တကယ်စွမ်းပါတယ်တဲ့။
အောက်ဖော်ပြပါ ဆိပ်ဖူးဥကိုထောင်းပြီး ထန်းလျှက်အရက် စစ်စစ်နှင့် တစ်နေ့ ၃ ကြိမ် သောက်ပေးရုံဖြင့် တစ်လပင် မပြည့်မီ လူကောင်းပကတိအတိုင်း သွားလာလှုပ်ရှားနိုင်တာကို ဝမ်းမြောက်ဖွယ် တွေ့မြင်နေရသည်။
ဆိပ်ဖူးဆိုသည်မှာ ဝိနည်းမဟာဝါ ဘေသဇ္ဇခန္ဓကလာ ဘုရားဟော ဆေးပင်တစ်မျိုး ဖြစ်ပါသည်။
နေရာဒေသတိုင်း မပေါက်ရောက်ပဲ ထီးလင်းမြို့နယ်၊ ဆေးကြီးတောင်ဒေသတွင်သာ တွေ့ရသည်။ ၎င်းဥမှာ မွေးကြိုင်ပြီး အသားဟင်းထဲခပ်ကာ စားသုံးလေ့ရှိကြသည်။
Credit – Uzin Uzin
ယခုပုံထဲမှာ မြင်နေရတဲ့အပင်ကတော့ ဆိပ်ဖူးပင် ဖြစ်ပါတယ်။
ဆိပ်ဖူးပင်ဟာ ဆေးဖက်၀င်သည့် အပင်တစ်မျိုး ဖြစ်ပါတယ်။
မြန်မာ့တိုင်းရင်းဆေးများမှာလည်း ဆိပ်ဖူးကို ထည့်သွင်း အသုံးပြုထားကြပါတယ်။ အချိုပင်နှင့် အချဉ်ပင် နှစ်မျိုးစလုံးဟာ ဆေးဖက်၀င်ပါတယ်။
ဆေးသုံးစွဲနည်း
၁။ ဆိပ်ဖူးပင်၏ ဥကို ထောင်းပြီးလျှင် ထန်းလျှက်အရက်နှင့် တစ်နေ့ ၃ ကြိမ်ဖြင့် တစ်လခန့် သောက်ပေးပါက လေဖြတ်ဝေဒနာသည်များ အကောင်းအတိုင်း ပြန်ဖြစ်လာပါတယ်။
၂။ ဆိပ်ဖူး၊ မျှစ်၊ ပုဇွန်တို့ကို အတူလုံး၍ ရွဲယိုရွက်ဖြင့် ထုပ်ကာ ချက်စားနိုင်ပါတယ်။
၃။ ဆိပ်ဖူးကို ပုဇွန်ခြောက်နှင့်အတူကြော်၊ ကျက်ခါနီး ဆန်မှုန့်ရေဖြော်ပြီးထည့်၊ ကျက်သွားအောင်ထပ်ကြော်ပြီး စားသုံးလျှင် အလွန်အရသာရှိပါတယ်။ ဆေးဖက်၀င်ပါတယ်။
၄။ ဆိပ်ဖူးကို မှိုနှင့်အတူ ချက်စားလျှင် အဆိပ်တောက်များကို ပြေစေပါတယ်။
၅။ ဆိပ်ဖူးကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်သလို ငရုတ်သီးနှင့်အတူ ထောင်းစားနိုင်ပါတယ်။
ဆိပ်ဖူးဟာ မိုးတွင်းမှာ အဖူး ဖူးပါတယ်။ မွန်ပြည်နယ်၊ ထီးလင်း၊ သိမ်ဇရပ်နှင့် ဧရာ၀တီတိုင်း၊ ဇလွန်တို့ဘက်မှာလည်း ရနိုင်ပါတယ်။ စျေးထဲတွင်လည်း မေး၍ ၀ယ်ယူနိုင်ပါတယ်။
မည်သူမဆို SHARE လုပ်ပေးခြင်းဖြင့် ဆေးဒါနပြုပေးနိုင်ကြပါတယ်။
ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား – U Zin U Zin , တိုင်းရင်းဆေးနည်းများ