Author: Ka K
အကယ်၍ သင်ဟာ စီးပွားရေး လူမှုရေး ကျန်းမာရေးအဘက်ဘက်မှာ ချို့ယွင်းလာနေပြီလား။ အလုပ်အကိုင်အခက်အခဲဖြစ်နေလား သေချင်လောက်အောင်စိတ်ဓာတ်ကျနေလား ဘဝမှာအခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရပြီလား စိတ်မပူပါနဲ့ မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကိုသာ ယုံကြည်လေးနက်စွာ ပူဇော် လိုက်ပါ။ မဟာသမယသုတ်ပ ရိတ်တော်မြတ်ကြီးကိုစ ပူဇော်ကာစမှာ အလွတ်ရစရာမလိုပါဘူး စာအုပ်ကိုကြည့်ပြီးပူဇော်တတ်ရင်ပဲ ရနေပါပြီ စပြီးပူဇော်ကြည့်ယုံနဲ့မိမိရဲ့စိတ်အနေဘယ်လောက်အေးချမ်း လာတယ်ဆိုတာသိလာရပါမယ်။ ပူဇော်တဲ့သက်တမ်းရလာတာနဲ့အမျှ ဘက်ပေါင်းစုံမှ အဆင်ပြေမှုတွေ တိုးတတ်မှုတွေ မထင်မှတ်ထားတဲ့ကောင်းကျိုးတွေ အများကြီးရလာပါလိမ့်မယ်။ လောကီချမ်းသာတင်ပဲလား မဟုတ်သေးပါဘူးနော် လောကုတ္တရာအတွက်ကြီးမြတ်သောအထောက်အပံ့ကောင်းတစ် ခုကိုမိမိလက်ဝယ်ပိုင်ဆိုင်နေတာကိုလည်းတွေ့လာရပါမယ်။ ကောင်းတဲ့အလုပ်တွေပဲလုပ်ချင်စိတ်ဖြစ်လာပါမယ် ဘဝမှာကောင်းမြတ်သောမျှော်လင့်ချက်တွေနဲ့ရှင်သန်လာပါမယ် ဘဝတိုးတတ်အောင်မြင်မှုကိုပေးစွမ်းနိုင်တာ မဟာသမယသုတ်ပါပဲ။ ဆင်းရဲတွင်းက လွတ်ကင်းစေနိုင်တာလည်း မဟာ သမယသုတ်တော်ပါပဲ လောကအလယ်မှာအထက်တန်းကျကျ မျက်နှာပန်းလှလှ လောကီ လောကုတ္တရာကောင်းမှုကုသိုလ်တွေကို အဆင့်အတန်းမြင့်မြင့် ပြုလုပ်ချင်တယ်ဆိုရင်။ မဟာသမယသုတ် တော်ကြီးကိုသာပူဇော်ကြပါ အေးချမ်းပါလိမ့်မယ် အောင်မြင်လာပါလိမ့်မယ် ထူးခြားမှုတွေကိုတစ်ခုခြင်း တစ်ခုခြင်းရရှိပိုင်ဆိုင်လာရပါလိမ့်မယ်။ မဟာသမယသုတ်တော်ကိုမျိုးကတော့ထူးခြားမှုဖြစ်စဉ် ဘဝမှာကောင်းသောပြောင်းလဲခြင်းများနဲ့ပြည့်စုံစေသော ကြီးပွားချမ်းသာခြင်းအတွက် အကောင်းဆုံးသော သုတ်တော် ကြီးလို့ဘဝမှာမှတ်တိုင်စိုက်ထူပြီးဖြစ်ပါတယ်။ မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကိုနာယူရသောကြောင့် ဘုရားရှင်လက်ထက်တော်မှာကျွတ်တန်းဝင်သွားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေလည်းအများကြီးရှိသလို။ အခုလောကီမှာလည်းကောင်းကျိုးမျိုးစုံစံစားခံစားနေရတဲ့ ထူးခြားတဲ့လူသားတွေလည်းအများကြီးရှိနေတာကြောင့် မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကို ယုံကြည်စွာပူဇော်ကြပါလို့ လေးလေးနက်နက် တိုက်တွန်းလိုက်ပါတယ်။ မဟာသမယသုတ် ပရိတ်တော်ကို သိနေပြီ နာယူနေပြီ ပူဇော်နေပြီဆိုထဲက ထိုပုဂ္ဂိုလ် ဟာ ထူးမြတ်သော လူသားတစ်ယောက် ဖြစ်နေပါပြီလို့။
သင် ဟာ လက္ခဏာဗေဒင်ကို ဝါဿနာပါသူလား။ ကိုယ့်ရဲ့အနာဂတ်အကြောင်းကို သိရမယ်ဆိုရင်လူတိုင်းစိတ်ဝင်စားကြမှာပါ။ တစ်ချို့ဟောချက်တွေက မှန်တာတွေလည်းရှိသလို ၊ အချို့ဖြစ်မလာတဲ့ကိစ္စလေးတွေလည်းရှိပါတယ်..။ ယုံံကြည်သူဖြစ်စေ ၊ မယုံကြည်သည်ဖြစ်စေ ဒီလို လက်ဖဝါးမှာပါတဲ့ X ပုံစံလေးရဲ့ အဓိပ္ပာယ်ကိုတော့ သိချင်သူများအတွက် မျှဝေပေးလိုက်ပါတယ်နော် …။ X ရဲ့အဓိပ္ပာယ် – ပထမဦးဆုံးအနေနဲ့ ပြောပြချင်တာကတော့ မင်းဟာ ပြိုက်ဘက်ကင်းတဲ့ လူတစ်ယောက်ဖြစ်တယ်။ အနာဂတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မယ့် လက္ခဏာ ဖြစ်ပါတယ် …။ ရုရှား STI တက္ကသိုလ်မှပညာရှင်များ လေ့လာချက်အရ လူတွေရဲ့လက္ခဏာဖွဲ့စည်းပုံဟာ ရှုပ်ထွေးပေမယ့် များသောအားဖြင့် ဒီလို Xပုံစံပါတဲ့ လူတွေဟာ ပြိုင်စံရှားဖြစ်သလို အထင်ကရလူတွေအဖြစ်လည်း မြင်တွေ့ရပါတယ် …။ ဒီလူတွေဟာ စိတ်ဓာတ်မာကြောပြီး တိတ်တဆိတ် နေတတ်ကြပါတယ်။ဒီလူတွေမှာ ကမ္ဘာကြီးကိုပြောင်းလဲနိုင်ဖို့အင်အားတွေအများကြီးပါဝင်နေတာကို တွေ့ရတယ် …။သူတို့ဟာသေသွားရင်တောင် နာမည်တွင်ကျန်ခဲ့မယ့် လူတွေဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲ အမြဲတမ်း စောင့်ကြည့်လေ့လာနေတတ်ပြီး တစ်ဖက်သားကလွယ်လွယ်နဲ့လာလိမ်တာမျိုးဆိုလည်း သိနှင့်နေတတ်ပါတယ် …။ ဆဌမအာရုံသိပ်ကောင်းပြီး အနီးမှာအန္တရာယ်တစ်ခုခုဖြစ်တော့မယ်ဆိုရင်လည်း ကြိုတင်သိနေနိုင်တယ်။ အမှန်ကတော့ ပတ်ဝန်းကျင်ကိုလေ့လာအားစိုက်မှုများတာပါ…ကိုယ့်ဘဝကိုယ် မြှင့်တင်နေနိုင်သူတွေဖြစ်ပြီး အနားရှိလူတွေကိုလည်းလက်တွဲကြိုဆိုပြီး ပညာတွေပြန်လည် မျှဝေပေးနိုင်စွမ်းရှိပါတယ် …။ ပြောပါဦး…စာဖတ်သူများဆီမှာရော ဒီလို X ပုံစံပါနေရဲ့လား ။ ရှိနေတယ်ဆိုရင်တော့ မင်းဟာ ကံကောင်းတဲ့လူတစ်ယောက် ဆိုတော့ ဂုဏ်ယူလိုက်ပါနော် …။ ။ ယခု မေလအတွက် ထီကံအရမ်းကောင်းသူများ ဖြစ်ပါတယ် ထီထိုးဖို့မမေ့ပါနဲ့နော်။ သူဌေးလောင်းများအားလုံး ကျန်းမာချမ်းသာပါစေခင်ဗျာ။ Credit to Original Writer
