ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့စံပယ်တောင်ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Nan – CDM ဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူတော့မယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလကုန် နောက်ဆုံးထားပြီး Nan -CDM ဝန်ထမ်းတွေအနေနဲ့ အလင်းဝင်ရောက်ကြဖို့နဲ့ လိုက်နာမှုမရှိတဲ့ Nan – CDM တွေကို အပြစ်ပေးတဲ့လုပ်ရပ်ကိုပါ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့စံပယ်တောင်ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Nan – CDM ဝန်ထမ်းတွေဟာ ပြည်သူလူထု့နဲ့ နွေဦးတော်လှန်ရေးကို မျက်နှာမမူပဲ စစ်ကောင်စီယန္တရား သက်ဆိုးရှည်စေရန် စစ်ကောင်စီရဲ့ ဒေါင့်တိုင်တွေလို့လဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့စံပယ်တောင်ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Nan – CDM ဝန်ထမ်းတွေအနေနဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ရောက်ကြဖို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
မျက်မှောက်ခေတ်