သတင်းပိတ်-7:00 pm – တင်-7:30 pm
ယာယီသမ္မတ မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ပြီး စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာကုန်လွှဲအပ်
🛑 မြင်းခြံခရိုင်
**************
♦မနေ့က နွားထိုးကြီးပွဲ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါ စခ ၂၂ ဦးသေ၊ ၈ ဦးအရှင်ဖမ်းမိ
♦ယနေ့ ငါန်းဇွန်မြို့နယ်သားကျင်ရွာရွှေကူကြီးဘုရားအတွင် အကြမ်းဖက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ဗုံးသီး၂ကြိမ်ချ၊ပွိုင့်၅ဖြင့်ပစ်၊ ပြည်သူ ထိခိုက်မှု မသိရ
♦ယမန်နေ့ည ၉:၅၈မိနစ်ခန့်က အကြမ်းဖက်မှ တောင်သာ၊ ဇရပ်ကြီးရွာ အထက အနီး လေကြောင်းတိုက်ခိုက်မှု ပေါင် ၅၀၀ ဗုံးသီးချရာ အဆောက်အဦးအချို့ပျက်ဆီး၊ ဆိတ်တစ်ကောင်သေ၊ ပြည်သူထိခိုက်မရှိဟုသိရ
👨⚖️ သံအမတ်ကြီး ပြော
******************
♦အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာနှင့် ကုလသမဂ္ဂက အရေးယူပြီး စစ်တပ်က ဦးစီး ကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်ကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆို
🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦စစ်ကိုင်းတိုင်း၊ တမူးမြို့ အထက်ပိုင်း မင်းသာရွာနဲ့ ကျွန်းပင်သာကျေးရွာကို စစ်ကူ တက်လာတဲ့ အင်အား ၁၅၀ပါ စခစစ်ကြောင်းအား မနေ့က တော်လှန်ရေးအင်အားစုများက ဝက်ရှုကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်၊ (PLA) ကသည်းလက်နက်ကိုင် အရာရှိ အပါဝင် ၅ဦးသေ
♦မနေ့က ရှမ်းပြည်၊ ညောင်ရွှေမြို့နယ်၊ ရေပူ(ထီခိုး)ရွာတွင် အကြမ်းဖက်နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်၊စခ ၄ ဦးသေ၊ ၈ ဦး ဒဏ်ရာရ
♦မနေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် အကြမ်းဖက် ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့၊ အကြမ်းဖက်များ ထိခိုက်သေရှိနိုင်
♦ မနေ့ညက ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် ပြည်သူပိုင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များကို အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲ
♦ ဇန် ၂၉ က စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင်အကြမ်းဖက် စစ်ကြောင်းနှင့် ကင်းပုန်းစစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေ
♦ ဇန် ၂၉ က တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် ၅ ဦးသေ၊ ၄ ဦးအရှင်မိ၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများရ
♦ဇန် ၂၉ က မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် ၇ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့
♦ ဇန် ၂၆ က မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် လှည့်ကင်းကားကို တိုက်ခိုက်ရာ ၂ ဦး သေ
♦စစ်တပ်၏ ထိုးစစ်ကြောင့် တနင်္သာရီ -မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ခရီးသွားလာ ခြင်းမပြုကြရန် တော်လှန်ရေးတပ်က သတိပေး
◾၇၆ နှစ်မြောက်ကရင့်တော်လှန်ရေးနေ့တွင် KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို ဒရုန်းဖြင့် ဗုံးကျဲ
👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ သေခိုဆယ်ကျေးရွာကို စစ်ကောင်စီက ယနေ့ နေ့လယ် ၁၂ နာရီကျော်မှာလေကြောင်းကနေ ဗုံးကြဲ၊ အသက် ၇၀ ကျော်အရွယ် ဦးထိုကော့ အပါအဝင် မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
◾မနေ့ညသန်းခေါင်က ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် အစပ်ရှိ သင်္ဃန်းညီနောင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၉ လုံးကျဲချ
◾ ဇန် ၂၉ ညသန်းခေါင်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ရှိ စဉ့်ကူမြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံထိခိုက်ပျက်စီးခဲ့
◾မနေ့ညသန်းခေါင်က မြိုင်မြို့နယ်ရှိ NUG အစိုးရ၏ အောင်ဆန်း တက္ကသိုလ်ကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု CDM ကျောင်းသူ ၁ ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရ
◾မနေ့မနက်က ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရင်တိုက်ကွင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လသားအရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၃၇ ဦးကို ဖမ်းဆီး
◾မနေ့ညနေက မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အလယ်စုရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၅ လုံးကို မီးရှို့ ဖျက်ဆီးကာ လူငယ် ၁၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး
🔳 အဓမ္မ အကြမ်းဖက် စစ်မှုထမ်းခိုင်း
****************************
◾ပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့နေပြီး ထွက်မပြေးရန် တာဝန်ယူလက်မှတ်ထိုးခိုင်း
◾စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့် စစ်ကောင်စီက စတင်ပိတ်ပင်