အခက်အခဲတွေနဲ့ အရမ်းကြုံနေရရင် ဒီဂါထာလေးရွတ်ကြည့်ပါလား…? တစ်နေ့ ( ၇ ) ခေါက် ပုံမှန်ရွတ်ရုံနဲ့ထူးခြားပါလိမ့်မယ်။ ” ဝေဒါသာကု၊ ကုသာဒါဝေ ဒါယသာတ၊ တသာယဒါ၊ သာသာဓိကု၊ ကုဓိသာသာ ကုတကုဘု၊ ဘုကုတကု ” ဂါတာတော်အနက် ————————- ဝေ = ငါ၏ရန်သူ ဟူသမျှတို့သည်၊ ဒါ = ဝေးစွာသော အရပ်သို့၊ သာ = လျင်စွာ၊ ကု = ပြေးကုန်သတည်း။ ကု = ငါ့အား မကောင်းသဖြင့် ကြံကုန်သောသူတို့သည်၊ သာ = မိမိအလိုလို၊ ဒါ = အကြံအစည် ပျက်သောအားဖြင့်၊ ဝေ = ပျောက်စေကုန်သတည်း။ ဒါ = ငါ၏ ဒါန စေတနာတို့ကြောင့်၊ ယသာ=အခြံအရံ အကျော်အမော်တို့သည်၊ တ = ပွါးများ စေကုန်သတည်း။ တသာ=ငါပြုမိသော အကုသိုလ် ၁၀ပါးတို့သည်၊ ယ = ငါပြုမိသော ကုသိုလ် ၁၀ပါး၏ တန်ခိုးတော်တို့ကြောင့်၊ ဒါ =ပြေပျောက်စေကုန်သတည်း။ သာ = စက်ဆုပ်ဖွယ်သောသူတို့အားလည်းကောင်း သာ = အမျက်မာန ဒေါသရှိသော သူတို့အားလည်းကောင်း ဓိ = ဆုံးမသြဝါဒ ပေးခြင်းဖြင့်သာလျှင်၊ ကု = အောင်မြင်စေသတည်း။ ကု = ထိုထိုသော အမျက်မာန မာန်တက်သူတို့နှင့် ဓိ = ရှည်မြင့်စွာ သာ =မပေါင်းဖော်ရသည် သာ = ဖြစ်ပါစေသတည်း။…
ယူရစ်အက်ဆစ်ကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက် သက်သာစေတဲ့ဆေးတစ်လက် သင့်ခံစားနေရတဲ့ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါ တွေ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရာကယူရစ် အက်ဆစ်ကိုယ်ထဲမှာ များနေလို့ ဖြစ်ရတာပါတဲ့ ဒီဆေးနည်းလေးကတော့ ဂေါက်ရောဂါသာမက အစာအိမ်နာရောဂါ၊ ချောင်းဆိုးရောဂါ တွေကိုပါ ပျောက်ကင်းစေပါတယ်။ Mr. Liuရဲ့ လက်တွေ့ သောက်သုံးပြီး ပျောက်ကင်းထားတဲ့ ဆေးနည်းတစ်လက်ပါ။ သူရော သူ့အသိမိတ်ဆွေပါလက်တွေ့သောက်သုံးပြီး ရောဂါဝေဒနာခံစားရမှု့မှ ကင်းဝေးပါတယ်တဲ့။ ဘေးအန္တရယ် မဖြစ်စေတဲ့ သဘာဝ အံသြဖွယ် ဆေးတစ်လက်လည်းဖြစ်တာကြောင့်ဦးဝိနယမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ဆေးနည်းလေးကတော့.. သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်မှာလှီးဖြတ်ထားပါ။ အထဲမှာရှိတဲ့ သင်္ဘောအစိတွေကို ဖယ်ထုတ်လိုက်ပါ။ ပြီးရင်တော့ဆူပွက်နေတဲ့ ရေနွေးများကို အထဲမှာ လောင်းထည့်လိုက်ပါ။ လက်ဖက်ခြောက်အနည်းငယ်ကို ထည့်ထားပါ။ လှီးထားတဲ့ ထိပ်ပိုင်းနဲ့ ခဏလောက်ပြန်ပိတ်ထားပါ။ ဖွင့်ရလွယ်ကူအောင် သွားကြားထိုးတံလေးနဲ့ထိပ်ကို ထိုးထားရင် ပိုပြီး အဆင်ပြေပါတယ်။ ဒီသင်္ဘောသီးစိမ်း လက်ဖက်ရည်နွေးကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့်ယူရစ်အက်ဆစ်မြင့်မားမှု့ကြောင့် ခံစားနေရတဲ့ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါတွေကို၊ သက်သာပျောက်ကင်းစေပါတယ်။ သင့်ရဲ့ ယူရစ်အက်ဆစ် ပုံမှန်အခြေအနေဖြစ်သွားရင်တော့ ရောဂါဟောင်းဖြစ်ပွားမှု့မှ ရှောင်ရှားရန် တစ်လကို ၁-၃ ကြိမ်ထိ သောက်သုံးပေးပါ။ မိတ်ဆွေများအားလုံးရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ ဦးဝိနယတော့ လက်တွေ့သောက်သုံးနေပါပြီ။ သင်္ဘောသီးလေးက ရေနွေးမာ့ခွက်တခွက်စာ ကွက်တိဆန့်တာမို့ တော်တော်လေးကို အဆင်ပြေပါတယ်ဗျာ..။ ဦးဝိနယ(နတ်မောက်နယ်ဘွား)
“ခြင်္သေနဲ့ကျားအတူထားဆွေသားမိတ်ဖက် စီးပွားတက်” မိမိအိမ် မိမိစျေးဆိုင်စီးပွားတက်စေဖို့ ငွေရှာရလွယ်ကူစေဖို့ အင်္ဂါနံ ဆန်နဲ့ တနင်္လာနံငွေ ကို အတူယှဉ်တွဲထားရပါတယ်။ ဖန်ခွက်နဲ့ဖြစ်စေ ၊ လင်ဗန်းနဲ့ဖြစ်စေ၊ ကြွေပန်းကန်နဲ့ ဖြစ်စေ၊ ပြည်တောင်းနဲ့ဖြစ်စေ ဆန်နဲ့ငွေကို အတူယှဉ်တွဲထားပြီးဓာတ်ဆင်ထားရပါတယ်။ ပြုလုပ်ရမယ်အချိန်က- မိမိမွေးနေ့၉နာရီမှ ၁၀နာရီခွဲအတွင်း ပြုလုပ်ပေးပါ ၁လလုံး အိမ်မှာဆိုလည် အဆင်ပြေသော နေရာလေးမှာထားပေးပါ။ စျေးဆိုင်မှာဆိုလည်း လူမြင်သာတဲ့ကောင်တာမှာ တင်ထားပေးလို့ရပါတယ်။ ၁လပြည့်ပါက အိတ်တစ်ခုထဲ ဆန်ကောငွေကော ရောထည့်ပြီး မည်သူကို မဆို ဒါနကုသိုလ်အဖြစ် လှူဒါန်းနိူင်ပါတယ်။ ထိုသို့လှူ ဒါန်းပေးခြင်းဖြင့် သင်တို့ရဲ့မိတ်ဖက်ဆွေသားဆိုတဲ့ စီးပွားကို အထူးတိုးတက်စေပါတယ်။ နောက်လတွင်လည်း ဒီအတိုင်းထပ်မံ ဓာတ်ဆင် ထပ်မံလှူ ဒါန်းပေးပါ။ မေတ္တာဖြင့် ပြန်လည်မျှေ၀ပါသည်။ကောင်းကျိုး ကိုယ်၌ တည်ပါစေ။ ဓမ္မတရားဖြင့် အလင်းဆောင်သူ ဖြစ်ပါရစေ။ Credit – မူရင်းရေးသားတင်ပြသူ
