင်ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ဒရုန်းတို့နှင့်အတူ မြေပြင်ရဲဘော်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။