ပြည်သူနဲ့ အာဏာရှင်ကြားက အက်ကြောင်းနဲ့ တဖန်တပ်ထောက်ခံသူတွေနဲ့ မအလ ကြားမှာက အက်ကြောင်းများ

ပြည်သူနဲ့ အာဏာရှင်ကြားက အက်ကြောင်းနဲ့ တဖန်တပ်ထောက်ခံသူတွေနဲ့ မအလ ကြားမှာကို အက်ကြောင်း များ

တကယ်တော့ မအလ ဟာ ကိုဗစ် တတိယလှိုင်းကို တော်လှန်ရေးကို ဖြိုခွင်းဖို့ လက်နက် အဖြစ် သုံးလိုက်တာဟာ မှားတယ်။

စပြီး အာဏာသိမ်းတာလည်း လုံးဝ မသိမ်းသင့်တဲ့အချိန်မှာ သိမ်းခဲ့တယ်။

ပြည်သူတစ်ရပ်လုံးရဲ့ဆန့်ကျင်မှု ဒီလောက် ပြင်းထန်မယ် မထင်ခဲ့သလို၊ အာဏာသိမ်းမှုမှာ အတွက်အချက်တွေ အများကြီး လွဲခဲ့တယ်။ ဆိုးတာက Coup ဟာ မအောင်မြင်တဲ့ အချိန်မှာ သူကိုယ်တိုင်မှာလည်း ထွက်ပေါက်ရှိမနေတာပါ။

ကိုဗစ်တတိယလှိုင်း မှာ မအလ အတွက် ဘာပိုဆိုးလဲဆိုတော့ စစ်တပ်ထိပ်တန်းအရာရှိကြီးတွေ၊ မိသားစုတွေ၊ စစ်တပ် အရာရှိ / အရာခံ၊ တပ်သားတွေ၊ တပ်တွင်းမိသားစုတွေ၊ စစ်တပ်ထောက်ခံသူတွေ၊

စစ်သားဟောင်း အငြိမ်းစားတွေ စတဲ့ စစ်တပ် Institution ကိုတောင် လုံးဝ ကာကွယ်ပေးနိုင်တာမျိုး မရှိတဲ့ အတွက် အတွင်းပိုင်း အက်ကြောင်း ထင်လာတာ သူ့ အတွက် အဆိုးဆုံးပါ။

ပြောမယ်ဆို အာဏာရှင် အဆက်ဆက်မှာတောင် သူ့ဟာ ယုံကြည်မှု၊ ကြိုက်နှစ်သက်မှု ခံရတာ အနည်းဆုံး ဖြစ်သလို အခု ကိုဗစ်တတိယလှိုင်း ကို လက်နက်လို သုံးလိုက်ခြင်းရဲ့ အကျိုးဆက်က တပ်မိသားစုတွေ၊ တပ်ထောက်ခံသူတွေ ပါ ဒီဆိုးကျိုး ကို ခံစားရတာပါပဲ။

နွေဦးတော်လှန်ရေး မှာ စကစ ဟာ လူပေါင်း ၉၀၀ ကျော်လောက်ကို သတ်ဖြတ်ခဲ့ပေမယ့်၊ စစ်တပ် Institution အတွက်တော့ ဒါဟာ ဆူပူလို့၊ လမ်းပေါ်ထွက်လို့ ဆိုပြီး သူတို့ဘက်က ယူဆခဲ့တာပါ။

တကယ်တော့ သူတို့ မတွေးတာ အာဏာရှင်စနစ် ဆိုတာ လူတန်းစားတစ်ရပ်၊ လူနည်းစုလေးကိုသာ အကျိုးပြုပြီး ကျန်တဲ့ပြည်သူမှန်သမျှ လိမ့်နေအောင် ခါးစည်းခံရတာပါ။

ကိုဗစ်တတိယလှိုင်း က ဘယ်ဘက်ထောက်ခံ၊ ထောက်ခံ မိသားစုတိုင်း လိမ့်နေအောင် ခံရတာပါ။

အောက်ဆီဂျင် ရှားအောင် လုပ်ခံရတာ၊ ဆေးရုံတွေမှာ ဘာမှ စီမံမပေးနိုင်တာ၊ ဒီအချိန်မှာ သပိတ်နဲ့ PDF တွေ ဖြိုခွင်းဖို့ လုပ်နေတာ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကို ဖျက်သိမ်းဖို့ပဲ အာရုံစိုက်နေတာ … စတဲ့

အာဏာရှင်ရဲ့ လုပ်ရပ်တွေဟာ တပ်ထောက်ခံသူတွေလည်း ကိုယ့်မိသားစုဝင်တွေ သေဆုံးပြီး အသက်တွေပေးရ၊ အာဏာရှင်ရဲ့ ဒဏ်ကို ခံစားလာရတဲ့ အက်ကြောင်း က ပိုပြီး ထင်း လာပါတယ်။

မအလ ဟာ ကိုဗစ်ကာလမှာ မိသားစုတိုင်း ဆီက အသက်တွေကို ထပ်ပြီး သတ်ဖြတ်လိုက်တာ နေ့စဉ် ကြောက်စရာ ပမာဏ ရှိပါတယ်။

ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း မှာ တန်ဖိုးထား ကယ်ခဲ့ရတဲ့ လူ့အသက်တွေ အခုတော့ မမြင်ဝံ့အောင် သေဆုံးနေရတာပါ။

ပြည်သူနဲ့ အာဏာရှင်ကြားက အက်ကြောင်း ကတော့ အရင်ကတည်းက ထင်းပြီးသားပါ။

အခုက တပ်ထောက်ခံသူတွေနဲ့ မအလ ကြားမှာကို အက်ကြောင်း ထင်းလာပါတယ်။

ကိုဗစ် ကြောင့်တော်လှန်ရေးဟာ တန့်သွားသလို ရှိပေမယ့် တစ်ကိုယ်စာ အမြင်အရ ပြောရရင် သိပ်မကြာခင် ကိုဗစ်လှိုင်း ပြီးတာနဲ့ အာဏာရှင် ဆန့်ကျင်ရေးဟာ ပိုပြီး ပြင်းထန်လာဖို့ပဲ ရှိပါလိမ့်မယ် … ။

ပေးလိုက်ရတဲ့ အသက်တစ်ချောင်းချင်းစီဟာ အာဏာရှင်ကြောင့် ဆိုတာ ဘယ်သူမှ မေ့သွားမှာ မဟုတ်ပါဘူး …

လွတ်လပ်စွာကူးတင်နိုင်ပါသည်။Credit ပေးရန်မလိုပါတဲ့…..။

  • Leave a Comment