◾ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်လာသည့် အမျိုးသားလူငယ် နှစ်ဦးဖမ်းဆီးခံရပြီး စစ်သင်တန်း ပို့ဆောင်ခံရ
◾စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့ ပူးပေါင်း၍ စစ်မှုထမ်းရန်အတွက် အလုပ်သမားစာရင်းကို စက်ရုံများတွင် တောင်းယူနေ
🔳 ဖက်ဆီးအကြမ်းဖက်
********************
◾ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာမှာ စက်သုံးဆီနဲ့ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင် ၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီး
💀 သာရေး
***********
♦ဇန်နဝါရီ ၃၀ ရက်နေ့ မနေ့က ထုတ်ပြန်ချက်များအရ အနည်းဆုံး စစ်ခွေးဝဲစား ၁၂ ဦးသေ
🐶 ခွေး မိ
**********
♦ဖလမ်းမြို့ကို စစ်ကူလာပို့တဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေ အပါအ၀င် စစ်ကောင်စီတပ်သား ၅၆ ဦးကို CNDF ဖမ်းဆီးထား
🤧 ဝန်ခံ
********
♦ ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ပိတ်မိနေသော စစ်သားများက လေယာဉ်ဖြင့် ကယ်ထုတ်ရန် စစ်ကောင်စီထံ အကူအညီ တောင်းခံခဲ့သော်လည်း လေယာဉ် အဆုံးအရှုံး မခံနိုင်၍ ကယ်မထုတ်နိုင်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ချင်းညီနောင် အဖွဲ့က ဖမ်းဆီးရမိသော စစ်သုံ့ပန်းက ဝန်ခံ ပြောဆို
📜 တိုက်တွန်း
************
♦၂၀၀၈ အခြေခံဥပဒေဖြင့် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လက် မခံသည့် အပြင် အားလုံး အတူတကွ ဆန့်ကျင်ရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
🌐 နိုင်ငံတကာ
************
♦အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးရန် စစ်တပ်ကို ကုလအကြီးအကဲ တောင်းဆို
🔊 စစ်ဘေးရှောင်
**************
♦ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းကို ဆက်လက် လည်ပတ်သင်ကြားနိုင်ဖို့ ငွေကြေး အခက်အခဲဖြစ်နေ
⭕ လူမှုစီးပွား
************
♦ဒေါ်လာပေါက်ဈေး အနည်းငယ်တက်လာမှုနဲ့ စင်ကာပူ MOPS ဈေးမြင့်တက်မှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးတွေလည်း အနည်းငယ် ထပ်မံမြင့်တက်လာ
♦ဗဟိုဘဏ်ဟာ စက်သုံးဆီ၊ စားသုံးဆီတင်သွင်းဖို့ ဒေါ်လာသန်းပေါင်းများစွာ မကြာခဏထုတ်ရောင်းနေပြီး စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ထုတ်ရောင်းပေးမယ်လို့ မနေ့က ကြေညာ
♦လျှပ်စစ်မီးပြတ်တောက်နေသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ခြင်း အပါအဝင်လုပ်ငန်း ၁၃ ခုကို စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်
♦ဈေးကွက်တွင် ဘိလပ်မြေပြတ်လပ်ပြီးနောက်ဈေးနှုန်း ၃ ဆခန့် မြင့်တက်၊ ဆောက်လုပ်ရေးလုပ်ငန်းများ အခက်ကြုံ
🔲 အထွေထွေ
*************
♦အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို ငွေကြေးထောက်ပံ့ပေးနေတာ ဖြတ်တောက်ပြီးတော့ စစ်လက်နက်၊ စက်ပစ္စည်း၊ နည်းပညာနဲ့ လေယာဉ်ဆီ ရောက်ရှိနေတဲ့ လမ်းကြောင်းတွေကို ရပ်တန့်ပေးဖို့ Justice For Myanmar က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်
♦မင်းအောင်လှိုင် ခန့်အပ်ထားသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က “ချင်းပြည်သစ်ပါတီ” တည်ထောင်ပြီး ရွေးကောက်ပွဲ ဝင်မည်
♦နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ရေးပြကွင်းနှင့် ပျဉ်းမနားမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် အနီးရှိ ကျေးရွာများကို အကြမ်းဖက်က လျော်ကြေးမပေးဘဲ ဖျက်ခိုင်း
♦ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျပြီး ကားသမား ၃ ဦး သေဆုံး
♦ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၅ ယောက်ကို ထိုင်းစစ်တပ်နဲ့ အဖွဲ့စုံက မနေ့ ညမှာ ဖမ်းဆီးရမိ
♦ထိုင်းနိုင်ငံတွင် ၃ ရက်အတွင်း ထရပ်ကားများဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၉၅ ဦးကို ဖမ်းဆီးရရှိ၊ စစ်မှုထမ်းနည်းဥပဒေကြောင့် အမျိုးသမီးနှင့်အမျိုးသား လူငယ်အကုန် ထွက်ပြေးနေရ
♦ နွေဦးတော်လှန်ရေးတွင် အတည်ပြုပြီး ကျဆုံးခဲ့ရသူ ၆၂၃၆ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၈၄၄၄ ဦး ရှိဟု ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့တွင် AAPP ထုတ်ပြန်ထား
🌍 ကမ္ဘာ့ သတင်း
****************
🔹ယူကရိန်း လူနေတိုက်ခန်းကို ရုရှားဒရုန်း တိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံး
🔹ဂါဇာမှ ကလေး ၂,၅၀၀ ကို ချက်ချင်းရွှေ့ပြောင်းပေးရန် ကုလအကြီးအကဲ တောင်းဆို
🔹အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်းအဖြစ် ဟားမားစ် ပြောက်ကျားတွေဟာ အစ္စရေးနဲ့ ထိုင်းနိုင်ငံသား ဓားစာခံ ၈ ဦးကို ထပ်ပြီး လွှတ်ပေး
🔹တရုတ်ဟာ စစ်ဖြစ်နေတဲ့ ကာလတွေမှာ တိုက်ရိုက် အမိန့်ပေး ညွှန်ကြားဖို့ ရည်ရွယ်ထားတဲ့ ဧရာမ စစ်ရေးကွပ်ကဲမှု ဌာနကြီး တစ်ခုကို ဘေဂျင်းမြို့တော်မှာ တည်ဆောက်နေကြောင်း အမေရိကန် ထောက်လှမ်းရေးက ပြော
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
Add A Comment