တမာပင်က နို့ရည်ထွက်တယ်ဆိုတာ အမှန်တရားလား၊ စဉ်းစားစရာ မေးခွန်းတွေကတော့ နှစ်တိုင်း ဒီအချိန်ရောက်တိုင်း တမာပင်ကနေ နတ်ကြီးလို့ နို့ရည်ထွက်တယ်ဆိုတဲ့ စကားတွေ ကြားနေရပါတယ်။ ဒါပေမယ့် တကယ်တမ်း နို့စစ်စစ် ဖြစ်နိုင်ပါသလား၊ သိပ္ပံနည်းကျ ဘယ်လိုရှင်းပြနိုင်မလဲ၊ ဘာသာရေးအယူအဆနဲ့ရော ဘယ်လိုသဘောထားကြမလဲ၊ သိပ္ပံနည်းကျ စဉ်းစားကြည့်ရင် တိရစ္ဆာန်နို့ရည်စစ်စစ်မှာ အောက်ပါဓာတ်တွေ ပါဝင်ပါတယ်။ ပရိုတင်းများ၊ အဆီဓာတ်များ၊ ကာကွယ်ရေးပရိုတင်းများ၊ ဗီတာမင်များနဲ့ သတ္တုဓာတ်များ တမာပင်က ထွက်တဲ့အရည်က ပင်စည်ထဲက သိုလှောင်ထားတဲ့ ရေသာဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့အကျိတ်ကနေ စိမ့်ထွက်လာတာပါ။ တပတ်လောက်သာ ကြာတတ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ (၁) တမာပင်ကြီးတွေက အမြစ်ကနေရေကို စုပ်ယူသိုလှောင်ထားပါတယ်။ (၂) ဘက်တီးရီးယားကြောင့် အကျိတ်တွေဖြစ်လာပါတယ်။ (၃) စိုထိုင်းဆများချိန်မှာ အကျိတ်တွေကွဲပြီး အရည်ဖြူဖြူတွေ ထွက်လာတာပါ။ ပြောချင်တာကတော့ တမာပင်က နတ်ကြီးလို့ နို့ရည်ထွက်တယ်လို့ ယုံကြည်နေတာဟာ သိပ္ပံနည်းကျ မဟုတ်သလို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သရဏဂုံတရားကိုလည်း ထိခိုက်စေပါတယ်။ စဉ်းစားကြည့်ရအောင် သဘာဝတရားကို သိပ္ပံနည်းကျ လေ့လာခြင်းက ပိုမိုကောင်းမွန်ပါတယ်။ အယူအစွဲတွေကို ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့အသိပညာကို ဝေမျှခြင်းက ပတ်ဝန်းကျင်အတွက် အကျိုးရှိပါတယ်။ #တမာပင် #နို့ရည်
ဆီးချိုဖြစ်တာ နှစ်၂၀ ရှိပြီဖြစ်တဲ့ အမေ ပျောက်တဲ့အတွက် ဆေးနည်းဒါနပြုတာပါ။ ဤဆေးနည်းကိုဖြန့်ဝေပါတယ် လိုအပ်သော ပစ္စည်းမှာ ရဲယိုရွက် နှင့် ဥသျှစ်သီးပါ ။ ” ပြုလုပ်ပုံ ” ရဲယိုရွက် ၉ ရွက် နှင့် ဥသျှစ်သီး ၂ လုံး ကို ရေနှင့်ပွက်ပွက်ဆူအောင် ကျိုပါ ။ ရေ ၆ ပုလင်း သို့ ၁၀ ပုလင်း ခန့် နှင့် ထည့်ကျိုပါ။ ပွက်ပွက်ဆူပြီး အရောင်ရင့်ရင့် ပယင်းရောင်ဖြစ်လျှင် ရပါပြီ ။ တရက် လက်ဖက်ရည်သောက်ခွက်၂ခွက်ခန့်သောက်ပါ။ မနက်တခွက် ညတခွက်သောက်ရပါမယ် ။ အမေ ပျောက်တဲ့အတွက်ဆေးနည်း ဒါနပြုတာပါ။ ဥသျှစ်သီး အစိုဖြစ်စေ အခြောက်ဖြစ်စေ သုံးစွဲနိုင်ပါသည်။ ဆီးချိုအတွက်သောက်သုံးရန်ဖြစ်ပါတယ် ။ ပိုစ့်တင်သူရဲ့မိခင်နှစ်၂၀ကျော်ဆီးချိုရောဂါဖြစ်နေတာ ရဲယိုရွက်နဲ့ဥသျှစ်သီးခြောက်နှစ်မျိုး ကျိုချက်ပြီး မနက်တခွက် ညအိပ်ရာဝင်တခွက် သောက်ရပါတယ် ။ တခါချက်လျင် ၃ရက်၄ရက်စာ ချက်ရပါတယ် ။ ဥသျှစ်သီး နှင့် ရဲယိုရွက် ကို အစိုရရ အခြောက်ရရ အာနိသင်ရှိတာ တူပါတယ် ။ ။ ဥသျှစ်သီး၏ ကျန်းမာရေး စွမ်းပကား ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဥသျှစ်သီးက မှည့်သွားတဲ့အခါ ဆေးဖက်ဝင်တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။ ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဗီတာမင်စီချို့တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။ အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း…
ဂမုန်းဆိုတဲ့ အပင်မျိုးနွယ်လေးကတော့ မြန်မာလူမျိုးတွေအတွက် သိပ်မစိမ်းတဲ့အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ခြုံငုံ ခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေက အပင်ကြီးတွေမှာ တွယ်ကပ်ပေါက်တက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ရှေးခေတ်က မြန်မာလူမျိုးတွေဟာ ဂမုန်းပင်လေးတွေကို စီးပွားလာဘ်လာဘ တိုးတက်ဖို့၊ ရာထူးအာဏာ တိုးတက်ဖို့၊ ဧည့်ကောင်းဆောင်ကောင်းလာဖို့၊ မီးကွင်းဖို့၊ သူခိုး-ဓားပြ အန္တရာယ်ကင်းဖို့ ဆိုပြီး ခြံဝန်းထဲမှာ စိုက်ပျိုးခဲ့ကြသလို အခုခေတ်မှာတော့ အိမ်တွင်းအပင်လေးတွေ အဖြစ်ပါ စိုက်ပျိုးလာကြပါတယ်။ ဒါက ပြဿနာမဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာမှ အိမ်တွင်းမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ အပင်တွေကလည်း ရှိနေပါတယ်။ အဲအပင်(၃)မျိုးကို စိုက်ပျိုးရေးဝါသနာရှင်တွေ သထိထားဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဆင်စွယ်ဂမုန်း ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှ တစ်ပင်ချင်းပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်းတူပါတယ်။ ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကို စီးပွားလာဘ်လာဘဖြစ်စေတဲ့ ဂမုန်းမျိုးမဟုတ်ပဲ အမျိုးသားတွေ ဒီအပင်ကို ကျော်ဖြတ်မိပါက အူကျခြင်းကို ဖြစ်စေတက်တယ်လို့ တချို့ကလည်း ပြောကြပါတယ်။ ဒါ့အပြင် ငါးရံ့၊ ငါးကွင်းနှင့် ဆင်စွယ်တစ်ထောင့် ရောချက်ပါက ဒူလာသွေးဝမ်းပျက်တယ်လို့လည်း ပြောကြပါတယ်။ ဆင်စွယ်ဂမုန်းစိုက်ပျိုးပြီး စီးပွားတက်လာပါက တစ်ဦးနဲ့တစ်ဦး အကြောင်းမရှိပဲ ရန်လိုခြင်း၊ မိသားစုအတွင်း ပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခု ဖြစ်တက်ခြင်း၊ ဘေးရန်များခြင်း စတဲ့ စိတ်သောကမျိုးစုံဖြစ်ပွားတက်တဲ့ ဂမုန်းပင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂမုန်း စိုက်ပျိုးသူတွေအနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့ အထူးရှောင်ကြဉ်စေချင်ပါတယ်။ ၂။ ဆင်ဂမုန်း ဆင်ဂမုန်းရဲ့ အရွက်ဟာ ကွမ်းရွက်နဲ့ပုံစံတူပြီးတော့ အရွက်ထူပြီး အစိမ်းရံကို အဝါဖောက်ထားတဲ့ ပုံစံမျိုးပါ။ ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည်မှန်သော်လည်း…
လွယ်လွန်းလို့ဆိုပြီး ဆေးနည်းကိုအထင်မသေးပါနဲ့ ( ဒုတိယအကြိမ် ) ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ သားအိမ် ကင်ဆာ ၊အူမကြီးကင်ဆာအသည်းကင်ဆာ ၊စသည့်ကင်ဆာမျိုးစုံလေးဘက်နာ၊လေဖြတ်လေငန်းရောဂါအစရှိသည့်ရောဂါဝေဒနာများအတွက် ပျဉ်းမဖြူ အမြစ် ပျဉ်းမဖြူ မြစ်ကို ဆန်ဆေးရေနဲ့သွေးသောက်ရုံပါ၊ တစ်ရက်( ၂)ကြိမ် ဟင်းစားဇွန်းတစ်ဇွန်းစာ ရောဂါဝေဒနာပျောက်ကင်းသည်ထိသောက်ပေးပါ။ ➳ မည်သည့်ဆေးမြစ်/ခေါက်ကိုမဆိုသန့်စင်ဆေးကြောပြီးရေနွေးဆူဆူမှာ(၁၅)မိနစ်ခန့်ပြုတ်၍ဖြစ်စေ ပေါင်းအိုးထဲထည့်ပေါင်း၍ဖြစ်စေ ပိုးသတ်ပြီးမှအသုံးပြုသင့်ပါသည်။ {တစ်နည်း} အသည်းကင်ဆာ သမားများပျဉ်းမဖြူ အခေါက်နှင့် နလင်ကျော် နှစ်မျိုးကိုဆန်ဆေးရေနှင့် သွေးပြီးတစ်ရက်နှစ်ကြိမ်ဟင်းစားဇွန်း တစ်ဇွန်းစာဝေဒနာသက်သာသည်ထိ နေ့စဉ်သောက်ပေးပါ။လေဖြတ်သူများ လိမ်းလည်းလိမ်းသောက်လည်းသောက်ပါ။ ဒူးနာ ခါးနာ ဇက်ကြောတက်ညောင်းညာကိုက်ခဲသူများ အခေါက်သွေးလိမ်းရုံနှင့်ပင် သက်သာပျောက်ကင်းပါသည်။